မည်သည့် စီမံကိန်းကြောင့်မျှ ကျူးကျော်/သိမ်းဆည်းမှုမျိုး လက်မခံ

“မည်သည့်စီမံကိန်းကြောင့်မှ ကျူးကျော်/သိမ်းဆည်းမှုမျိုးလက်မခံ”ဟု စာသားပါ ဆိုင်းဘုတ်တစ်ခုကို မြိတ် မြို့နယ် ကျောက်ဖျာမြို့သစ် စီမံကိန်းရှိ ကျောက်ဖျာကျေးရွာထိပ်တွင် မတ်လ ၇ ရက်က စိုက်ထူခဲ့ကြောင်း ယင်းကျေး ရွာသားတို့မှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး တတိယနေ့တွင် တနင်္သာရီမြို့နယ် လွှတ်တော်ကိုယ် စားလှယ် ဦးရဲမြင့်ဆွေက ကျောက် ဖျာမြို့သစ်စီမံကိန်းအတွက် သိမ်းယူ ထားသည့်မြေများအား ပြန်လည်စွန့် လွှတ်ရန် ရှိ/မရှိ မေးမြန်းခဲ့ရာ စီမံ /ဘဏ္ဍာဝန်ကြီး ဦးဖြိုးထွန်းဝင်းမှ ပြန် လည် စွန့်လွတ်ရန် အစီအစဉ်မရှိဟု ဖြေဆိုခဲ့သည်။
ထို့ကြောင့် ရွာသူရွာသားများ၏ သဘောထားကို သိရှိနိုင်ရန် ဆိုင်းဘုတ် ထောင်ရခြင်းဖြစ်ကြောင်း ကျောက်ဖျာရွာ သား ဦးတူးတူးက ပြောပြသည်။

ဆိုင်းဘုတ်တွင် လွန်ခဲ့သော နှစ် ပေါင်း ၅၀၀ ကျော်ကတည်းက တည်ရှိခဲ့သော ကျောက်ဖျာကျေးရွာ အုပ်စုရွာပေါင်း ၅ ရွာ အိမ်ထောင်စုပေါင်း တစ်ထောင်ကျော်သည် နိုင်ငံတော်အား အခွန်ဆောင်ပြီး ဘိုးဘွား/မိဘ အဆက် ဆက်မှ ယနေ့အထိ နေထိုင်ခဲ့ကြသည်ဟု ရေးသားထားသည်။

ကျောက်ဖျာကျေးရွာနှင့် ရွာအနီးရှိ ကျေးရွာတို့တွင် ရှေးဟောင်းပုထိုးတော် များနှင့် နှစ်ပေါင်းတစ်ရာကျော်ရှိ သိမ် တစ်ခုတည်ရှိပြီး မြိတ်မြို့မဖြစ်ပေါ်ခင် ကတည်းက ကျောက်ဖျာကျေးရွာမှာ တည်ရှိနေခဲ့ပြီးဖြစ်ကြောင်း ယင်းကျေး ရွာရှိ သက်ကြီးပိုင်းတချို့က ဆိုသည်။
“ဒီလို ဆိုင်းဘုတ်ထောင်ပြလိုက် တာ ပိုကောင်းသွားတယ် မြေယာကိစ္စ တွေကို အဆင်ပြေစေချင်တယ် ရွာဖြစ် ဖို့ နှစ်ပေါင်းမနည်းကြာတာ အားလုံးက အခြေကျနေပြီ ဘယ်သူ့မှ မပြောင်းပေး ချင်ဘူး”ဟု ကျောက်ဖျာရွာနေ ဒေါ်မြအေးက ပြောသည်။

ကျောက်ဖျာကျေးရွာအပါ ရွာ ၅ ရွာတို့မှ မြေ ၅၆၀၀ ဧကအား မြို့သစ်စီ မံကိန်းအတွက် ၂၀၁၄ ခုနှစ်မှစပြီး သိမ်း ဆည်းခံထားရခြင်းဖြစ်ကြောင်း ယင်း ကျေးရွာသားတို့မှ သိရသည်။
အဆိုပါ မြို့သစ်စီမံကိန်းအတွက် မတရားသိမ်းဆည်းခံထားရသည့် မြေ ၅၆၀၀ ဧကအား အမြန်ပြန်လည်ရရှိရေး နှင့် လယ်ယာမြေမှတ်ပုံတင်ရရှိရေးအ တွက် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ လ ၄ ရက်က လူအင်အား ၃၀၀ ခန့် ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ပြီး ဖြစ်သည်။

Related Posts