ိသတ်မှတ်နံပါတ်ပြား မတပ်သည့်ဆိုင်ကယ် အစီးတစ်ရာကျော်ဖမ်း

ထားဝယ်ဒေသတွင် ၂၀၁၈ ခုနှစ် နှစ်ဆန်းမှ လက်ရှိအချိန်ထိ နံပါတ်ပြား မတပ်ခြင်း၊ နံပါတ်ပြား မထင်ရှားခြင်းနှင့် ကညနမှ ထုတ်ထားသည့် နံပါတ်ပြား မတပ်ခြင်း အစရှိသည့်ဆိုင်ကယ်အစီးရေ တစ်ရာကျော်ကို ဖမ်းဆီးခဲ့ကြောင်း အမှတ်(၁၁) ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ ခွဲမှူးရုံးထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလမှ မတ်လ ၉ ရက်အထိ နံပါတ်ပြားမတပ်သည့် ဆိုင်ကယ် ၁၁၄ စီး၊ နံပါတ်မထင်ရှား သည့် ဆိုင်ကယ် ၃ စီးနှင့် ကညန နံပါတ်ပြား တပ်ဆင်ထားခြင်းမရှိသည့် ဆိုင်ကယ် ၃၅ စီးကို ဖမ်းဆီးခဲ့ပြီး မော်တော်ယာဉ် ဥပဒေအရ အရေးယူ ခဲ့ကြောင်း အမှတ် (၁၁) ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးညီညီလှိုင်က ဆိုသည်။
ယခင်က ကညနနံပါတ်ပြား မတပ် သည့်ဆိုင်ကယ်များကို အလျဉ်းသင့် သလို ဖမ်းနေရာမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီ လမှ စတင်ကာ ဖိဖိစီးစီး ဖမ်းနေကြောင်း ၄င်းက ပြောသည်။

“ဖမ်းတာက နေ့တိုင်းနီးပါး ဖမ်းနေ ပါတယ်”ဟု ရဲမှူးညီညီလှိုင်က ဆိုသည်။
သတ်မှတ်ဆိုင်ကယ်နံပါတ်ပြား မတပ်သည့် ဆိုင်ကယ်များကို ဖမ်းဆီး သည်ကို လက်ခံသော်လည်း နံပါတ်ပြား လုံးဝမတပ်သည့် ဆိုင်ကယ်များနှင့် အရှိန်ပြင်းစွာမောင်းနှင်နေသည့် ဆိုင် ကယ်များကို ဦးစားပေးဖမ်းသင့်ကြောင်း ထားဝယ်မြို့ ဝဲကျွန်းမြို့သစ်နေ အသက် ၃၃ နှစ်အရွယ် ဆိုင်ကယ်ကယ်ရီမောင်း သည့် အမျိုးသားတစ်ဦးက ပြောသည်။
“အခုတလော ဆိုင်ကယ်တွေက တိုက်ပြီးပြေးတာတွေ များလာတယ်၊ အရှိန်ပြင်းစီးတာတွေလည်း များနေတုန်း ပဲ”ဟု အဆိုပါ အမျိုးသားက ဆိုသည်။

ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေး သည့် ဆိုင်ကယ်အချို့တွင် နံပါတ်ပြား တပ်ဆင်ခြင်းမရှိသည်ကို တွေ့ရသည်။
သက်တမ်းတိုး သို့မဟုတ် လိုင်စင် လုပ်စဉ်ကတည်းက ဆိုင်ကယ်နံပါတ် ပြား နှစ်ပြား(အရှေ့နှင့် အနောက်တွင် တပ်ဆင်ရန်)အတွက် ငွေကျပ် ငါး ထောင် ပေးသွင်းခဲ့ရပြီး မော်လမြိုင်မြို့ရှိ စက်ရုံတွင် ရိုက်နှိပ်ရသည့်အတွက် ရက် ၂၀ မှ ရက် ၃၀ ခန့် ကြာမြင့်ကြောင်း ကညန တိုင်းဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။
“လာမထုတ်တဲ့ ဆိုင်ကယ်နံပါတ် ပြားတွေလည်း ရှိနေတုန်းပါပဲ”ဟု ဦးထင်ပေါ်က ပြောသည်။
ကညနမှ ထုတ်ပေးသည့် ဖောင်းြွကနံပါတ်ပြား ၁ ပြား ပျောက်ဆုံးပါက သက်ဆိုင်ရာ ရဲစခန်းထောက်ခံချက်ဖြင့် အသစ် လာလျှောက်နိုင်ပြီး နှစ်ပြား ပျောက်ဆုံးပါက ရဲစခန်းထောက်ခံချက် အပြင် နိုင်ငံပိုင်သတင်းစာတွင် ကြေညာ ရန်လိုအပ်ကြောင်း ゞင်းက ဆိုသည်။

မော်တော်ယာဉ် နံပါတ်ပြားကို မထင်ရှားအောင်လုပ်ခြင်း၊ နံပါတ်ပြား ကို ထင်ယောင်ထင်မှားဖြစ်စေရန်လုပ် ခြင်းနှင့် မမှန်ကန်သော နံပါတ်ပြားကို မော်တော်ယာဉ်တွင် တပ်ဆင်ခြင်းအစ ရှိသည့် တားမြစ်ချက်များကို ဖောက်ဖျက် ပါက သုံးလထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ၂၀၁၅ ခုနှစ် မော်တော် ယာဉ်ဥပဒေအရ သိရသည်။

Related Posts