မြိတ်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲ မဲပေးသူ ၅၂ ရာနှုန်း

မြိတ်နည်းပညာတက္ကသိုလ်ကျောင်း သားများသမဂ္ဂရွေးကောက်ပွဲကို ဖေဖော် ဝါရီ ၂၇ ရက်ကပြုလုပ်ခဲ့ရာ ကျောင်းသား ဦးရေ၏ ၅၂ ရာနှုန်းမဲပေးခဲ့ကြောင်း ယင်း သမဂ္ဂရွေးကောက်ပွဲကော်မရှင်မှ သတင်း ထုတ်ပြန်သည်။

ယင်းတက္ကသိုလ်တွင် ကျောင်းသူ။သားဦးရေ ၇၄၇ ဦးရှိသည့်အနက် ၃၈၈ ဦးမဲပေးခဲ့ကြကြောင်း ကော်မရှင်မှသိရ သည်။
ရွေးကောက်ပွဲနေ့က ကျောင်းတွင်း ဟောပြောပွဲတစ်ချို့ရှိနေသည့်အတွက် မဲလာပေးသူနည်းသွားခြင်း ဖြစ်နိုင်သည် ဟု သမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသူ ကိုဖြိုးသီဟအောင်က ခန့်မှန်းသည်။

“စိတ်ထဲမှာ အမြဲစွဲထားတာတစ်ခု ရှိတယ်၊ ဘာလဲဆိုတော့ မိခင်တက္ကသိုလ် မှာရှိတဲ့ကျောင်းသား။သူတွေရဲ့ဆန္ဒက သမဂ္ဂရဲ့တာဝန်ဖြစ်တယ်လို့ ခံယူပြီး တော့ အလုပ်လုပ်တယ်၊ အဲလိုပဲ အမြဲခံ ယူပြီး ရှေ့ဆက်သွားမယ်”ဟု ကိုဖြိုးသီ ဟအောင်ကပြောသည်။

ယင်းသမဂ္ဂအတွက် ဥက္ကဋ္ဌ၊ အ တွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူး နေရာ ၃ ခုအတွက် ရွေးချယ်ခဲ့ပြီး ကျောင်းသား။သူ ၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။
ဥက္ကဋ္ဌအဖြစ်မဲ ၂၆၆ ဖြင့် ကိုဖြိုး သီဟအောင်၊ အတွင်းရေးမှူးတာဝန် အဖြစ် ကိုဇွဲထက်အောင် ၁၈၃ မဲနှင့် ဘဏ္ဍာရေးအဖြစ် မမီမီထွန်း၂၅၇ မဲတို့ ရရှိခဲ့ကြကြောင်းကော်မရှင်မှ သိရသည်။

Related Posts