မြိတ်-တနင်္သာရီ ကားလမ်းမတွင် ယာဉ်နှစ်စီးတိုက်မိ၊ အမျိုးသမီးတစ်ဦး သေဆုံး

မြိတ်-တနင်္သာရီ ကားလမ်းမပေါ် တွင် မတ်လ ၈ ရက်က ယာဉ်နှစ်စီး တိုက်မိသဖြင့် အမျိုးသမီးတစ်ဦး သေ ဆုံးခဲ့ရကြောင်း မြိတ်မြို့နယ် မြို့မရဲစ ခန်းမှ သိရသည်။
မြိတ်မှ တနင်္သာရီဘက်သို့ သွား သည့် မြေသယ်ယာဉ်သည် ရွှေဒူး ကျေးရွာအနီးရောက်တွင် အရှိန်ပြင်းစွာ မောင်းနှင်ခဲ့သဖြင့် အရှိန်မထိန်းနိုင်ဘဲ တနင်္သာရီဘက်မှ မြိတ်သို့ မောင်းနှင် လာသည့် ပရိုဘောက်အမျိုးအစား ခရီးသည်တင်ယာဉ်အား ဝင်ရောက်တိုက် မိခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

ယင်းကဲ့သို့ တိုက်မိပြီးနောက် ပရို ဘောက်ယာဉ်ပေါ် ရှေ့ခန်းပါ အသက် ၅၀ ကျော်ရှိ အမျိုးသမီးမှာ ပြင်းထန် ဒဏ်ရာများဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း နာရေးကူညီမှု အသင်း များထံမှ သိရသည်။
ထို့ပြင် ယာဉ်ပေါ်ပါ အသက် ၈ နှစ် နှင့် ၁၂ နှစ်အရွယ်ရှိ မိန်းကလေး နှစ်ဦး နှင့် အမျိုးသမီး ၃ ဦးတို့ ဒဏ်ရာများ ရရှိခဲ့ကြသဖြင့် မြိတ်ဆေးရုံ ကြီးသို့ တင်ပို့ ခဲ့ရကြောင်း ယင်းဆေးရုံကြီးမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက် ၍ မြို့မရဲစခန်းက မြေသယ်ယာဉ် ယာဉ် မောင်းအား ယာဉ်အား ပေါ့ဆစွာ မောင်းနှင်သဖြင့် လူသေဆုံးခြင်းနှင့် ဒဏ်ရာများရရှိခဲ့သဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၄(က)^၃၃၇^၃၃၈^၂၇၉ တို့ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်း ယင်းရဲစခန်းမှ သိရသည်။

Related Posts