ထိန်းသိမ်းတောများသည် ဒေသခံများအတွက် ခြိမ်းခြောက်မှု အသစ် ဖြစ်လာသလား

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကာကွယ်ထိန်းသိမ်းတောများ တည် ထောင်ခြင်းကြောင့် ထောင်ပေါင်းများ စွာသော ကရင်ဌာနေတိုင်းရင်းသား၏ နေထိုင်အသက်မွေးမှုကို ခြိမ်းခြောက် နေကြောင်း “တနောသရီထိန်းသိမ်းရေး မိတ်ဖက်များ”က ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်ချက် တစ် စောင်ထုတ်ပြန်လိုက်သည်။
တည်ထောင်ရန်ရှိသည့် ကာကွယ် ထိန်းသိမ်းတောများက ရာစုနှစ်ချီ နေ ထိုင်လာခဲ့သည့် ဌာနေတိုင်းရင်းသားများ ၏ နေထိုင်လုပ်ကိုင်နိုင်မှုကို ကန့်သတ် လာတော့မည်ဖြစ်ပြီး မြေယာအခြေပြုရင်း နှီးမြုပ်နှံမှုများ၊ မြေယာပိုင်ဆိုင်ခွင့်များ ကို ထိခိုက်မှုရှိလာကာ ဘ၀နှင့် အသက် မွေးမှုများကို ခြိမ်းခြောက်လာတော့မည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
လက်ရှိ ကာကွယ်ထိန်းသိမ်းတော ထူထောင်ရန် အဆိုပြုထားသည့် တန င်္သာရီအမျိုးသားဥယျာဉ်နှင့် လေညာ အမျိုးသားဥယျာဉ် ၂ ခုပေါင်း အကျယ် အဝန်းမှာ ဧကပေါင်း ၁ ဒသမ ၄ သန်း (တနင်္သာရီတိုင်းတစ်တိုင်းလုံး၏ ၁၂ ရာခိုင်နှုန်းကျော်)ရှိကာ ယင်းဧရိယာ အတွင်းရှိ ကျေးရွာပေါင်း ၅၅ ရွာ၊ လူဦးရေ တစ်သောင်းခြောက်ထောင် ကျော် (၁၆၆၅၁ ဦး)တို့ များစွာထိခိုက်မှု ရှိနိုင် ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းဧရိယာအတွင်းရှိ နေထိုင်သူ များမှာ စစ်ဘေးဒဏ်ကြောင့် ၁၉၉၆ ခုနှစ်ခန့်မှစ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်ခဲ့ရပြီး ၂၀၀၀ ခုနှစ်ခန့်ရောက် မှသာ ပြန်လည်တည်ထောင်နေထိုင်လာ ခဲ့သူများဖြစ်ပြီး ယခုတဖန်ကန့်သတ်မှု များ၊ ဖယ်ရှားခံရခြင်းများ ပြုလုပ်ခံရ မည်ကို စိုးရိမ်နေကြကြောင်း တနောသရီထိန်းသိမ်းရေးမိတ်ဖက်များထဲမှ တစ် ဖွဲ့ဖြစ်သော တောင်ပိုင်းလူငယ်ဖွံ့ဖြိုးရေးအဖွဲ့ တာ ဝန်ခံစောစံငွေက ပြောသည်။
“သူတို့ရဲ့ဘ၀တွေ ဒုတိယအကြိမ် ပြန်လည်ပြီး ပျက်စီးမှာကို သူတို့စိုးရိမ်နေကြတယ်”ဟု စောစံငွေ က ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့်ပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ကမူ သဘာဝနယ်မြေကာကွယ်ထိန်းသိမ်းတောအတွင်း ရှိ ကျေးရွာများ၊ လူနေအိမ်များနှင့် တည်ထောင်စိုက်
ပျိုးပြီးသော ဓါးမဦးချဥယျာဉ်ခြံမြေများ ပြောင်း ရွှေ့ရမည်မဟုတ်ဘဲ ကာကွယ်တောအတွင်းမှ ချန် လှန့်ခဲရမည်ဖြစ်ကြောင်း ပြောသည်။

ကာကွယ်တောတည်ထောင်ခွင့်ကို ပြည်ထောင် စုက အတည်ပြုသော်လည်း တိုင်းအစိုးရအဖွဲ့အနေ
ဖြင့် မြေပြင်အခြေအနေနှင့် ဥပဒေလုပ်ထုံး လုပ် နည်းများအတိုင်း ကျေးရွာနှင့် စိုက်ပျိုးမြေများ ချန်လှန့်ရန် သဘောထားမှတ်ချက်ပေးနိုင်ကြောင်း ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။
“ဒီနေရာမှာ ရွာတွေရှိမယ်၊ ပိုင်ဆိုင်မှုတွေရှိ မယ်၊ ဥယျာဉ်ခြံမြေတွေ ရှိမယ်ဆိုရင် ချန်လှန့်ပြီး တော့ပေါ့၊ ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောရဲ့ လုပ် ထုံးလုပ်နည်းတွေထဲမှာလည်း အသေးစိတ်ပါတယ်။ စိုးရိမ်စရာမရှိပါဘူး”ဟု ဝန်ကြီးက ဆိုသည်။

အထက်ပါ တနင်္သာရီနှင့် လေညာဥယျာဉ်တို့ အတွင်းရှိ ဒေသခံများကမူ သူတို့ဘ၀ရေးအတွက် ခိုင်မာသောအာမခံချက်များရရှိလိုကြောင်း ပြောကြ သည်။
သဘာဝနယ်မြေကာကွယ်ထိန်းသိမ်းတော အဖြစ် ၂၀၀၂ ခုနှစ်ခန့်ကတည်းက အဆိုပြုထား ကြောင်းကို ၂၀၁၇ ခုနှစ်မှ စတင် သိရှိရကြောင်း တောင်ပိုင်း လူငယ်ဖွံ့ဖြိုးရေးအဖွဲ့တာဝန်ခံ စောစံ ငွေက ပြောသည်။
လေညာဥယျာဉ်အတွင်းရှိ ချောင်းဆုံရွာသား စောစိုးမြတ်ကလည်း သူတို့ရွာရှေ့ရေးအတွက် တစ်စုံတရာ တိတိကျကျသိလိုကြောင်း ပြောသည်။

“ခုသတင်းကြားတဲ့အခါကျတော့ ကျွန်တော် တို့ ကျေးရွာသူကျေးရွာသားတွေက ကာကွယ်တော ကို အသိအမှတ်ပြုတဲ့အခါကျရင် ကျွန်တော်တို့ အခွင့်အရေးတွေ ဘယ်လောက်ဆုံးရှုံးမလဲ၊ ကြိုတင်
ပြီးတော့ (ရွာသား)အားလုံးမသိကြဘူးခင်ဗျ”ဟု စောစိုးမြတ်က ဆိုသည်။

ဒေသခံများကမူ ကာကွယ်ထိန်းသိမ်းတောတည်ထောင်ရေးအတွက် ဒေသခံများနှင့် အသိပေး
ညှိနှိုင်းဆွေးနွေးခြင်းမျိုးမလုပ်ခဲ့သဖြင့် ယင်းအစီ အစဉ်များသည် Green Grab ဟု အမည်တပ် နိုင်သော သစ်တောများ သိမ်းပိုက်ရေး အစီအစဉ် အဖြစ်သာ ရှုမြင်ကြောင်း ဖွင့်ဟကြသည်။
ဝန်ကြီး ဦးမြင့်မောင်ကမူ သဘာဝ ကာကွယ် ထိန်းသိမ်းတောများ အဆိုပြုတည်ထောင်ရခြင်းမှာ သစ်တောဖုံးလွှမ်းမှုအတွက်သာဖြစ်ပြီး ဒေသခံတို့ ၏ဘ၀ကို မထိခိုက်နိုင်ဟု ပြောသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များက တနင်္သာရီတိုင်း အတွင်း သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ် တောများ သတ်မှတ်ခဲ့ဖူးရာ လူနေထိုင်သည့် ကျေး ရွာအချို့ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ အတွင်းကျရောက်ဖူးပြီး ဒေသခံတို့ ဆုံးရှုံးနစ်နာမှု များ ကြုံတွေ့ခဲ့ရဖူးသည်။

၁၉၉၆ ခုနှစ်မှအစ လောင်းလုံးမြို့နယ် မျှော် ရစ်သစ်တောကြိုးဝိုင်း၊ မောင်းမကန်ကြိုးပြင်ကာ ကွယ်တောများအဖြင့် သတ်မှတ်ခဲ့ရာ ယင်းဧရိယာ အတွင်း ဘိုးစဉ်ဘောင်ဆက်တည်ထောင် နေထိုင်ခဲ့ သော ရွာ ၁၂ ရွာခန့်ပါဝင်ခဲ့ဖူးပြီး ယင်းရွာများ၏ အိမ်နှင့် မြေယာပိုင်ဆိုင်မှုများလည်း ၂၀၀၁ ခုနှစ် မှ ယခုထိမရရှိခဲ့တော့ပေ။
သို့ကြောင့် ယင်းဒေသအတွင်းမှ ဒေသခံများ က အစိုးရစိုက်ပျိုးချေးငွေများမှအစ အခြားအခွင့် အရေးများ၊ မြေယာပြဿနာ ဖြေရှင်းရခက်ခဲခြင်းများ ပေါ်ပေါက်ခဲ့သည်။

ယင်းဧရိယာအတွင်းရှိ ကျေးရွာများ ကို ၂၀၁၅ ခုနှစ်မှအစ ကြိုးဝိုင်းကြိုးပြင် အဖြစ်မှ တဖြည်းဖြည်း ပြန်လည် ပယ်ဖျက်ခဲ့သော်လည်း မြေပြင်အခြေအနေ တွင် လက်ရှိအချိန်ထိ ပိုင်ဆိုင်မှုအထောက်အထား များ မရရှိကြသေးကြောင်း မောင်းမကန်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြောသည်။
“ခုထိ ပိုင်ဆိုင်မှုအထောက်အထား မရရှိကြ သေးဘူး၊ ဥယျာဉ်တွေလည်း ကြိုးပြင်ကာကွယ်တော ဖြစ်နေတော့ ဥယျာဉ်တွေ ပုံစံ(၇)မရကြဘူး” ဟု ဦးသန်းနိုင်က ပြောသည်။

ယင်းသို့ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာ ကွယ်တောများသတ်မှတ်သည့် ဧရိယာအတွင်း ရာစုနှစ်ချီနေထိုင်ခဲ့သည့် ကျေးရွာများ ကျရောက်ပါ ဝင်ခဲ့ကာ ဒေသခံတို့ အခွင့်အရေး ယခုထိ ဆုံးရှုံး နေရခြင်းမှာ ယင်းအချိန်က ကြိုးဝိုင်း ကြိုးပြင်အဖြစ် သတ်မှတ်ခဲ့သည့် တာဝန်ရှိသူတို့ ယင်းဒေသသို့ တိုက်ရိုက်လာရောက်ခြင်းမရှိဘဲ ခေတ်မမီတော့ သောမြေပုံဟောင်းများပေါ်တွင်သာ သတ်မှတ် အတည်ပြုခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဒေသခံတို့က ဆိုကြသည်။
ယင်းသို့ ယခင်ကသတ်မှတ်ခဲ့သည့် ကာကွယ် တောများ၏ဒဏ်ကို ဒေသခံများ ခံစားနေရဆဲ အချိန်တွင် ယခုအဆိုပြုတည်ထောင်မည့် သဘာဝ ကာကွယ်ထိန်းသိမ်းတောများ၏ အကျိုးအပြစ်များ
ကို တာဝန်ရှိသူများက ပွင့်လင်းစွာကြိုတင် အသိ ပညာပေးဆွေးနွေးခြင်းများ ပြုလုပ်သင့်ကြောင်း ဒေသခံများက ဆိုကြသည်။

လေညာနှင့် တနင်္သာရီအမျိုးသား ဥယျာဉ် ဧရိယာအတွင်းကျရောက်နေသည့် ဒေသခံတို့က အစိုးရနှင့် ပြည်သူနှစ်ဦးနှစ်ဘက် ပြေလည်မည့် နည်းလမ်း များ ပေါ်ပေါက်လာရန် တာဝန်ရှိသူများ နှင့်ထိတွေ့ဆွေးနွေးပွဲများကိုမျှော်လင့်နေကြသည်။

လက်ရှိနေထိုင်နေသူတို့အပါအဝင် ပြန်လည် အခြေချနေထိုင်မည့် ပြည်တွင်းပြည်ပရောက် စစ် ဘေးရှောင်များ အနာဂတ်လုံခြုံစွာ အသက်မွေးနေ ထိုင်နိုင်ရေး၊ နောင်လာနောင်သားများ မြေယာနှင့် သစ်တောအရင်းအမြစ်သုံးစွဲနှိုင်မှုဆိုင်ရာ အခွင့်အရေး များ မချို့တဲ့စေရေးကို တင်ပြဆွေးနွေးလိုကြပြီး အစိုးရမှချမှတ် အကောင်အထည်ဖော်မည့် သဘာဝ ကာကွယ်ရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးကို လည်း ရှေးရှုဆွေးနွေးလိုကြောင်း ပြောကြသည်။

အစိုးရတာဝန်ရှိသူများက သဘာဝကာကွယ် တော မသတ်မှတ်မီ ရွာသားများနှင့် တိုင်ပင်ဆွေး နွေးနိုင်ရန် ကျေးရွာသို့ လာရောက်စေလိုကြောင်း ဘုတ်ပြင်းမြို့နယ် ချောင်းဆုံရွာသား စောစိုးမြတ်က ပြောသည်။
“ကျွန်တော်တို့လည်း သိပါတယ်၊ နိုင်ငံတော် အတွက်ကို အကျိုးရှိဖို့အတွက် ဆောင်ရွက်ပေးဖို့ အတွက်ပါ ကျွန်တော်တို့ ပြည်သူတွေလည်း တာ ဝန်ရှိသလို ကျွန်တော်တို့ လုပ်စားပိုင်ခွင့်တွေကို နိုင်ငံတော်အစိုးရလည်း နည်းနည်းလောက် စဉ်းစား ပေးခိုင်းစေချင်တာပေါ့”ဟု စောစိုးမြတ်ကဆိုသည်။

အထက်ဖော်ပြပါ တနောသရီထိန်းသိမ်းရေး မိတ်ဖက်များ၏ ထုတ်ပြန်ချက်တွင်လည်း ယင်းသို့ တွေ့ဆုံအသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ရန် တောင်းဆိုထားသည်။
ကာကွယ်ထိန်းသိမ်းတောများကို ခေတ် နောက်ကျနေသည့် အထက်-အောက်ဆန်သောနည်း လမ်းဖြင့်ချမှတ်အကောင်အထည်ဖော်နေပြီး ဒေသ ခံတို့၏ ပူပေါင်းပါဝင်ခွင့်ကို ဖယ်ထုတ်ထားခြင်း၊ ဌာနေတိုင်းရင်းသားများ၏အခွင့်အရေးကို ချိုး ဖောက်ခြင်းစသည်တို့ကြောင့် သစ်တောကာကွယ် ရေးလုပ်ငန်းစဉ် မဖြစ်မနေ ကျဆုံးမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Related Posts