ကော့သောင်းမြို့နယ်တွင် ကျေးရွာ တချို့ သောက်သုံရေးစရှား

ကော့သောင်းမြို့နယ်၊ ဘန်းကချွန် ကျေးရွာအုပ်စု ယမုံနာကျေးရွာနှင့် အောင်မေတ္တာကျေးရွာတို့တွင် သောက် ရေသုံးရေ စရှားနေပြီဖြစ်ကြောင်း အဆို ပါကျေးရွာနေသူများထံမှ သိရသည်။
နွေရာသီ အစ ဖေဖော်ဝါရီလဆန်း တွင်ပင် ကျေးရွာရှိ ရေတွင်းများ ရေခမ်း ခြောက်စပြုလာပြီး သောက်ရေအပြင် သုံးရေပါ အခက်အခဲဖြစ်လျက်ရှိသည်ဟု အထက်ပါ ကျေးရွာသားများက ဆိုသည်။

ရေအခက်အခဲကြောင့် ကျန်းမာရေး အရ သောက်သုံးရေကို ထိုင်းနိုင်ငံ ရနောင်း မြို့မှ ရေသန့်များကို နေ့စဉ် ဝယ်ယူ သောက်သုံးနေရပြီး သုံးရေကိုမူ အလှည့်ကျ အသုံးပြုနေရသည်ဟု အောင်မေတ္တာ ကျေးရွာနေ ဦးကျော်မိုးက ဆိုသည်။

“NLD ပါတီ လူငယ်တစ်ဖွဲ့က ဖေဖော်ဝါရီ ၇ရက်က ရွာနှစ်ရွာအတွက် သောက်ရေ ပေပါ ၄၀လောက် လာလှူ တော့ ရွာတွေမှာ တစ်ပတ်လောက်အထိ သောက်ရေအခက်အခဲကို ဖြေရှင်းလို့ ရသွားတယ်”ဟု ၎င်းက ဆိုသည်။
သောက်သုံးရေအခက်အခဲဖြစ်နေ သည့် ကျေးရွာ ၂ ရွာကို သောက်သုံးရေ အပြင် P&G သောက်ရေသန့်ဆေးထုပ် စနစ်တကျ အသုံးပြုနည်း သင်ကြားပြ သပြီး ဏရွ သောက်ရေသန့်ဆေးထုပ် နှစ်ရာကိုလည်း အဆိုပါနေ့က လှူဒါန်း ခဲ့သည်ဟု သိရသည်။

အဆိုပါရွာများသည် ပင်လယ်နှင့် နီးသည့်အတွက် နေအိမ်တချို့မှ ရေ တွင်းများတွင် ရေငန်ဝင်ရောက် ရောနှော နေသဖြင့် သောက်သုံး၍မရဘဲ သုံးရေ အဖြစ်သာ အသုံးပြုရန် အဆင်ပြေသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကော့သောင်းမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနသို့ မေးမြန်းရာ ယခုလအတွင်း ဌာနအစီအစဉ်ဖြင့် ရေရှား သည့် ကျေးရွားများကို ရေပေးဝေသွားရန် ရှိကြောင်း ယင်းဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသူရိန်ထွန်းက ပြော သည်။ ယမုံနာကျေးရွာတွင်လည်း လာမည့် ဘဏ္ဍာနှစ်တွင် စက်ရေတွင်းတူးရန် လျာထားကြောင်း ဦးသူရိန်ထွန်းက ဆိုသည်။

အောင်မေတ္တာကျေးရွာတွင် အိမ် ခြေ ၈၀ နှင့် ယမုံနာကျေးရွာတွင် အိမ် ခြေ ၅၀ ရှိပြီး ကျေးရွာနှစ်ရွာပေါင်း လူဦးရေ ၇၀၀ခန့် ရှိသည်ဟု ဘန်းကချွန် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
အဆိုပါကျေးရွာများတွင် နှစ်စဉ် သောက်သုံးရေ ရှားပါးသည့် ပြဿနာ များ ကြုံရလေ့ရှိသည်။

Related Posts