နိုင်ငံရေးလောကအတွက် မုဒြာခေါ်သံ

0
624

ဒီကနေ့ မြန်မာ့ရုပ်ရှင်လောကနဲ့ ဖေ့စ်ဘွတ်တွေမှာ ရေပန်းစားနေတဲ့ အကြောင်းအရာတစ်ခုကတော့ ဥပါယ် တံမျဉ်၊ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ် ကားများကို အကြောင်းပြုလို့ဖြစ်ပေါ် လာတဲ့ ဂယက်တွေပဲဖြစ်တယ်ခင်ဗျ။
ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာ့ ရုပ်ရှင်အကြောင်း သိပ်ပြီးစိတ်မဝင်စားတဲ့ ဗြတ်စာလည်း ဒီတစ်ကြိမ်တော့ အတော် လေးကို စိတ်ဝင်စားမိပါသဗျ။ စိတ်မဝင် စားဘူးပြောရတာက ပေါတောတောရုပ် ရှင်ကားတွေ များလာလို့ရယ်။
ရိုက်ပြတာက နည်းနည်း၊ ပြော လိုက်တဲ့ စကားလုံး ကြီးကြီးကျယ်ကျယ် တွေကို နားထောင်ရတာခါးလာလို့ မကြည့်ဖြစ်တော့တာ ခင်ဗျ။ ယုတ်စွ အဆုံး အကယ်ဒမီပွဲလို့ခေါ်တဲ့ မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတောင် အချိန်ပေး ပြီး မကြည့်တော့တာ ကြာလှ ပေါ့ခင်ဗျာ။ မြန်မာ့ရုပ်ရှင်လောကမှာ အလှည့်ကျ ပေးနေသလား ထင်ရလောက်အောင်ဖြစ် နေတဲ့ အကယ်ဒမီပွဲကလည်း ဗြတ်စာတို့ ငယ်တုန်းကလောက် စိတ်ဝင်စားဖွယ် မကောင်းတော့တာ အမှန်ပဲခင်ဗျ။

ခုတော့ မြန်မာ့ရုပ်ရှင်တွေကို ဥ ပါယ်တံမျဉ်နဲ့ မုဒြာကြောင့် ပြန်လည် နိုးထ စိတ်ဝင်စားလာရပါသဗျ။ ဒီဇာတ် ကားတွေမကြည့်ရခင် နမူနာဗီဒီယို ကလစ်တွေ၊ ပညာရှင်တွေ၊ ပရိသတ်တွေ ရဲ့မှတ်ချက်တွေ၊ ရုပ်ရှင်ဇာတ်ကား ဖန်တီးသူတွေရဲ့ မှတ်ချက်စကားတွေကို အသေးစိတ်နားထောင်ပြီး ဖန်တီးသူတွေ ရဲ့ ကြိုစားအားထုတ်မှုတွေကို အသိ အမှတ်ပြု လေးစားမိပါသဗျ။ ရုပ်ရှင် ဇာတ်ကား ဖန်တီးသူ ခရစ်တီးနားခီ၊ သရုပ် ဆောင်ဇဏ်ခီတို့ အပါအဝင် သရုပ်ဆောင် တွေရဲ့ ပြောစကား၊ ဟန်အမူအရာတွေကို ကြည့်ပြီး သူတို့ရဲ့ပညာနဲ့ ရိုးသားမှုကို တွေ့ရပါတယ်ခင်ဗျ။ သူတို့ရဲ့ပြောစကား တွေအရ ရုပ်ရှင်အတတ်ပညာကို စနစ် တကျ သင်ယူတတ်မြောက်ထားတယ်ဆို တာကို တွေ့လိုက်ရတဲ့အပြင် လူငယ် တွေရဲ့ မဆုတ်မနစ်တဲ့ အားမာန်တွေကို လည်း တွေ့လိုက်ရပါသဗျ။

ဒီလိုလူငယ်ခြေတက်ပညာရှင်လေး တွေဝင်လာတော့ သူတို့အပေါ် ပရိသတ် ရဲ့ ထောက်ခံအားပေးမှုက ခေါက်ရိုးကျ၊ မဲပြာပုဆိုး လုပ်စားနေတဲ့ ရုပ်ရှင်သမား အချို့အတော်လေးကို မခံချိမခံသာ ဖြစ် သွားစေပုံရပြီး နောက်ဆုံး မြန်မာ့ရုပ်ရှင် လောက တစ်ခုလုံး အုံးအုံးကျွက်ကျွက် ဖြစ်သွားတဲ့အထိပဲ ခင်ဗျ။ ဘာပဲဖြစ်ဖြစ် ပရိသတ်ကတော့ နေရာပေး၊ အသိအမှတ် ပြုလိုက်ကြပြီဆိုတာကတော့ အသေ အချာပါပဲ။
ကဲ . . ဗြတ်စာအဓိက ပြောချင် တာက ခုမှစမှာ ခင်ဗျ။

ဗြတ်စာတို့ မျက်မှောက်နိုင်ငံရေး လောကနဲ့ ချိန်ထိုးကြည့်ရင်လည်း နိုင်ငံ ရေးလောကမှာ ပညာတတ်လူငယ်နိုင်ငံ ရေးသမားတွေ လိုအပ်တယ်ဆိုတာ တွေ့ရမှာဗျ။ ပညာတတ်နိုင်ငံရေးသ မားဆိုတာထက် နိုင်ငံရေးသိပ္ပံပညာတတ် လူငယ်နိုင်ငံရေးသမားလို့ ဆိုချင်ပါသ ဗျ။ ဒီကနေ့ နိုင်ငံရေးသမားအများစုကို ကြည့်လိုက်ရင် နိုင်ငံရေးစိတ်ဓာတ်ပြင်း ထန်တက်ကြွမှု အခြေခံနဲ့ နိုင်ငံရေးလော ကထဲ ဝင်ရောက်လာသူတွေများပြီး အချို့ ကလည်း ဟိုမျက်နှာဒီမျက်နှာနဲ့ နိုင်ငံ ရေးပညာမသိဘဲ ဝင်ရောက်နေရာရလာ တာမျိုးလည်း တွေ့ရပါသဗျ။ ဒါကြောင့် လည်း ဗြတ်စာတစ်ခါက ဆပ်ပြာကောင်း လို့ ခေါင်းပေါင်းဖြူသူများလို့ တို့ထိရေး ဖူးပါသဗျ။

တစ်ခါတစ်ခါတော့လည်း စဉ်းစား ကြည့်ရင် ဗြတ်စာတို့ နိုင်ငံရေးလောကဟာ မြန်မာ့ရုပ်ရှင်လောကနဲ့များ တူနေသလား လို့ပါ။ စနစ်တကျ သင်ယူထားတဲ့ ရုပ် ရှင်ပညာဝမ်းစာ လောက်လောက်လား လား မယ်မယ်ရရ မရှိဘဲမင်းသား၊ မင်းသမီးဖြစ်။ ရိုက်ကွင်း အတွေ့အကြုံ လေးနည်းနည်းရလာတာနဲ့ ဒါရိုက်တာ လုပ်။ ဇာတ်ညွှန်းကို ဖြစ်ကတတ်ဆန်း လက်ပူတိုက်ရေး။ လူကြိုက်များဖို့ရာ အဓိက။ စကားလုံးတွေ လှလှပပကြီးကြီး ကျယ်ကျယ်ပြော။ တကယ်တမ်းဇာတ် ကားထွက်လာတော့ ပေါကားတွေပဲဖြစ်။ ခုဗြတ်စာတို့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး ကလည်း ဒီလိုပုံစံမျိုးပဲလို့ ဗြတ်စာ ထင်မိ ပါတယ် ခင်ဗျ။

ဟုတ်ကဲ့…ပြောနေကျအတိုင်း ပြော ရမယ်ဆိုရင် ဒီလိုဖြစ်နေရတာကလည်း အရင်အစိုးရတွေကြောင့်ပါ ခင်ဗျ။
ဟဲ…ဟဲ..။
အရင်အစိုးရတွေက နိုင်ငံရေးသင်း သတ်ခဲ့လို့ နိုင်ငံရေးပညာတွေ မသိဖြစ် ခဲ့ရတာဗျ။ ကဲ . . ဗျာ။ ခု ပြည်သူအများစု မဲ ပေးရွေးချယ်ထားတဲ့ ဒီမိုကရေစီအစိုးရ ခေတ်ရောက်လို့ နှစ်နှစ်တောင်မှ လွန် မြောက်ခဲ့ပြီ ခင်ဗျ။ အသိပညာ၊ အတတ် ပညာတွေ မြှင့်တင်ပေးမယ့်၊ ပြန်ပြောင်း ပေးမယ့် သင်ရိုးညွှန်းတမ်းတွေ မတွေ့ရ သေးတာ၊ ကျောင်းတွေမှာ နိုင်ငံရေးသိပ္ပံ (မဆလ ခေတ်ကလို နိုင်ငံရေးသိပ္ပံမဟုတ်)သင်ကြားမယ့် အရိပ်အယောင်၊ အစီအမံ တွေလည်း မတွေ့ရသေးတာ အံ့ဩစရာ ပါခင်ဗျ။ ပြောင်းလဲနေတုန်း၊ အချိန်ယူရ မယ်ဆိုပေမဲ့ တချို့ကိစ္စတွေက ဟန်ချက် ညီပြောင်းလဲဖို့ လိုပါသဗျ။

ခုတော့ မရောင်ရာဆီလူး ကိစ္စတွေနဲ့ လုံးလည်လိုက်၊ စင်မြင့်ပေါ်က မဆင်း ခင်လေး အိုစာမင်းစာလေး ကျန်အောင် လုပ်နေတာနဲ့တင် အနာဂတ်လူငယ် နိုင်ငံ ရေးသမားတွေအတွက် လမ်းခင်းပေး ဖို့တောင် အချိန်မရတာ စိတ်ပျက်ဖွယ် တွေ့ရပါသဗျ။
မကြာခင်နှစ်မှာ ကြုံတွေ့ရတော့မယ် ၂၀၂၀ အတွက် မဲဆွယ်ပွဲတွေမှာ နိုင်ငံရေး ပညာတတ် လူငယ်နိုင်ငံ ရေးသမားတွေ မြင်ချင်ပါတယ်ခင်ဗျ။ ဝါသနာပါတဲ့ လူငယ်တွေအနေနဲ့လည်း ခုကတည်းက အပတ်တကုတ် လေ့လာဆည်းပူးထား ကြရမှာ ဖြစ်သလို တချို့ကလည်း လေ့ လာ ဆည်းပူးထားပြီးသားပညာတွေကို ဖြန့်ဝေ၊ မျှဝေထားဖို့ လိုမယ်ခင်ဗျ။

ဒါမှလည်း ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူသူများနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်၊ အစိုးရနဲ့ ဗြတ်စာတို့ ကင်း ဝေးရမှာ ဖြစ်သလို၊ လစာလေး အငြိမ့် သားယူ အသံတိတ်နေတဲ့ အမတ်တွေနဲ့ လည်း ကင်းဝေး၊ စကားတွေ ရှေ့နောက် မညီလျှောက်ပြောတတ်တဲ့ အစိုးရတာဝန် ရှိသူမျိုးနဲ့လည်း ကင်းဝေးတဲ့ဘ၀ကို ရောက်မယ်ခင်ဗျ။
ကဲ…ဒါကြောင့်မို့ ဗြတ်စာတို့ စိတ် ဝင်စားတဲ့ နိုင်ငံရေးလောကမှာလည်း တကယ့်အရည်အသွေးပြနိုင်တဲ့ နိုင်ငံရေး သမားကောင်းတွေ ပေါ်ထွက်လာအောင် ကြိုးပမ်းနိုင်မယ့် အခင်းအကျင်းတွေ၊ အစီအမံတွေ ပေါ်ထွက်လာနိုင်ပါစေ ကြောင်း တိုက်တွန်းလိုက်ရင်းနဲ့ နိုင်ငံ ရေးလောကအတွက် တုန်လှုပ်စေမယ့် မုဒြာခေါ်သံတွေ ကြားနိုင်ပါစေကြောင်း ဆုတောင်းမိပါရဲ့ဗျာ။