ထိုင်းမှ တရားမဝင်တင်သွင်းလာသည့် ကြက်အကောင်ရေ ၆၀၀၀ခန့် မော်လမြိုင်တွင် ဖမ်းမိ

ထိုင်းနိုင်ငံမှ တရားမဝင်တင်သွင်း လာသည့် အသားစားကြက်အကောင်ရေ ၆၀၀၀ ခန့်ကို မွန်ပြည်နယ် မော်လမြိုင် မြို့တွင် မတ်လ ၆ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိထားသည်ဟု မွန်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

ထိုင်းနိုင်ငံမှ အသားစားကြက်များ တရားမဝင် တင်သွင်းလာနေကြောင်း သတင်းပေးမှုအရ မွန်ပြည်နယ် မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန၊ မွန်ပြည်နယ် မွေးမြူရေးအဖွဲ့ချုပ်နှင့် သက်ဆိုင်ရာဌာန တို့ ပူးပေါင်းစောင့်ဆိုင်း ဖမ်းမှုကြောင့် အသားစားကြက်များ တင်ဆောင်လာ သည့် မော်တော်ယာဉ် ၄ စီးကို မော်လ မြိုင်မြို့တွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်။

“အထောက်အထား စာရွက်စာ တမ်း မပါလို့ ဖမ်းဆီးလိုက်တယ်၊ ကြက်တင်ဆောင် လာတဲ့ကားတွေက ၄ စီးပါ၊ ၂ စီးက ဒရိုင်ဘာတွေ ထွက် ပြေးသွားတယ်၊ ကျန် ၂ စီးက ဒရိုင် ဘာ ၂ ဦးပဲ ဖမ်းမိပါတယ်”ဟု မော်လမြိုင် ခရိုင် မွေးမြူးရေးနှင့် ကုသ ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေး မှူး ဒေါက်တာတင်ဌေးက ပြောသည်။
တရားမဝင် အသားစားကြက်များ တင်ဆောင်လာသော ယာဉ်မောင်း ဦးကျော်စိုးဦး၊ ဦးကျော်ဦးနှင့် ထွက်ပြေး တိမ်းရှောင်သွားသော ယာဉ်မောင်း၂ ဦး တို့ကို ဥပဒေအရ အရေးယူနိုင်ရန် မော် လမြိုင် မြို့နယ်တရားရုံးသို့ ဦးတိုက် လျှောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ သည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ ဖမ်းဆီးရမိထားသည့် ကြက်များတွင် ကြက်နှင့်သက်ဆိုင်သည့် ရောဂါရှိမရှိ စစ်ဆေးရန် ရန်ကုန်ဓာတ် ခွဲခန်းသို့ ပို့ဆောင်ထားကြောင်း မွန်ပြည် နယ် မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာန ထံမှ သိရသည်။
“ကြက်ကို သွေးဖောက်ပြီးတော့ ရောဂါရှိ/မရှိ အရင်စစ်ဆေးမယ်၊ ရော ဂါ မရှိဘူးဆိုရင် လေလံပစ်မယ်၊ ရောဂါရှိမယ်ဆိုရင် မြေမြှုပ်ပစ်ဖို့ လုပ်ဆောင် သွားမယ်”ဟု မွန်ပြည်နယ် မွေးမြူးရေးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးညိုမင်းက ပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အ ကုန်နှင့် ၂၀၁၈ ခုနှစ်ဆန်းပိုင်းခန့်က ထိုင်းနိုင်ငံမှ တရားမဝင် တင်သွင်းလာ သည့် ဝက်များ ဖမ်းဆီးရမိမှုများ ရှိခဲ့သော်လည်း ကြက်ဖမ်းဆီးရမိမှုသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ပြည်ပမှ ဝက်များ အသားစားကြက် များကို တင်သွင်းမည်ဆိုပါက သက်ဆိုင် ရာဒေသမှ ရောဂါကင်းစင်ကြောင်း ထောက်ခံချက်၊ ဖြန့်ဖြူးရာဒေသက ထောက်ခံချက်များ တင်ပြပြီး မြန်မာ နိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်တွင် လုပ်ငန်းလိုင်စင်များ လျှောက်ထား နိုင်သည်ဟု ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

Related Posts