ငွေထုပ်ခိုးသူဟု ယူဆရသူကို ခြောက်ရက်အကြာတွင် ဖမ်းမိ

ကားရှေ့ခန်းတွင် ထည့်ထားသည့် ငွေထုပ်ကို ခိုးယူသူဟု ယူဆရသူ အမျိုး သားကို အခင်းဖြစ်ပြီး ခြောက်ရက်အကြာ တွင် ဖမ်းမိခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက် မွန်းလွဲပိုင်းတွင် ဘဏ်မှထုတ်လာသည့် ငွေကျပ် ၃၄၀ သိန်းကို ကားရှေ့ခန်း ထိုင်ခုံတွင် တင်ကာ နေအိမ်ခြံတံခါးဖွင့် စဉ် Click I ဆိုင်ကယ်စီးလာသည့် ကရပ်ပြင်မြောက်ရပ်ကွက်နေ အမျိုးသား က ခိုးယူထွက်ပြေးခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။
“ငွေထုပ်ကို ဆိုင်ကယ်ပေါ် တင်ပြီး နေပြီ၊ ဘေးက လူတွေမြင်လို့ သူခိုးလို့ ဝိုင်းအော်ပြီး ထိုးကြိတ်ကြလို့ ငွေထုပ် ကျန်ခဲ့တာ”ဟု ထားဝယ်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ငွေထုပ်ခိုးယူသည့် အမျိုးသားတွင် ဆိုင်ကယ်ဦးထုပ်ဆောင်းထားပြီး မျက် နှာကို နှာခေါင်းပိတ်တပ်ထားကာ ဝိုင်း ထိုးကြိတ်သောကြောင့် ဆိုင်ကယ်ဦးထုပ် ကျွတ်သွားခဲ့ရာမှ မည်သူမည်ဝါဟု သိခဲ့ရ ကြောင်း အဆိုပါ ရဲအရာရှိက ဆိုသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မတ်လ ၃ ရက်တွင် ကရပ်ပြင်ရပ်ကွက်ရှိ ခိုးမှု ကျူးလွန်သူ၏ နေအိမ်တွင် ဖမ်းမိခဲ့ပြီး နေအိမ်အတွင်း ခိုးယူမှုဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။

Related Posts