ခြေလေးချောင်းတော်လှန်ရေး (၂၀)

ယခင်အပတ်မှ အဆက်

တိရစ္ဆာန်တို့သည် မောပန်းကြသော် လည်း ဓါတ်မီးစက် အဆောက်အဦကို သူတို့ဟာသူတို့ကြည့်၍ ဝမ်းသာခြင်းမက ဝမ်းသာလှသဖြင့် ပတ်ချာလှည့်ကာ ပျော် ပွဲဆင်ကြသည်။ ဓါတ်မီးစက်မှာ ယခင် ပျက်သွားသော ဓါတ်မီးစက်ထက်ပင် ပို၍ ရှုချင်ဖွယ်ရှိသည်ဟု ထင်ကြသည်။ သည်တခါတော့ ဒိုင်းနမိုင်းနှင့် ဖေါက်ခွဲ၍ မပစ်ဘဲ ပျက်နိုင်တော့မည်မဟုတ်။ တိရစ္ဆာန်များသည် ဓါတ်မီးစက်ကို တည် စဉ်အခါတွင် များစွာလည်း ပင်ပန်းခဲ့ကြ သည်။ အခက်အခဲများနှင့်လည်း များစွာ တွေ့ခဲ့ကြသည်။ ဓါတ်မီးစက် ဆင်ပြီး လျှင်ကား သူတို့နေရေးထိုင်ရေးမှာ အများကြီးတိုးတက်၍ လာတော့မည်။ ဤသို့လျှင် ဓါတ်မီးစက်အကြောင်းကို တွေးမိကြသဖြင့် တိရစ္ဆာန်တို့သည် ပျော်ခြင်းကြီးမက ပျော်ကြသောကြောင့် မောပန်းကြရသည်ကို သတိမရနိုင်ဘဲ အောင်သံ ကြွေး၍ မြူးတူးခုန်ပေါက်ကာ နေကြ သည်။ ဓါတ်မီးစက်ပြီးသောအခါ ဗန္ဓု လကိုယ်တိုင် ကိုယ်ရံတော်ခွေးများရံ၍ ရှေ့တော်ပြေး ကြက်ဖနက်နှင့်ထွက်၍ လာပြီးလျှင် တိရစ္ဆာန်များအား ခြီးကျူးစ ကားမိန့်သည်။ ထိုနောက် ဓါတ်မီးစက်ကို “ဗန္ဓုလ ဓါတ်မီးစက်” ခေါ်စေရမည်ဟု အမိန့်ထုတ်လိုက်လေသည်။

နောက်နှစ်ရက်ကြသောအခါ စပါး ကျီအနီးတွင် တိရစ္ဆာန်များကို စုဝေးစေ၍ အထူးအစည်းအဝေး ကျင်းပသည်။ ထို အစည်းအဝေးတွင် ဗန္ဓုလကခြေလေး ချောင်းကွင်းက သစ်သားများကို ဦးအောင်ပန်း သို့ ရောင်းလိုက်ပြီဖြစ်ကြောင်း ကျေညာ လိုက်ရာ အားလုံးသော တိရစ္ဆာန်များ အံအားသင့်၍ သွားကြသည်။ နောက်နေ့ မနက်တွင် ဦးအောင်ပန်းသည် သစ်သား များကို လှည်းများနှင့် လာတိုက်သွား သည်။ ဗန္ဓုလသည် ဦးပေါက်ကျော်နှင့် စေ့စပ်ချင်ယောင်ဆောင်နေသည့် အတော အတွင်း၌ အမှန် အားဖြင့် ဦးအောင်ပန်းနှင့် လျှိုဝှက်စွာ စေ့စပ်လျက်ရှိသည်။

ထို့နောက် ဗန္ဓုလသည် ဦးပေါက် ကျော်ကုန်းနှင့် အဆက်အသွယ်များကို တခါတည်း ဖြတ်လိုက်ပြီးလျှင် ဦးပေါက် ကျော်ထံသို့ ခိုများကို လွှတ်၍ ဆဲရေးပုတ် ခတ်သောစာများ ပို့လိုက်သည်။ ထို အချိန်ကစ၍ “ဦးအောင်ပန်းကို အသေ သတ်ရမည်” ဆိုသော ကြွေးကြော်သံကို ရပ်၍ “ဦးပေါက်ကျော်ကို အသေ သတ်ရမည်”ဆိုသော ကြွေးကြော် သံ အသစ်ကို သုံးဘို့ အမိန့်ထုတ်လိုက်သည်။ ထို့နောက် ဗန္ဓုလက ဦးအောင်ပန်းသည် ခြေလေးချောင်းကွင်းကို တိုက်ဖို့စီစဉ် နေသည်ဆိုသော သတင်းမှာလည်း အခြေ အမြစ်မရှိသည့် သတင်းသာဖြစ်ကြောင်း။ ဦးအောင်ပန်း သည် သူ၏တိရစ္ဆာန်များ အား နှိပ်စက်ညှဉ်းပန်းသည်ဆိုသော သတင်းမှာလည်း တဆိတ်ကို တအိတ် လုပ်သော သတင်းသာဖြစ်ကြောင်း။ အဆိုပါ ကောလာဟလ သတင်းများ ဖြစ်ပွါးခြင်းမှာလည်း ဘော်ဖြူနှင့် အဖေါ်တစုတို့၏ လက်ချက်သာဖြစ် ကြောင်း။ ဦးအောင်ပန်းကွင်း၌ ဘော်ဖြူ ပုန်းနေသည်ဆိုခြင်းမှာလည်း ဟုတ်ပုံမရ ကြောင်း။ စင်စစ်အား ဖြင့် ဦးအောင်ပန်း ကွင်းသို့ ဘော်ဖြူဘယ်တုန်းကမျှ မရောက် ဖူးကြောင်း။ ဘော်ဖြူ တကယ်နေသော နေရာမှာ ဦးပေါက်ကျော်ကွင်းသာဖြစ် ကြောင်း။ ဦးပေါက်ကျော်က ဘော်ဖြူအား လစာကြီးကြီးပေး၍ သူလျှိုအဖြစ်နှင့် မွေးထားသည်မှာ ကြာပြီဖြစ်ကြောင်းနှင့် တိရစ္ဆာန်များအား ပြောပြသည်။

ဗန္ဓုလသည် ပရိယာယ်၌ အင်မတန် လိမ္မာသည်။ ဦးပေါက်ကျော်နှင့် ချစ်ခင် ရင်းနှီးဟန်ဆောင်၍ ဦးအောင်ပန်းဆီမှ သစ်သားများအတွက် ငွေတထောင့်ငါးရာ ဈေးပို၍ ယူလိုက်သည်။ ဝက်များသည် ဗန္ဓုလ၏ ပရိယာယ်ကို များစွာပီတိ ဖြစ် ကြသည်။ ဗန္ဓုလသည် ဦးအောင်ပန်းအား သစ်သားများကို ရောင်းသာရောင်းလိုက် သော်လည်း စင်စစ်အားဖြင့် ဦးအောင်ပန်း ကိုလည်း ယုံကြည်သည်မဟုတ်။ ဤ ကား ဗန္ဓုလ၏ အမြော်အမြင်ကြီးခြင်းပေ တည်း။ ဤသို့သံကြောင်က ပြောသည်။ ဦးအောင်ပန်းသည် လူလယ်လုပ်၍ ဗန္ဓု လအား ငွေသားဖြင့် သစ်သားဖိုးကို မချေ ဘဲ ချက်လက်မှတ်ရေး၍ပေးရန် ကြံ သည်။ ဗန္ဓုလကို ထိုကဲ့သို့ အပါးနှပ်၍ ရမည်မဟုတ်။ ရာတန်စက္ကူများနှင့် လက် ငင်းပေး၍ မချေဘဲ သူ့သစ်သားများကို ဦးအောင်ပန်းသည် ရလိမ့်မည်မဟုတ်။ ထို့ကြောင့် ဦးအောင်ပန်းသည် ဗန္ဓုလ အလိုရှိသည့်အတိုင်း တရာတန်ငွေစက္ကူ များဖြင့် သစ်သားဖိုးကို အပြေပေးချေ လိုက်သည်။ ဦးအောင်ပန်းဆီမှ ရသောငွေ မှာ ဓါတ်မီးစက်ဝယ်ရန် လုံလောက်သည်။

ဦးအောင်ပန်းသည် ငွေချေပြီးနောက် သစ်သားများကို လှည်းဖြင့်တိုက်၍ ထုတ် သွားသည်။ ထို့နောက် တိရစ္ဆာန်များသည် အထူးအစည်းအဝေး ကျင်းပ၍ ဦးအောင် ပန်း ပေးသွားသော ငွေစက္ကူများကို ဝိုင်း ၍ ကြည့်ကြသည်။ ဗန္ဓုလသည် သစ်သား ရောင်း၍ရသော ငွေစက္ကူများကို တိုက် ပန်းကန်ပြားကြီးတချပ်ထဲတွင် ထည့်၍ သူ့ဘေးတွင် ချပြီးလျှင် ကျေနပ်သော အခြင်းအရာဖြင့် ပြုံးလျက် ကောက်ရိုးခင်း အပ်သော ခုံမြင့်ပေါ်တွင် ဝပ်ကာနေသည်။ တိရစ္ဆာန်တို့သည် တကောင်ချင်းရှေ့ နောက်စီတန်း၍ ငွေစက္ကူများကို အားရ အောင် ကြည့်ကြသည်။ ဂျိုကားသည် ငွေစက္ကူများကို နမ်း၍ပင် ကြည့်သဖြင့် ငွေစက္ကူများမှာ သူ့နှာခေါင်းမှထွက်သော လေထဲ၌ တချွတ်ချွတ်ပင် မြည်၍ နေသည်။

နောက်သုံးရက်ကြာသောအခါ ဦးသာရာသည် မောကြီးပန်းကြီးနှင့် ပြေး ၍လာပြီးလျှင် ဗန္ဓုလအဆောင်သို့သွား သည်။ ဗန္ဓုလအဆောင်မှ စိတ်ဆိုးသံဖြင့် ဆဲရေးကြိမ်းမောင်းသံကြားရသည်။ အကြောင်းမှာ ဦးအောင်ပန်းပေးသွားသော ငွေစက္ကူများမှာ အတုများဖြစ်၍နေသော ကြောင့်တည်း။ ဦးအောင်ပန်းမှာ သစ် သားများကို အလကားရသွားပြီ။

ဗန္ဓုလသည် တိရစ္ဆာန်များအား ချက်ခြင်း စည်းဝေးစေပြီးလျှင် ဦးအောင် ပန်းအား အဆုံးစီရင်ဖို့ ဆုံးဖြတ်ချက်ချ သည်။ အကယ်၍ ဦးအောင်ပန်းကို အရှင် မိခဲ့သော် ရေနွေးအိုးထဲ၌ ပြုတ်၍သတ် မည်ဟုလည်း ဗန္ဓုလက ပြောသည်။ ဦးအောင်ပန်းသည် ငွေစက္ကူအတုများကို ပေးရုံနှင့် ရပ်လိမ့်ဦးမည်မဟုတ်။ သူတို့ မူလကြံစည်ထားကြသည့်အတိုင်း ခြေ လေးချောင်းကွင်းကို လူစုပြီးလာ၍ပင် တိုက်ကောင်းတိုက်လိမ့်မည်။ ထို့ကြောင့် ခြေလေးချောင်းကွင်းသို့ ဝင်ရာလမ်းများ တွင် ဗန္ဓုလက ကင်းများအစောင့်ချထား သည်။ ထိုနောက် ခိုလေးကောင်ကို ဦးပေါက်ကျော်ကုန်းသို့လွှတ်၍ ဦးပေါက် ကျော်နှင့် ပြန်၍ မိတ်ဆက်ဖို့ အကြည် အသာ စကားဆိုစေသည်။
နောက်နေ့စောစော တိရစ္တာန်များ မနက်စာစားနေခိုက်တွင် ကင်းစောင့်ကျ သော တိရစ္ဆာန်တို့သည် ကမန်းကတန်း ပြေး၍လာပြီးလျှင် ဦးအောင်ပန်းတို့ လူစုသည် တံခါးမကြီးမှဝင်၍ ခြေလေး ချောင်းကွင်းကို တိုက်ဖို့လာနေကြောင်း ပြောကြသည်။ တိရစ္ဆာန်တို့က ရဲဝံ့စွာ ထွက်၍ တိုက်ကြသည်။ သို့ရာတွင် နွားတင်းကုပ်တိုက်ပွဲလို လွယ်လွယ်နှင့် အောင်နိုင်မည်မဟုတ်။ ဦးအောင်ပန်း၏ လူစုမှာ တဆယ့်ငါးယောက်မျှ ရှိပြီးလျှင် သေနတ်ကလည်း ခြောက်လက်လောက် ပါသည်။ ဦးအောင်ပန်းတို့ လူစုသည် အတောင်တရာလောက် နီးကပ်လာသည် နှင့်တပြိုက်နက် သေနတ်များဖြင့် အရမ်း ပစ်ကြသည်။

တိရစ္ဆာန်တို့မှာ ဗန္ဓုလနှင့် ဂျိုကားတို့ဦးစီး၍ ခုခံကြသော်လည်း သေနတ်ဒဏ်ကို မခံနိုင်သဖြင့် ဆုတ်၍ ပြေးကြရသည်။ တိရစ္ဆာန်အချို့လည်း ဒဏ်ရာရကြသည်။
တိရစ္ဆာန်တို့သည် အိမ်ထဲသို့ ဝင်၍ ပြူတင်းပေါက်များ ထရံကြားများမှ ပြူ တစ်ပြူတစ်နှင့် ချောင်း၍ ကြည့်ကြသည်။ ဓါတ်မီးစက်နှင့်တကွ ကွင်းတကွင်းလုံးမှာ ရန်သူ့လက်သို့ ရောက်နေသဖြင့် တခြား တိရစ္ဆာန်များမဆိုထားဘိ ဗန္ဓုလကိုယ် တိုင်ပင် အားပျက်မိသည်။ ဗန္ဓုလသည် အမြီးကိုတောင့်၍ ဟိုဖက်သည်ဖက်ဝင့်ပြီး အကြံထုတ်လျက်ရှိသည်။ အချို့တိရစ္ဆာန် များကလည်း ဦးပေါက်ကျော်ဆီ စစ်ကူ များရလိုရငြား ဦးပေါက်ကျော် ကုန်းဖက် သို့ ရော်ရမ်း၍ ကြည့်ကြသည်။ ဦးပေါက်ကျော်တို့ လူစုထံမှ စစ်ကူရလျှင် ဗန္ဓုလတို့ဖက်က နိုင်နိုင်သေးသည်။ ထိုအခိုက်တွင် ဦးပေါက်ကျော်ထံသို့ မိတ်ဆက်ဖို့ လွှတ်လိုက်သော ခိုလေး ကောင်သည် စာရွက်တရွက်ကို ချီ၍ ပြန်လာသည်။ ထိုစာရွက်ပေါ်၌”နင်တို့ ဒီလိုဖြစ်ထာဘဲ ကောင်းတယ်”ဟု ဦးပေါက်ကျော်က ရေး၍ ပေးလိုက်သည်။

ထိုအခိုက်တွင် ဦးအောင်ပန်းတို့ လူစုသည် ဓါတ်မီးစက်နား၌ ရပ်၍နေကြ သည်။ လူနှစ်ယောက်က သံတူးရွင်းနှင့် တူကြီးကို ကိုင်၍နေသည်။ ဓါတ်မီး စက်ကို ဖျက်ပစ်တော့မည်ထင်သဖြင့် တိရစ္ဆာန်များသည် များစွာ စိတ်မကောင်း ဖြစ်ကြသည်။ ထိုအခါ ဗန္ဓုလက “ဘာ ဖျက်လို့ရမှာလဲကွာ။ ဒို့က အခိုင်ကြီး လုပ်ထားဒါဘဲ။ ခုနစ်ရက်နဲ့ ဖျက်ရယင် မင့်ကောင်တွေ ကံကောင်းပေါ့” ဟု ပြော ကာ တိရစ္ဆာန်များကို အားပေးသည်။

မဟော်က အဆိုပါ လူနှစ်ယောက်ကို သေချာစွာ စူးစိုက်၍ အကဲခတ်နေသည်။ ထိုလူနှစ်ယောက်သည် ဓါတ်မီးစက်၏ အခြေနားတွင် တူးဖေါက်၍ နေကြသည်။ မဟော်သည် ထိုလူနှစ်ယောက်၏အကြံ ကို ရိပ်မိသဖြင့် ပြုံးပြီးလျှင် “ငါထင်တဲ့ အတိုင်းပါဘဲကွာ။ ဒို့ဓါတ်မီးစက်ကို ဒိုင်းနမိုင်းနဲ့ ခွဲပစ်ကြမလို့ကွ”ဟု ပြော သည်။ ထိုအခါ တိရစ္ဆာန်များသည် ကြောက်လန့်၍ တကောင်မျှအပြင်သို့ မထွက်ဝံ့ကြ။ ခဏကြာသောအခါ လူများသည် ဓါတ်မီးဆက်နှင့်လွတ်အောင် ပြေးသွားကြသည်။ မကြာမီ ကြောက် မက်ကဖွယ် ဒိန်းကနဲ မြည်၍ ဓါတ်မီး စက်ကြီး ပြိုကျသွားသည်။ ခိုများလည်း လန့်၍ ပျံကြသည်။ ဗန္ဓုလမှတပါး အခြားတိရစ္ဆာန် များဝပ်ရာက ထသော အခါ ဓါတ်မီးစက်နေရာတွင် မီးခိုးလုံး ကြီးသာ မြင်ရတော့သည်။ ဓါတ်မီးစက် သည် မရှိတော့ပြီ။

ဓါတ်မီးစက်ကြီး ပျက်သွားသည်ကို မြင်ကြရသောအခါ တိရစ္ဆာန်တို့သည် ပြင်းစွာ အမျက်ထွက်ကြသဖြင့် ကြောက် လန့်ကြရတော့မှန်းမသိ။ ထိုမျှလောက် ယုတ်မာသော အမှုကို ငုံ့ခံနေ၍ မဖြစ်။ တမုဟုတ်တည်းထ၍ လက်စားချေကြမှ ဖြစ်မည်။ ထို့ကြောင့် တိရစ္ဆာန်တို့သည် မြေကြီးအက်မှု ကြုံးဝါးသံပေးပြီးလျှင် ဦးအောင်ပန်းတို့ရှိရာသို့ တအားပြေး၍ တိုက်ကြသည်။ ဤအကြိမ်တွင် တိရစ္ဆာန် တို့သည် ဦးအောင်ပန်းတို့၏ သေနတ် ကျည်ဆံကို ကြောက်ရမှန်း မသိကြတော့ သေချင်သေ ကြေချင်ကြေ စွန့်၍ တိုက်ကြပြီ။ ဦးအောင်ပန်းတို့ ကလည်း သေနတ်များဖြင့် အရမ်းစွပ်၍ ပစ်ကြသည်။ တုတ်နှင့်ဆီး၍ ရိုက်သူ ကလည်း ရိုက်ကြသည်။ တိရစ္ဆာန်တို့ ဖက်မှ နွားမတကောင် သိုး သုံးကောင် နှင့် ငန်းဘဲနှစ်ကောင်သေသည်။ တိရစ္ဆာန်အားလုံးလောက် ဒဏ်ရာ ရသည်။ နောက်ဖယ်မှနေ၍ အမိန့်ပေး လျှက်ရှိသော ဗန္ဓုလကိုယ်တိုင်ပင် အမြီး များကို ကျည်ဆံရှပ်၍ မှန်သွားသည်။ ဦးအောင်ပန်းတို့ဖက်ကလည်း ဒဏ်ရာရ သူရကြသည်။ ဂျိုကားက ဂျိုနှင့်ခပ်၍ ခွါနှင့်ပေါက်သဖြင့် လူသားသုံးယောက် ထိပ်ပေါက် ခေါင်းကွဲဖြစ်သည်။ နွားဝှေ့၍ လူသားတယောက် ဗိုက်ပေါက်သွားသည်။ ခွေးနှစ်ကောင်ဝိုင်းဆွဲ၍ လူသားတ ယောက် ပုဆိုးအစိတ်စိတ်အမြွာမြွာ စုတ် သွားသည်။ ထို့နောက် ဗန္ဓုလ၏ ကိုယ်ရံ တော် ခွေးကိုးကောင်က စည်းရိုးအကွယ်မှ ပုန်း၍ ဦးအောင်ပန်းတို့ကို သေးမှပန်း ၍တိုက်ရန် ကြောက်မက်ဖွယ် ဟိန်းကြ ဟောင်ကြသောအခါ ဦးအောင်ပန်းတို့မှာ ညှပ်ပူး၏ညှပ်ပိတ် အမိခံရတော့မည်ဖြစ် သဖြင့် အလျင်အမြန်တပ်ခေါက်ရန် ကြံရ တော့သည်။ ဦးအောင်ပန်းက “ဟေ့။ မြန်မြန်မြေးကြဟေ့”ဟု အော်လိုက်သော အခါ လူသားတို့မှာ ဖနောင့်နှင့် တင်ပါး တသားတည်းကျအောင် ပြေးကြသည်။ တိရစ္ဆာန်တို့ကလည်း နောက်မှဖိ၍ လိုက် ကြသည်။ လူသားတို့မှာ တပ်ပျက်၍ စည်းရိုးပေါက်များမှတိုးကာ ကြက် ပျောက်ငှက်ပျောက် ကုန်ကြသည်။

ဆက်လက်ဖော်ပြပါမည်။

Related Posts