ခြေလေးချောင်းတော်လှန်ရေး (၁၉)

ယခင်အပတ်မှ အဆက်

ရက်အနည်းငယ်ကြာ၍ သစ္စာဖေါက် များကို အဆုံးစီရင်မှုများနှင့် ပတ်သက်၍ ထိတ်လန့်ကြောက်ရွံ့ခြင်းများကို ပြေ ပျောက်သွားသောအခါ အချို့တိရစ္ဆာန် များ စိတ်တွင် “တိရစ္ဆာန်အချင်းချင်း မ သတ်ရ”ဟူသော ဆဋ္ဌမမြောက် အခြေခံ တရားကြီးကို သတိရကြသလိုလို အောက် မေ့ကြသည်။ ထိုအကြောင်းကို ဝက်များ ခွေးများ ကြားလောက်သည့် နေရာတွင် မပြောရဲကြသော်လည်း တိရစ္ဆာန်အချင်း
ချင်း သတ်ဖြတ်ကြခြင်းမှာ ဆဋ္ဌမမြောက် အခြေခံတရားကြီးနှင့် မညီညွတ်သည့် အဖြစ်ကိုကား အားလုံးသဘောတူကြ သည်။ ခွါဖြူက မဟော်အား “ဟေ့ မဟော်ရေ ငါ့ကို ဆဋ္ဌမအ ခြေခံတရားကြီး ကို ဖတ်ပြစမ်းပါ”ဟု ခိုင်းသည်။ မဟော် က “ငါဒီလိုကိစ္စတွေထဲ ဝင်မပါချင်ပါဘူး ဟာ”ဟု ခါတိုင်း ပြောသလိုပြောသည်။ ထိုအခါ ခွါဖြူက မုတ်ဆိတ်ဆီသွား၍ “ဟေ့ မုတ်ဆိတ်ရေ ငါ့ကို ဆဋ္ဌမအခြေခံ တရားကြီးဖတ်ပြစမ်းပါ”ဟု ဆိုသည်။ မုတ်ဆိတ်ကသွား၍ ဖတ်ကြည့်သောအခါ “တိရစ္ဆာန်အချင်းချင်း အကြောင်းမဲ့ မ သတ်ရ”ဟု ရေးထားသည်ကိုတွေ့ရသည်။ အကြောင်းမဲ့ဆိုသော စကားလုံးပါသည် ကို တိရစ္ဆာန်များ သတိမထားမိကြ။ သို့ ဖြစ်ရာ သစ္စာဖေါက်တိရစ္ဆာန်များကို သတ်ခြင်းမှာ ဆဋ္ဌမအခြေခံတရားကြီး နှင့် ဆန့်ကျင်သည်ဟု မဆိုနိုင်ဘဲရှိတော့ သည်။ ဘော်ဖြူနှင့်ပေါင်း၍ သစ္စာဖေါက် သော တိရစ္ဆာန်များကိုသတ်ခြင်းသည် အကြောင်းကောင်းစွာ လုံလောက်သည် သာ ဖြစ်တော့သည်။

ထိုနှစ်တွင် တိရစ္ဆာန်များမှာ လွန်ခဲ့ သောနှစ်ကထက် ပို၍ အလုပ်ကြိုးစား လုပ်ကြသည်။ ဓါတ်မီးစက်နံရံမှာလည်း ယခက်ကထက် နှစ်ဆတိုး၍ ထူသည်။ ထိုစက်ကို ယခင်က အချိန်သတ်မှတ်ထား သည့်အတိုင်း ပြီးအောင်ထပ်၍ လုပ်ရ မည့်အလုပ်မှာ မိမိတို့၌ အခြားလုပ်မြဲ အလုပ်များလည်း ရှိနေသေးသဖြင့် အင်မ တိအင်မတန် တာဝန်ကြီးသော အလုပ် ကြီးဖြစ်သည်။ တခါတရံ တိရစ္ဆာန်တို့ စိတ်၌ အလုပ်ချိန်ကိုလည်း ပို၍ လုပ်ရ သည်။ စားရသည့်အခါမှာ ဦးသာခေါင် လက်ထက်က အစာမျိုးသာဖြစ်သည်ဟု ထင်ကြသည်။ တနင်္ဂနွေနေ့ နံနက်များ တွင် သံကြောင်က စာရွက်ရှည်ကြီး တခု ကို ကိုင်၍ ကောက်ပဲသီးနှံ အမျိုးမျိုးမှာ ယခင်ကထက် တချို့နှစ်ဆ တချို့သုံးဆ တချို့လေးဆ တချို့ငါးဆ ပို၍ထွက် ကြောင်းဖတ်ပြသည်။ တိရစ္ဆာန်များမှာ ယခင်တော်လှန်ရေးမအောင်မြင်မီက မိမိတို့မှာ ဘယ်အခြေအနေ ရှိခဲ့ကြသည် ဟု မသိကြသဖြင့် သံကြောင်ပြောသမျှ ကိုသာ ယုံကြည်ကြရသည်။ သို့ဖြစ်လင့် ကစား တိရစ္ဆာန်တို့စိတ်၌ စာရင်းအင်း များထဲတွင် ကောက်ပဲသီးနှံပို၍ ထွက်နေ ခြင်းထက် အစားအစာ အကယ်ပို၍ စား ရကြလျှင် ကောင်းမှာဘဲဟု အောက်မေ့ ကြသည်။

ဗန္ဓုလမှာ ခါတိုင်းကဲ့သို့ အစည်းအ ဝေးများ သိမလား။ တစ်လလျှင် နှစ်ခါ လောက်သာလာသည်။ သူပေးချင်သော အမိန့်များကို သံကြောင်ကိုဖြစ်စေ အခြား ဝက်တကောင်ကောင်ကို ဖြစ်စေ လွှတ် ၍ပေးသည်။ ဗန္ဓုလသည် အစည်းအဝေး သို့လာသည့်အခါတွင် နောက်ပါ ခွေးများ ဖြင့်သာ ရံ၍လာသည်မဟုတ်။ သူ့ရှေ့မှ ရှေ့တော်ပြေးသဖွယ် ကြက်ဖနက်ကလေး တကောင်ကို စေလွှတ်၍ သူစကားမပြောမီ အောက်အောက် အီ အီ အွတ်ဟု ကျယ် လောင်စွာ တွန်စေသည်။ ဦးသာခေါင် အိမ်ထဲ၌ ဗန္ဓုလမှာ သူ့အခန်းနှင့်သူသီး ခြားနေသည်ဟုလည်း ပြောကြသည်။ အစာစားသည့်အခါတွင်လည်း ဦးသာ ခေါင်ကျန်ရစ်ခဲ့သော တိုက်ပန်းကန်ပြား အကောင်းစားကြီးများနှင့် ထည့်၍စား သည်။ ထိုပြင် အရေးကြီးသော နှစ်လည် အထိမ်းအမှတ်နေ့များမှာကဲ့ကို ဗန္ဓုလ၏ မွေးနေ့၌လည်း သေနတ်ဖေါက်ရန် အမိန့် ထုတ်ထားသည်။

ဗန္ဓုလမှာငယ်နာမည်ပျောက်၍ ကြီး နာမည်ရောက်၍လာပြီ။ ယခင်က ဗန္ဓုလ ကိုပင် ” ငါတို့ ခေါင်းဆောင်ကြီး ရဲဘော် ဗန္ဓုလ”ဟုခေါ်ကြသည်။ ဝက်များက လည်း ဗန္ဓုလကို “တိရစ္ဆာန်အားလုံး၏ ဖခင်”ဘွဲ့။ “လူသားနိုင်”ဘွဲ့ “သိုးများရန် ကာ” ဘွဲ့။ “ဝမ်းဘဲ ပေါက်စ ကြက်ပေါက် စအဆွေ” ဘွဲ့စသဖြင့် အမျိုးမျိုးဘွဲ့ထွင်၍ ပေးကြသည်။ သံကြောင်က မျက်ရည် ဖြိုင်ဖြိုင်ကျကာ ဗန္ဓုလအကြောင်း ချီး ကျူးစကားပြောရာတွင် ဗန္ဓုလသည် ပညာလည်း အင်မတန်ကြီး သဘော လည်း အင်မတန်ပြည့် တိရစ္ဆာန်အားလုံး အနက် အထူးသဖြင့် လူသားများ လက် အောက်ကမလွတ်သေးသော တိရစ္ဆာန်များ အား အင်မတန်ချစ်ရှာသည့် အကြောင်း များပါသည်။ ဗန္ဓုလမှာ ခေတ်ကောင်းနေ သဖြင့် အကြောင်းဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူ့ကိုပင် ဝိုင်း၍ချီး ကျူးကြသည်။ ကြက်မတစ်ကောင်အား “ဒို့ခေါင်းဆောင်ကြီး၏ ညွန်ကြားချက် ကြောင့် ငါဟာ ခြောက်ရက်အတွင်းမှာ ဥငါးလုံး ဥနိုင်တယ်အေ့ ” ဟု ပြောသည်။

အိုင်ထဲတွင် ရေသောက်နေသော နွားမနှစ်ကောင်ကလည်း ” ဒီအိုင်ထဲက ရေအေးတာ ကြည်တာဟာ ဒို့ခေါင်းဆောင် ကြီးရဲ့ ကျေးဇူးပေါ့အေ့”ဟု တစ်ကောင် နှင့် တစ်ကောင် ပြောကြသည်။ ကဗျာမိုရ် သေးသွယ်ဖွဲ့သော “ဗန္ဓုလဘွဲ့”ကိုကြည့် လျှင် တိရစ္ဆာန်အများက ဗန္ဓုလအပေါ်၌ မည်မျှလောက် ချစ်ခင်ကြည်ညိုကြသည် ကိုသိနိုင်သည်။ ဗန္ဓုလဘွဲ့မှာ အောက်ပါ အတိုင်းဖြစ်သည်။
ဖထက်ဆုံး ဒို့ခိုကိုးရာနှင့် ချမ်းသာခြင်းအစု ပေါ်ထွန်းရာဖြစ် သောစားခွက်တို့၏ အရှင်အိုရဲဘော် ဗန္ဓုလနေမင်းပမာ သင့်မျက်နှာကားတည်ငြိမ်သပ္ပါယ် ကြည်ညိုဖွယ်မို့ ငါလျှင်ဖူးရ ရှုမ၀။ ။
ဗန္ဓုလ ဗန္ဓုလ
အစာကို ကျွေးအိပ်ရာပေးသည့် ဗန္ဓုလ။
ဗန္ဓုလဗန္ဓုလ
တိရစ္ဆာန်တို့ဖခင် ဗန္ဓုလ။
ကြီးငယ်မချန် စောင့်ရှောက်ပြန်
တရားမှန်သည့် ဗန္ဓုလ
ဗန္ဓုလဗန္ဓုလ
အားလုံးချစ်တဲ့ ဗန္ဓုလ
နို့စို့ဝက်ငယ် နီထာရွယ်တောင်
ချစ်တယ်မုချ ” ဗန္ဓုလ”။ ။

အထက်ပါဘွဲ့ကို ဗန္ဓုလက သ ဘောတူအတည်ပြုပြီးလျှင် အခြေခံတရား ကြီး ခုနစ်ပါး ရေးထားသည့် စပါးကျီရှေ့ တည့်တည့်မျက်နှာချင်းဆိုင်တွင် အက္ခရာ တင်ထားဖို့ အမိန့်ပေးသည်။ ဗန္ဓုလဘွဲ့ အက္ခရာတင်ထားသည့် အထက်နားတွင် သံကြောင်က ဆေးဖြူဖြင့် ဗန္ဓုလ၏ဘေး တိုက်ထစောင်းပုံကို ရေးဆွဲထားသည်။

ထိုအတောအတွင်း၌ ဗန္ဓုလသည် ဦးသာရာမှတဆင့် ဦးအောင်ပန်းတို့ ဦးပေါက်ကျော်တို့နှင့် ကူးလူးဆက်ဆံ ရန် စေ့စပ်လျက်ရှိသည်။ ဗန္ဓုလသည် ဦးအောင်ပန်းနှင့် ဦးပေါက်ကျော် တစ် ယောက်ယောက်အား သစ်သားများကို ရောင်းချင်သည်။ ဦးအောင်ပန်းသည် ဗန္ဓုလထံမှ သစ်သားများကို အလိုရှိသော် လည်း ဈေးကောင်းကောင်းမပေး။ ထို အခိုက်တွင် ဦးအောင်ပန်းနှင့် တပည့်များ သည် ခြေလေးချောင်းကွင်းကို တိုက်၍ ဓါတ်မီးစက်ကိုပါ ဖျက်ဆီးပစ်ရန် ကြံ လျက်နေကြောင်း ကောလာဟလသတင်း ထွက်ပေါ်လာသည်။ ဘော်ဖြူလည်း ဦးအောင်ပန်ကွင်းတွင် ခိုလျက်နေသည် ဟု သိရသည်။ နွေရာသီအလယ်လောက် တုန်းကလည်း ဘော်ဖြူ၏ လှုံ့ဆော်ပေး ချက်အရ ကြက်မသုံးကောင်က ဗန္ဓုလကို သတ်ဖို့ ကြံစည်ကြောင်းကို ထိုကြက် မသုံးကောင်က ဖြောင့်ချက်ပေးကြသဖြင့် တိရစ္ဆာန်များ ထိတ်လန့်တုန်လှုပ်သွား ကြသည်။ ကြက်မသုံးကောင်လည်း ချက် ခြင်း အဆုံးစီရင်ခြင်းခံရပြီးလျှင် ဗန္ဓုလ ၏လုံခြုံရေးအတွက် အစောင့်အရှောက် ပို၍ထားသည်။ ဗန္ဓုလအိပ်သည့်အခါတွင် ဒေါင့်လေးဒေါင့်မှ ခွေးလေးကောင်စောင့် ရသည်။ အစာထဲတွင် အဆိပ်ခပ်မှာ စိုး သဖြင့် ဗန္ဓုလမစားမီ ဗန္ဓုလ၏အစာကို မျက်ထောက်နီခေါ် ဝက်တစ်ကောင်က ဦးဦးဖျားဖျာ မြည်း၍ ကြည့်ရသည်။

ထိုအချိန်အခါလောက်တွင် ဗန္ဓုလ သည် သူ့သစ်သားများကို ဦးပေါက်ကျော် သို့ ရောင်းဖို့စီစဉ်ပြီးကြောင်း သတင်း ထွက်လာသည်။ ခြေလေးချောင်းကွင်းနှင့် ဦးပေါက်ကျော်ကွင်းမှာ ရွှေလမ်းငွေလမ်း ဖေါက်၍ ထွက်ကုန်ချင်းဖလှယ်ကြလိမ့် မည်။ ဦးပေါက်ကျော်နှင့် ခြေလေးချောင်း ကွင်းမှာ တိုက်ရိုက်အဆက်အဆံ မရှိဘဲ ဦးသာရာဆီမှ တဆင့် ဆက်ဆံသော် လည်း ဆက်ဆံပုံမှာ ဖေါ်ဖေါ်ရွေရွေရှိ သည်။ တိရစ္ဆာန်များသည် ဦးပေါက်ကျော် အား လူသားတယောက်ဖြစ်သည့်အတွက် အယုံအကြည်မရှိကြသော်လည်း ဦးအောင် ပန်းကို ကြောက်ကြမုန်းကြသလောက် မကြောက်ကြမမုန်းကြ။ နွေကုန်ခါနီး၍ ဓါတ်မီးစက်လည်း ပြီးခါနီးသောအခါ ဦးအောင်ပန်းသည် သေနတ်ကိုင် လူသား နှစ်ဆယ်ကိုစု၍ ခြေလေးချောင်းကွင်းကို တိုက်ဖို့စီစဉ်ပြီးကြောင်းနှင့် သတင်းထပ် ၍ ထွက်လာပြန်သည်။

ဦးအောင်ပန်းသည် ခြေလေးချောင်း ကွင်းနှင့်ပတ်သက်သော မြေပိုင်ခွင့်”ဂရန်” များကို သူ့လက်ထဲရောက်လာသည်နှင့် တပြိုင်နက် ရုံးတို့ ဂါတ်တို့က မစစ်ဆေး ဘဲ ပိုင်ဆိုင်ခွင့်ရနိုင်စေရန် အလို့ငှါ ရုံး မင်းများနှင့် ပုလိပ်များကိုပင် လာဘ်ထိုး ပြီးပြီဟု ပြောကြသည်။ ထိုအတောအ တွင်း၌ ဦးအောင်ပန်းသည် သူ့ကွင်းက တိရစ္ဆာန်များကို မမြင်ဝံ့မကြားဝံ့လောက် အောင် နှိပ်စက်ညှဉ်းပန်းနေသည်။ နွား အိုများကို တိုင်မှာချည်ပြီး မသေမခြင်း ရိုက်၍သတ်သည်။ ခွေးများကိုလည်း မီး ပုံထဲသို့ ကြိုးနှင့်ချည်၍ ပစ်ချသည်။ ကြက်ဖများကိုလည်း အတက်တွင် သင် ဓုန်းသွားများချည်၍ တိုက်သည့်စသော သတင်းများ ထွက်လာသည်။ ထိုသတင်း များကို ကြားရသောအခါ တိရစ္ဆာန်များ သည် မိမိတို့ဘ၀တူ တိရစ္ဆာန်များအတွက် မခံမရပ်နိုင်လောက်အောင်ဖြစ်ကြပြီး လျှင် ဦးအောင်ပန်းကို တော်လှန်ပြီးလျှင် ဦးအောင်ပန်းကွင်းက တိစ္ဆာန်များအား လွတ်လပ်အောင် လုပ်ကြရမည်ဟုပင် အရေးဆိုကြသည်။ ထိုအခါ သံကြောင်က တိရစ္ဆာန်များအား အလျင်စလို မပြုလုပ် ကြရန် တားမြစ်ပြီးလျှင် ရဲဘော်ဗန္ဓုလ စီမံခန့်ခွဲသည်ကိုသာ လိုက်နာကြရန် ဩ ဝါဒပေးသည်။

ထိုသို့ပင် သံကြောင်က ပြောသော် လည်း တိရစ္ဆာန်တို့သည် ဦးအောင်ပန်း အပေါ်တွင် အမုန်းကြီးမုန်းလျက်သာ ရှိ ကြသည်။ တနေ့သော တနင်္ဂနွေနေ့ နံ နက်ခင်းတွင် တိရစ္ဆာန်များကို စပါးကျီ အနီးတွင် စုဝေးစေပြီးလျှင် ဗန္ဓုလက သူ သည် မည်သည့်အခါကမျှ ဦးအောင်ပန်း အား သစ်သားများရောင်းရန် မကြံခဲ့ ကြောင်း ဦးအောင်ပန်းလို ယုတ်မာသော လူသားများနှင့်လည်း သူ့ဂုဏ်အပျက်ခံ ပြီး ဆက်ဆံခြင်း ရှိလိမ့်မည်မဟုတ် ကြောင်း ပြောပြသည်။ ထို့နောက် ခြေ လေးချောင်း တော်လှန်ရေးအတွက် ဝါဒ ဖြန့်ချိဖို့ တာဝန်ကျသော ခိုများအား ဦးအောင်ပန်းကုန်းသို့ ခြေဦးတောင်မ လှည့်ကြဖို့ အမိန့်ပေးပြီးလျှင် ယခင်က သူတို့ အော်နေကြဖြစ်သော “လူသားမှန် လျှင် အကုန်သတ်” ဆိုသည့် ကြွေးကြော် သံအစား ” ဦးအောင်ပန်းကို တွေ့ရာမှာ သတ်”ဆိုသည့် ကြွေးကြော်သံကို အအော် ခိုင်းသည်။
ကောက်သိမ်းချိန်ကျသောအခါ ဘော်ဖြူ၏ အဖျက်အလုပ်တခုကို တွေ့ရ ပြန်သည်။ ဘော်ဖြူသည် တစ်ညတွင် လယ်များထဲသို့ ပေါင်းစေ့များ ချထား သဖြင့် လယ်များမှာ ပေါင်းပင်များဖြင့် ပြည့်နေတော့သည်။ ထိုအကြောင်းကို ငန်းဖို တစ်ကောင်က ဘော်ဖြူနှင့်အတူ ပေါင်းစေ့များကြဲရကြောင်းနှင့် ဖြောင့် ချက်ပေးသည်။ ထိုငန်းဖိုလည်း ဖြောင့် ချက်ပေးပြီး မကြာမီပင် ကြွေးဥကိုစား၍ သူ့ကိုယ် သူသတ်သေလိုက်သည်။ ဘော်ဖြူသည် “တိရစ္ဆာန်ဇာနည် ပထမ တန်း” ဘွဲ့ရသည်ဟု တိရစ္ဆာန်အများက ယုံကြည်ခဲ့ကြသော်လည်း စင်စစ်အားဖြင့် ဘော်ဖြူသည် မည်သည့်အခါကမျှ ထို ဘွဲ့ကိုမရဘူးကြောင်းကို ကြားသိရသည်။ ထိုကဲ့သို့ ဘော်ဖြူ “တိရစ္ဆာန်ဇာနည် ပထမတန်း”ဘွဲ့ရသည်ဆိုခြင်းမှာ ဘော် ဖြူကိုယ်တိုင်က လွှင့်ထားသော ဒဏ္ဍာရီ သတင်းသာဖြစ်သည်။ ဘော်ဖြူသည် ဘွဲ့မရရုံသာမဟုတ်။ နွားတင်းကုပ်တိုက် ပွဲတွင် သူရဲဘောကြောင်သည့်အတွက် ရှုတ်ချခြင်းပင်ခံရသေးသည်။ ထိုအကြောင်း ကိုကြားရသောအခါ အချို့သောတိရစ္ဆာန် တို့က မယုံကြဘဲရှိသည်။ ထိုအခါ သံ ကြောင်က မယုံကြသော တိရစ္ဆာန်တို့အား “ရဲဘော်တို့ သင်တို့ သတိမကောင်းလို့ ထင်ယောင်ထင်မှားဖြစ်နေတာပါ။ တ ကယ်ဆိုတော့ ဘော်ဖြူရှုတ်ချခြင်းခံရ သည်မှာ အမှန်ပါ”ဟု ပြောသဖြင့် တိရစ္ဆာန် များမှာ သံကြောင်၏စကားကိုပင် ယုံ ကြည်ကြရတော့သည်။

ကောက်ရိတ်ချိန်သည် ဓါတ်မီးစက် ပြီးအောင်တည်ဖို့အချိန်နှင့် တိုက်ဆိုင် နေသဖြင့် တိရစ္ဆာန်များမှာ အလုပ်ကို အကြီးအကျယ် ကြိုးစား၍ လုပ်ကြရ သည်။ ဓါတ်မီးစက် အဆောက်အဦမှာ တည်၍ ပြီးပြီ။သို့ရာတွင် အတွင်း၌ စက် မတပ်ရသေး။ ဗန္ဓုလသည် စက်ဝယ်ဖို့ အတွက် ဦးသာရာနှင့် စေ့စပ်လျက်ရှိ သည်။ တိရစ္ဆာန်တို့မှာ အခက်အခဲအမျိုး မျိုးနှင့် ကြုံတွေ့ရခြင်း အလုပ်ကောင်းစွာ မကျွမ်းကျင်ကြသေးခြင်း လက်နက်ကိရိ ယာ မကောင်းဖြင်း ကံမကောင်းခြင်း ဘော်ဖြူ၏ သစ္စာဖေါက်ခြင်း စသည်တို့ ကို ရင်ဆိုင်၍ အလုပ်လုပ်ကြရသော် လည်း ဓါတ်မီးစက်မှာ မူလစီမံကိန်းချ ထားသည့်နေ့ရက်မှာပင်တည်၍ ပြီး သည်။

တိရစ္ဆာန်တို့သည် မောပန်းကြသော် လည်း ဓါတ်မီးစက် အဆောက်အဦကို သူတို့ဟာသူတို့ကြည့်၍ ဝမ်းသာခြင်းမက ဝမ်းသာလှသဖြင့် ပတ်ချာလှည့်ကာ ပျော် ပွဲဆင်ကြသည်။ ဓါတ်မီးစက်မှာ ယခင် ပျက်သွားသော ဓါတ်မီးစက်ထက်ပင် ပို ၍ ရှုချင်ဖွယ်ရှိသည်ဟု ထင်ကြသည်။ သည်တခါတော့ ဒိုင်းနမိုင်းနှင့် ဖေါက်ခွဲ၍ မပစ်ဘဲ ပျက်နိုင်တော့မည်မဟုတ်။ တိရစ္ဆာန်များသည် ဓါတ်မီးစက်ကို တည် စဉ်အခါတွင် များစွာလည်း ပင်ပန်းခဲ့ကြ သည်။ အခက်အခဲများနှင့်လည်း များစွာ တွေ့ခဲ့ကြသည်။ ဓါတ်မီးစက် ဆင်ပြီး လျှင်ကား သူတို့နေရေးထိုင်ရေးမှာ အ များကြီးတိုးတက်၍ လာတော့မည်။ ဤ သို့လျှင် ဓါတ်မီးစက်အကြောင်းကို တွေး မိကြသဖြင့် တိရစ္ဆာန်တို့သည် ပျော်ခြင်း ကြီးမက ပျော်ကြသောကြောင့် မောပန်း ကြရသည်ကို သတိမရနိုင်ဘဲ အောင်သံ ကြွေး၍ မြူးတူးခုန်ပေါက်ကာ နေကြ သည်။

ဓါတ်မီးစက်ပြီးသောအခါ ဗန္ဓုလ ကိုယ်တိုင် ကိုယ်ရံတော်ခွေးများရံ၍ ရှေ့ တော်ပြေးကြက်ဖနက်နှင့်ထွက်၍ လာပြီး လျှင် တိရစ္ဆာန်များအား ခြီးကျူးစကားမိန့် သည်။ ထိုနောက် ဓါတ်မီးစက်ကို “ဗန္ဓုလ ဓါတ်မီးစက်”ခေါ်စေရမည်ဟု အမိန့်ထုတ် လိုက်လေသည်။
ဆက်လက်ဖော်ပြပါမည်။

Related Posts