တနင်္သာရီကျေးရွာအချို့မှ ဒေသခံ တစ်ရာကျော် စုပေါင်းသွေးလှူ

0
424

တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့ မှ ဒေသခံတစ်ရာကျော် စုပေါင်းကာ မြိတ်ဆေးရုံကြီး သွေးလှူဘဏ်တွင် မတ် လ ၁၄ ရက်က သွေးလှူဒါန်းခဲ့ကြသည်။
မြိတ်မြို့ပေါ်ရှိ လောဟိတဒါနသွေး အလှူရှင်အသင်းက ဦးစီးကာ မြိတ်မြို့ နယ် သက္ကကျင်း၊ တောတန်း၊ မင်းသန်း ကျေးရွာနှင့် တနင်္သာရီမြို့နယ် ဇဝဲ၊ ဘန်းလမော်ကျေးရွာနေ ရွာသူ / သား ၁၂၀ ကျော်တို့က လှူဒါန်းခဲ့ကြောင်း ယင်းအသင်းထံမှ သိရသည်။

“တချို့ရွာမှာဆိုရင် အမျိုးသမီး တွေ လှူတာများတယ်၊ အမျိုးသားတွေက နည်းတယ် ရှာလို့တောင် မတွေ့ဘူး” ဟု လောဟိတဒါန သွေးအလှူရှင်အသင်း ဥက္ကဋ္ဌ ဦးခင်ဇော်က ပြောသည်။
လူနာများ လိုအပ်သည့် သွေးကို ဖြည့်ဆည်းပေးလိုသည့်စိတ်ဖြင့် ပါဝင် လှူဒါန်းဖြစ်ခဲ့ကြောင်း ဇဝဲကျေးရွာနေ သုံးကြိမ်မြောက် သွေးလှူဒါန်းခဲ့သူ မပပလင်းက ပြောသည်။

လောဟိတဒါန သွေးအလှူရှင် အ သင်းသည် မြိတ်ဆေးရုံကြီးတွင် သင်္ကြန် ကာလအပါအဝင် စုပေါင်းသွေးလှူဒါန်း နေသည်မှာ လက်ရှိအချိန်အထိ ၁၃ ကြိမ် မြောက်ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။