ထားဝယ်မြို့အတွင်း လုံခြုံရေး ကင်မရာ ငါးဆယ်ကျော် ယခုလအပြီး တပ်ဆင်မည်

ထားဝယ်မြို့ရှိ မီးပွိုင့်များနှင့် မြို့ဝင် မြို့ထွက်များတွင် လုံခြုံရေး ကင်မရာ (CCTV) အလုံးရေ ငါးဆယ်ကျော်ကို မတ်လအပြီး တပ်ဆင်သွားမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိက ပြောသည်။

မီးပွိုင့်လမ်းဆုံများနှင့် မြို့ဝင်နေ ရာများတွင် လုံခြုံရေးကင်မရာ ၅၂ လုံး ကို တိုင်းအစိုးရဘဏ္ဍာငွေ ကျပ် သိန်း ၂၅၀ ဖြင့် တပ်ဆင်မည်ဖြစ်ပြီး ရန်ကုန် မြို့အခြေစိုက် Myanmar Novel Icon ကုမ္ပဏီက တာဝန်ယူ တပ်ဆင်မည် ဖြစ်ကြောင်း မြို့နယ်စည်ပင်အမှုဆောင် အရာရှိက ဆိုသည်။
လက်ရှိမီးပွိုင့်များနှင့် နောက်တပ် ဆင်မည့် မီးပွိုင့်လမ်းဆုံများတွင် ဃဃွှဠ ကင်မရာ ၄၄ လုံးနှင့် မြို့ဝင် မြို့ထွက်နေရာများတွင် ဖြတ်သန်းသွား သည့် ကားနံပါတ်ကို ရိုက်ကူးနိုင်သည့် ကင်မရာ ၈ လုံးကို တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီလ အပြီးတပ်မှာပါ၊ တပ်ဆင်ပြီး တစ်နှစ်အတွင်းမှာ ပျက်စီးရင် (သဘာဝ ဘေးမပါ) ကုမ္ပဏီက အခမဲ့ ပြုပြင်ပေး သွားမှာ”ဟု အဆိုပါ အမှုဆောင်အရာရှိက ပြောသည်။
ဖြတ်သန်းသွားသည့် ကားနံပါတ် ကို ရိုက်ကူးနိုင်သည့် CCTV များကို ပေါက်တိုင်းတံတား၊ အိမ်ရှေ့ပြင်၊ ကမြော ကင်း၊ ဗိုလ်ချုပ်မြင်းစီးကြေးရုပ်၊ ရှမ္မလည် ဆွဲလမ်းဆုံနှင့် ဗျောတောဝ ဂိတ်များတွင် တပ်ဆင်သွားမည် ဖြစ်သည်။
ကင်မရာများတပ်ဆင်ပြီးပါက တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက ထိန်း ချုပ် ကြည့်ရှုမည်ဖြစ်ကြောင်း သိရသည်။
မြို့အတွင်း လမ်းဆုံများတွင် လုံခြုံရေး ကင်မရာ တပ်ဆင်ပါက ပြစ်မှုကျူးလွန်သူ များနှင့် ကျူးလွန်ရန် ကြိုးပမ်းနေသူ များကို အလွယ်တကူ ဖော်ထုတ်နိုင်မည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စံရွှေမောင်က ဆိုသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်က ထားဝယ်မြို့ရှိ မီးပွိုင့်လမ်းဆုံများတွင် ဃဃွှဠ ကင်မရာများ တပ်ဆင်ခဲ့ဖူးပြီး နှစ်အနည်းငယ်အတွင်း ပျက်စီးသွားခဲ့ သည့်အတွက် ထားဝယ်မြို့ဒေသခံ အချို့ကြားတွင် ဝေဖန်မှုများ ရှိသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ထားဝယ် မြို့အတွင်း နေရာ ၈ ခုတွင် ကင်မရာ ၃၆ လုံး တပ်ဆင်ခဲ့ဖူးပြီး ကောင်းမွန်စွာ အသုံးပြုမှု မရှိ(စက်ပိတ်ထား)ခြင်း၊ သဘာဝဘေး နှင့် ကင်မရာကြိုးများ ကားဖြင့်ငြိသွားခြင်းများရှိသည့်အတွက် တပ်ဆင်ပြီး ၃ နှစ်ခန့်အတွင်း ကင်မရာစနစ်အချို့ ပျက်စီး သွားခဲ့ကြောင်း အဆိုပါ ကင်မရာများကို တပ်ဆင်ခဲ့သည့် International Security Service မှ ဦးနိုင်မျိုးသွင်က ဆိုသည်။

“တပ်ပြီးရင် အမြဲတမ်းပြုပြင်မယ့် အဖွဲ့တစ်ဖွဲ့လိုတယ်၊ ဘတ်ဂျက်ကလည်း အမြဲတမ်းလျာထားပြီး သုံးနိုင်ဖို့ လိုအပ် တယ်”ဟု ဦးနိုင်မျိုးသွင်က ပြောသည်။
လုံခြုံရေးကင်မရာ တပ်ဆင်သည့် ကုမ္ပဏီကပင် နောက်ပိုင်းပြုပြင်ထိန်းသိမ်းမှုအပိုင်းကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် အမှုဆောင်အရာရှိက ဆိုသည်။
ထားဝယ်ဒေသတွင် ယာဉ်တိုက်မှု ဖြစ်ပြီး ထွက်ပြေးမှုများရှိနေကာ လုံခြုံ ရေးကင်မရာများ တပ်ဆင်ထားမှု မရှိ ခြင်းကြောင့် ဖော်ထုတ်ဖမ်းဆီးနိုင်မှု အားနည်းချက်များရှိနေသည်။

Related Posts