ကလေးခြင်္သေ့နဂါးအဖွဲ့ အလှူခံရငွေများကို လှူဒါန်း

ထားဝယ်မြို့တွင် ကလေးများပါဝင် သည့် တရုတ်ရိုးရာနဂါးနှင့် ခြင်္သေ့အက ဖြင့်လှည့်လည်ပြီး ရရှိသည့်အလှူငွေ ကျပ်ကိုးသိန်းကို ပရဟိတအဖွဲ့များနှင့် ဘကကျောင်းများကို ပြန်လည်လှူဒါန်း လိုက်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရ သည်။

ထားဝယ်မြို့အတွင်းရှိ ရပ်ကွက် အချို့တွင် ခြင်္သေ့နှင့် နဂါးအကကို ဖေ ဖော်ဝါရီလအတွင်းက ၅ ရက်ကြာ လှည့် လည်ကပြရာမှ ရရှိသည့် အလှူငွေ ကျပ် ၉ သိန်းကို ခွဲဝေလှူဒါန်းခဲ့ခြင်းဖြစ် ကြောင်း အဆိုပါ အဖွဲ့တွင် ပါဝင်သည့် Gမadန ၇ ကျောင်းသား မောင်မင်းခန့်စိုး ကျော်က ဆိုသည်။

“လှူလိုက်တဲ့ငွေတွေကို မသုံးချင် လို့ လိုအပ်တဲ့နေရာတွေမှာပဲ လှူဖြစ် တာ”ဟု မောင်မင်းခန့်စိုးကျော်က ပြော သည်။
အဖွဲ့ဝင် ၅၀ ဦးခန့်ပါဝင်သည့် ထိုအဖွဲ့တွင် KG တန်းမှ အဋ္ဌမတန်းအထိ ပညာသင်ယူနေသော ကလေးငယ်များ လည်း ပါဝင်သည်။

ပြီးခဲ့သည့်နှစ်ကလည်း ယင်းကဲ့သို့ လိုက်ကရာမှ ရရှိသည့်အလှူငွေကျပ် တစ်သိန်းကို ထားဝယ်မြို့ရှိ ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေး အဖွဲ့ထံ လှူဒါန်းခဲ့သည်။
ယခင်နှစ်က လိုက်ပါကပြခဲ့ဖူးသည့် ကလေး ၂၀ ဦးခန့်က အစိမ်းရောင် အင်္ကျီများကို တူညီဝတ်ဆင်ပြီး ယခုနှစ် တွင် စတင်ပါဝင်သည့် ကလေး ၃၀ ဦး ခန့်က အကျ Ðအဖြူရောင်ကို ဝတ်ဆင်ပြီး လိုက်လံကပြခဲ့သည်။
“လာမယ့်နှစ်မှာလည်း ထွက်ဦးမှာ၊ ရလာမယ့် အလှူငွေတွေကို တကယ်လို အပ်တဲ့နေရာမှာ လှူသွားမယ်”ဟု အဆို ပါအဖွဲ့တွင် ပါဝင်သည့် ၇ တန်းကျောင်း သား မောင်ဘုန်းထက်စံက ပြောသည်။

အဆိုပါ ကလေးများ ကပြခဲ့သည့် ခြင်္သေ့ဦးခေါင်းကို ဝါးခြမ်းပြား၊ ရေသန့် ဘူးခွံ၊ သတင်းစာစက္ကူ အစရှိသည့် စွန့် ပစ်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ် သည်။
ရရှိလာသည့် အလှူငွေများကို ဇမ္ဗူသီရိအဖွဲ့သို့ ကျပ် တစ်သိန်း၊ ထား ဝယ်ဘိုးဘွားရိပ်သာကို ကျပ်တစ်သိန်းခွဲ၊ အာယုဒါန ပါရမီမြောက် ကုသိုလ်ဖြစ် အရေးပေါ်အောက်ဆီဂျင်ကို ကျပ် နှစ် သိန်း၊ ဇေယျဘုမ္မိဘုန်းတော်ကြီးသင် ကျောင်းသို့ ကျပ် နှစ်သိန်း၊ လေးထပ် ကျောင်း ဘုန်းတော်ကြီးသင်ကျောင်းသို့ ကျပ် နှစ်သိန်းနှင့် ကမ်းနားဘုံကျောင်းသို့ ငါးသောင်းလှူဒါန်းခဲ့ကြောင်းသိရသည်။

Related Posts