ကော့သောင်းတွင် စည်းကမ်းနှင့်မညီသည့် ရဟန်း၊ သာမဏေနှင့် သီလရှင်များအား တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်

သံဃအဖွဲ့အစည်း အခြေခံစည်း မျဉ်းစည်းကမ်းနှင့် မညီသည့်ရဟန်း၊ သာမဏေနှင့် သီလရှင်များအား တိုင် ကြားနိုင်သော အသိပေးချက်အား ကော့ သောင်းမြို့နယ် သာသနာတော်ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဖေဖော်ဝါရီ ဒုတိယပတ်က အသိပေးချက် ထုတ်ပြန် ထားသည်။

ရဟန်း၊ သာမဏေနှင့် သီလရှင် များ အိမ်တိုင်ရာ ရောက်လှည့်လည်၍ ရွှေငွေများ အလှူခံခြင်း၊ ကားဂိတ်၊ သင်္ဘောဆိပ်၊ ရထားဘူတာများ၌တားပြီး အလှူခံခြင်း၊ အရက်သေစာ သောက်စား မူးယစ်ခြင်း၊ လောင်းကစားမှု ကိုယ်တိုင် ပြုခြင်း၊ ကျောင်းသားငယ်များအား အလှူခံခိုင်းခြင်း စသည့်အချက်များ တွေ့လာပါက နိုင်ငံတော် သံဃမဟာနာ ယကမှ ထုတ်ပြန်ထားသော စည်းမျဉ်း စည်းကမ်းအရ တိုင်ကြားနိုင်စေရန် ယခုကဲ့သို့ ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။

အထက်ပါ စည်းပျက်သည့် ကိစ္စ များနှင့် ပတ်သက်ပြီး မကြာခဏတိုင် ကြားမှုများရှိသည့်အတွက် ယင်းသို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ကော့သောင်း မြို့နယ် သံဃာစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဥက္ကဋ္ဌ အရှင်ဘဒ္ဒန္တနန္ဒိယက မိန့်ကြား သည်။
“သာသနာရေးဦးစီးဌာနအနေနဲ့ ကတော့ တိုင်ကြားလာရင် သံဃာထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ကို အကြောင်း ကြားရတယ်၊ အဲ့ဒီအဖွဲ့က ဓမ္မစက်နဲ့ ထိန်းမရတဲ့ အာဏာစက်နဲ့ရှင်းမှ ရတဲ့ ကိစ္စတွေဆို သာသနာရေးက ဒေသ အာဏာပိုင်တွေနဲ့ပူးပေါင်းပြီး ဆောင် ရွက်ပေးရတဲ့ တာဝန်တော့ရှိပါတယ်”ဟု ကော့သောင်းမြို့နယ် သာသနာရေး ဦးစီးမှူး ဦးမင်းသိဒ္ဓိအောင်က ပြောသည်။

သံဃအဖွဲ့အစည်း အခြေခံစည်း မျဉ်းစည်းကမ်းနှင့်မညီသည့်ရဟန်း၊သာ မဏေနှင့် သီလရှင်များအား သာသနာ ညှိုးနွမ်းမှု ပုဒ်မ၂၉၅-ကအရ အရေးယူ နိုင်ပြီး ထောင်ဒဏ် ၆ လမှ ၂ နှစ် အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ဘဒ္ဒန္တနန္ဒိယ က မိန့်ကြားသည်။
“ပထမကြိမ် သတိပေး၊ ဒုတိယအ ကြိမ် နယ်နှင်ပြီး တတိယကြိမ်ဆို ထောင်ဒဏ်ပဲ”ဟု ဘဒ္ဒန္တနန္ဒိယက မိန့် ကြားသည်။

ယခုကဲ့သို့ ထုတ်ပြန်သည့်အတွက် အများပြည်သူအနေဖြင့် ပူးပေါင်းဆောင် ရွက်နိုင်ပြီး သေချာစွာ အကောင်အထည် ဖော်လုပ်ဆောင်ပါက ကောင်းမွန်မည် ဖြစ်ကြောင်းဟု အောင်သုခရပ်ကွက် နေ ဆိုင်ကယ်ကယ်ရီမောင်းနေသူ ဦးစိုးမြင့် က ပြောသည်။
“ဦးပဉ္ခင်းတို့အနေနဲ့ကတော့ ဝိနည်း အတိုင်းနေကြတာပဲ၊ ဝိနည်းမညီတဲ့ ကိုယ်တော်တွေကိုလဲတွေ့ရင် မဖြစ်စေ ချင်ပေမဲ့ ပြောလို့ အဆင်မပြေတာတွေ ရှိတယ်။ အခုလို အဖွဲ့နဲ့ ထိန်းသိမ်းပေး တော့ ကောင်းပါတယ်”ဟု မြို့မဈေးသို့ နေ့စဉ် ဆွမ်းခံကြွလေ့ရှိသည့် ဦးပဉ္ခင်း တစ်ပါးက မိန့်သည်။

ကော့သောင်းမြို့နယ်တွင် သုဓမ္မာ၊ မူလဒွါယ၊ ရွှေကျင်ဂိုဏ်း ၃ ခုရှိပြီး ဘုန်းကြီးကျောင်း ၁၇၄ကျောင်း၊ သီလရှင် ကျောင်း ၃ ကျောင်း၊ ရဟန်း သာမဏေ ၁၁၅၅ ပါးနှင့် သီလရှင် ၆၂ ပါးရှိကာ ၂၀၁၈ ခုနှစ်အတွင်း စည်းပျက်သံဃာ ၃ ပါး အရေးယူမှု ရှိခဲ့ကြောင်း ကော့သောင်း မြို့နယ် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနရုံးစာရင်းမှ သိရသည်။

Related Posts