တနင်္သာရီတိုင်းတွင် ရင်းနှီးမြှုပ်နှံရန် ဥရောပနိုင်ငံများ စိတ်ဝင်စားလာ

0
459

တနင်္သာရီတိုင်းတွင် ရင်းနှီးမြှုပ်နှံ ရန် ဥရောပနိုင်ငံများ စိတ်ဝင်စားလာကြ ပြီး ခပ်စိပ်စိပ် လာရောက်လေ့လာနေကြ ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA) တနင်္သာ ရီတိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာ ထွန်းထွန်းက ပြောကြားသည်။

ယခုမတ်လအတွင်း နယ်သာလန် နိုင်ငံ၊ ချက်သမ္မတနိုင်ငံနှင့် ကနေဒါနိုင်ငံ တို့မှ သံအမတ်ကြီးများက တနင်္သာရီ တိုင်း၏ ရင်းနှီးမြှုပ်နှံမှု အလားအလာများ ကို လာရောက်လေ့လာပြီး ဆွေးနွေးခဲ့ကြ ကြောင်း DICA တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းထွန်းက ဆိုသည်။
“အရင်ကဆိုရင် တနင်္သာရီကို လာလေ့လာတာ မရှိဘူး၊ အခုက ရေနက် ဆိပ်ကမ်းကို ဦးတည်တာလို့ ထင်တယ်” ဟု ဒေါက်တာ ထွန်းထွန်းက ပြောသည်။

လာမည့် ဧပြီလတွင်လည်း ပြင် သစ်နိုင်ငံမှ သံအမတ်ကြီးနှင့်အဖွဲ့ လာ ရောက်မည်ဖြစ်ပြီး ၎င်းတို့လာရောက် လေ့လာမှုများကို မိခင်နိုင်ငံအသီးသီးထံ ပြန်လည်အစီရင်ခံမည်ဟု သိရကြောင်း ၎င်းက ဆိုသည်။
ယခင်က တနင်္သာရီတိုင်းသို့ ဂျပန်၊ တရုတ်၊ ထိုင်း စသည့်အာရှနိုင်ငံများမှ သံအမတ်ကြီးများ လာရောက်မှုများရှိ သော်လည်း ဥရောပနိုင်ငံများက လာ ရောက်မှု နည်းပါးကြောင်း DICA ထံမှ သိရသည်။