တစ်ရက် အနည်းဆုံး လုပ်အားခ ကျပ် ၄၈၀၀ သတ်မှတ်ချက်အပေါ် အမြင်များ

တစ်ရက် လုပ်အားခ အနည်းဆုံးသတ်မှတ်ချက်ကို ယခင်ကျပ် ၃၆၀၀ အစား ယခု ကျပ် ၄၈၀၀ သတ်မှတ်လိုက်ပြီ ဖြစ်သည်။အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက မတ်လ ၅ ရက်မှာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ယင်းသို့ တစ်ရက် အနည်းဆုံးလုပ်အားခ ကျပ် ၄၈၀၀ သတ်မှတ်မှုအပေါ် တနင်္သာရီတိုင်းအတွင်းရှိ အလုပ်ရှင်၊ အလုပ်သမားတို့က အောက်ပါအတိုင်း မှတ်ချက်ပြုကြသည်။

မနှင်းဟေမာန်စိုး
(ဖုန်းအရောင်းဝန်ထမ်း၊ မြိတ်မြို့)
ကျပ် ၄၈၀၀ နှုန်းဆို သင့်တော် ပါတယ်။ အဆင်ပြေပါပြီ။ ခုရနေတာက ကျပ် ၃၆၀၀ နှုန်းနဲ့ပေးတာ။ ကျပ် ၄၈၀၀ က တိုးမတိုးဆိုတာ လကုန်မှပဲ သိမယ်။ မြန်မြန်လေးပဲ တိုးချင်ပြီ။ ဒီလိုတိုးပေး တာဝန်ထမ်းတွေအတွက် ကောင်းတယ်။ လုံလုံလောက်လောက် သုံးလို့ရတာပေါ့။ မိဘတွေအတွက်လည်း ထောက်ပံ့လို့ ရတာပေါ့။

ကိုမျိုးအောင်
(မန်နေဂျာတနင်္သာရီ ဟိုတယ်၊
မောင်းမကန်)
အလုပ်သမားအားလုံးအတွက်တော့ လိုချင်တာပေါ့လေ။ အဲလောက်ရရင် ကောင်းတာပေါ့၊ ဒါပေမယ့် အလုပ်ရှင် တွေဖက်ကလည်း သူတို့အပိုင်းနဲ့ သူတို့ ရှိမှာပေါ့၊ ဒီတော့ ငြင်းကြခုန်ကြတာတော့ ပြီးပြီပေါ့။ တကယ်တမ်း မြေပြင်အခြေ အနေမှာတော့ ထားဝယ်အနေအထားနဲ့ အလုပ်ရှင်တိုင်း လိုက်ပေးဖို့ မလွယ်ဘူး ထင်တယ်။ ကိုယ်တိုင်လည်း သိနေတော့ လေ၊ ထားဝယ်က လုပ်ငန်းခွင်တွေမှာ တစ်လ ကျပ် ၁ သိန်းကျော်ကျော်နဲ့တောင် အလုပ်လိုတဲ့လူ၊ အလုပ်ရှာနေတာ တိုး တိုးဝှေ့ဝှေ့ ဖြစ်နေတုန်းပဲ။ လက်ရှိ ကျွန်တော့်မှာတောင် လုပ်ဖို့ လျှောက်လွှာ တင်ထားတာ အများကြီး။
အဲတော့ ဒီလိုအခြေအနေ၊ ထားဝယ် ဒေသ လုပ်ငန်းလည်ပတ်မှု အခြေအနေနဲ့ ပြည့် မီအောင် ပေးနိုင်ဖို့ဆိုတာ အလုပ်ရှင် ၁၀ မှာ ၂ ယောက်လောက် ပေးနိုင်ရင် ကံကောင်းပဲပေါ့၊ အောက်ခြေသန့်ရှင်း ရေးသမားအထိ တစ်လ တစ်သိန်းခွဲ ဝန်းကျင် ပေးဖို့ဆိုတာလေ။ ဒါကတော့ ကျွန်တော့် အမြင်ပေါ့လေ။ လက်ရှိ အလုပ်အကိုင် အခွင့်အရေး နည်းပါးလို့ ဖြစ်ရတာကိုး။

ကိုမောင်အေး
(ရေထွက်ပစ္စည်းရောင်းဝယ် ရေးလုပ်ငန်း၊ အင်းလေးကမ်းရပ်ကွက်၊ မြိတ်)
၄၈၀၀ အနေအထားက ဖြစ်သင့် တယ်၊ ပေးသင့်တယ်။ အရင်က သတ်မှတ် ထား တာက နည်းတဲ့အနေအထား ဖြစ်နေတယ်။ စားဝတ်နေရေးအတွက် ကုန်ဈေးနှုန်း ဈေးနဲ့ဆို သိပ်မလောက်ဘူး ဖြစ်နေတာပေါ့။ ခုပေးတဲ့နှုန်းကတော့ သင့်တော်ပါတယ်။

မဇာဇာ (မီဒီယာဝန်ဆောင်မှု ကုမ္ပဏီ ဝန်ထမ်း၊ ထားဝယ်မြို့)
တစ်နေ့ ၄၈၀၀ ဆိုတာ များတယ်လို့ မထင်ဘူး။ နည်းတောင်နည်းနေသေး တယ်။ အခုချိန်မှာ ကုန်ဈေးနှုန်းတွေက လည်း ကြီး။ တကယ့်တကယ် ပြောရမယ် ဆိုရင် ဒီလောက်ဝင်ငွေနဲ့ မိသားစုအတွက် စားဝတ်နေရေး မလုံလောက်သေးဘူး ပေါ့၊။ ကုမ္ပဏီတွေ၊ အလုပ်ရှင်တွေ အတွက် ကတော့ များတယ်လို့ ထင်ချင် ထင်နိုင် ပေမဲ့ အလုပ်သမားတွေအတွက်ဆို မလုံ လောက်သေးဘူး။
ငါးထောင်ကျော်မှ အဆင်ပြေမှာ၊ ငါးထောင်ငါးရာ၊ ငါးထောင်ရှစ်ရာ လောက်ပေါ့။ တကယ်တမ်းမှာ အိမ်ထောင် ဦးစီး တစ်ယောက်တည်းကို မှီခိုနေရမယ် ဆို အဲဒီ ငါးထောင်ကျော်ဆိုတာကလည်း မလုံလောက်သေးဘူး။ အခုချိန်မှာ လူ တိုင်းက လင်မယားနှစ်ယောက်စလုံး အလုပ်လုပ်နိုင်တာတောင်မှ မိသားစု စားဖို့သောက်ဖို့အတွက်ပဲ အဆင်ပြေ တယ်။ အဝတ်အစားအတွက် ကုန်ကျ စရိတ်၊ ဆေးဝါးကုသဖို့ ကုန်ကျ စာရိတ် လူမှုရေး အဲဒီကဏ္ဍတွေနဲ့ဆို မလုံလောက် သေးဘူး။

Related Posts