နှစ်လအတွင်းယာဉ်တိုက်မှုကြောင့် သေဆုံးသူ ကော့သောင်းအများဆုံး

အချိန်နှစ်လခန့်အတွင်း ယာဉ်တိုက် မှုကြောင့် သေဆုံးသူဦးရေမှာ ကော့ သောင်းခရိုင်တွင် အများဆုံးဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ဇန်နဝါရီလ ၁ ရက်မှ ဖေဖော်ဝါ ရီလ ၂၆ ရက်အထိ ကော့သောင်းခရိုင်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၉ ဦး၊ မြိတ်ခရိုင်တွင် ၈ ဦးနှင့် ထားဝယ်ခရိုင် တွင် ၇ ဦးရှိကြောင်း တိုင်းရဲတပ်ဖွဲ့ စာ ရင်းအရ သိရသည်။
အဆိုပါ ကာလတွင် ကော့ သောင်း ခရိုင်အတွင်း ယာဉ်တိုက်မှု ၂၂ မှု ဖြစ်ပွားခဲ့ပြီး မြိတ်ခရိုင်တွင် ယာဉ်တိုက်မှု ၂၅ မှုနှင့် ထားဝယ်ခရိုင်တွင် ယာဉ်တိုက် မှု ၄၀ ဖြစ်ခဲ့ကြောင်း တိုင်းရဲမှတ်တမ်းတွင် ဖော်ပြသည်။

တိုင်းအတွင်း ယာဉ်စီးနင်းအသုံးပြု သူများ၏ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းလိုက်နာမှု အားနည်းချက်များ ကြောင့် ယာဉ်တိုက်မှု အများဆုံးဖြစ်ပွား လျက် ရှိသည်။
ပြည်သူများ ယာဉ်စည်းကမ်း လမ်း စည်းကမ်းလိုက်နာမှုရှိလာစေရေးအတွက် ဌာနဆိုင်ရာများ၏ အရေးယူဆောင်ရွက် မှုကဏ္ဍတွင် အားနည်းနေကြောင်း ထား ဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိအရေးပေါ် လူနာကုညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ထောက်ပြသည်။

“အခုပဲဖမ်းလိုက် ခဏကြာရင် နား လိုက်ဆို စည်းကမ်းလိုက်နာမှုက အား နည်းလာကြတယ်”ဟု ဦးနိုင်မျိုးသွင်က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီ လမှ ဖေဖော်ဝါရီလအထိ ယာဉ်တိုက်မှု ကြောင့် သေဆုံးသူ ၄၃ ဦး ရှိခဲ့သည်။

Related Posts