နိုင်ငံရေးသမားများ စီးပွားရေးပညာ လေ့လာကြပါဗျို့

ကျွန်တော်တို့က စီးပွားရေးအကြောင်း သိပ်နားမလည်ဘူးဗျ။ နိုင်ငံရေးပဲ အား သန်တာဆိုပြီး နိုင်ငံရေးသမားတွေ ပြော ကြလွန်းလို့ သည်စာကိုရေးပါတယ်။
အူသည်းစပ်လွန်းလို့ပါ။

ဆရာတစ်ယောက်ကတော့ ပြော ဖူးတယ်။ နိုင်ငံတည်ဆောက်ခြင်းဆိုတာ တိုင်းပြည်ရဲ့ စီးပွားရေးကို တည်ဆောက် ခြင်းပဲတဲ့။ မြန်မာပြည်အနေအထားနဲ့ ပြောရင် အဲလောက် တစ်ကြောင်းဆွဲ လွဲ လွဲပြောရခက်ရင် ခက်ပါလိမ့်မယ်။
ဒါပေမဲ့ တိုင်းပြည်တည်ဆောက်ရေး ဆိုတာ တိုင်းသူပြည်သားများ သာယာဝ ပြောရေးကို ထူထောင်ခြင်းပါပဲ။

မဲဆန္ဒရှင်ပြည်သူတွေက အနည်း ဆုံးတော့ ထမင်းနပ်မှန်အောင် စားချင် တယ်။ ဟင်းပါ ပါတယ်နော်။ တော်ကြာ ထမင်းချည်းပဲလားဆိုပြီး တချို့လူတွေ ကတ်သီးကတ်သပ်ပြောမှာစိုးလို့။

နောက်တစ်ဆင့် ကျန်းကျန်းမာမာ နေချင်တယ်။ ပညာကောင်းကောင်း သင်ချင်တယ်။ ဂုဏ်သိက္ခာ အဆင့်အတန်း ရှိရှိနေချင်တယ်။ လုံလုံခြုံခြုံနေချင်တယ်။
အဲလိုပြောလိုက်ရင် တိုင်းပြည်တည် ဆောက်ရေးဆိုတာ အားလုံးပါသွားနိုင် ပေမဲ့ အချို့သောသုတေသနတွေအရ လူ တွေချမ်းသာလာရင် တိုင်းပြည်ရဲ့ ဒီမိုက ရေစီအရေးအတွက် ပိုအလားအလာ ကောင်းလာတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ် သုံးလေးခုတုန်း ကတော့ ကမ္ဘာပေါ်မှာ ဒီမိုကရေစီနဲ့စီး ပွားရေးဖွံ့ဖြိုးမှု အဆက်အစပ်ကြောင်း ဆိုတာ တော်တော်ရေပန်းစားတဲ့အကြောင်း အရာဖြစ်ခဲ့ပါတယ်။

အဲဒီမှာမှ နာမည်ကျော် အမေရိကန် လူမှုဗေဒပညာရှင် မာတင်လစ်ပ်ဆက်ရဲ့ တွေ့ရှိချက်က စိတ်ဝင်စားစရာ ကောင်း ပါတယ်။
၁၉၅၀ နဲ့ ၁၉၉၀ ခုနှစ် အကြား ဒီမိုကရက်တစ်နိုင်ငံတွေကို လေ့လာကြည့် တော့ နိုင်ငံတစ်နိုင်ငံဟာ တစ်ဦးချင်းဝင် ငွေ ဒေါ်လာ ၁၅၀၀ အောက်ဆိုရင် ဒီမို ကရေစီ ပျှမ်းမျှ ရှစ်နှစ်ပဲခံတယ်။ တစ်ဦး ချင်းဝင်ငွေ ဒေါ်လာ ၁၅၀၀ နဲ့ ဒေါ်လာ ၃၀၀၀ အကြားဆိုရင် ပျှမ်းမျှ ၁၈ နှစ် ခံပါတယ်။ တစ်ဦးချင်းဝင်ငွေဒေါ်လာ ၆၀၀၀ ကျော်ရင် ဒီမိုကရေစီ ခိုင်ခံ့အား ကောင်းလာမယ်။

ဒီထက်ပိုချမ်းသာလာရင်တော့ ဒီ မိုကရေစီ မသေဆေးရထားပြီ။ တစ်ဦး ချင်းဝင်ငွေ ဒေါ်လာ ၉၀၀၀ အထက်ရှိတဲ့ နိုင်ငံ ၃၂ နိုင်ငံဟာ ဒီမိုကရေစီဒေါင်ဒေါင် မြည်ဖြစ်နေတယ်။ (အချို့ချွင်းချက်တွေ ကတော့ ရှိနိုင်ပါတယ်)
ဘာလို့ ဒီလိုပြောနိုင်ရတာလဲ ဆို တာကို တွေ့ရှိချက်တွေရှိပါတယ်။
စီးပွားရေးဖွံ့ဖြိုးလာရင် စက်မှုဖွံ့ ဖြိုးလာမယ်၊ ပညာရေးကောင်းလာမယ်၊ လူတွေ ပညာတတ်လာမယ်၊ ချမ်းသာ လာကြမယ်၊ လူလတ်တန်းစား အားကောင်း လာမယ်၊ နိုင်ငံရေးတည်ငြိမ်လာမယ်။

ဒါတွေကပဲ ဒီမိုကရေစီ ခိုင်မာရေး ကို အားကောင်းလာစေပါတယ်။
မာတင်လစ်ပ်ဆက်ရဲ့ တွေ့ရှိချက် အရဆိုရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ရှစ်နှစ်ပဲခံမယ့် အမျိုးအစားထဲမှာ ပါပါ တယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာ့ဘဏ် ရဲ့ တွက်ချက်မှု အရ ၂၀၁၆ မှာ မြန်မာ နိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေက ဒေါ်လာ ၁၄၂၀.၅ ပဲ ရှိလို့ပါ။ (ဒေါ်လာဈေးနဲ့ ပြန်တွက်ရင် မြန်မာနိုင်ငံမှာ လူတစ်ဦး ပျှမ်းမျှ ဝင်ငွေဟာ တစ်လ တစ်သိန်းခွဲ လောက်ရှိပါတယ်) နာမည်ကျော် စီးပွားရေးပညာရှင် အက်ဒမ်စမစ်ရဲ့ အဆိုမှာလည်း ဒီလို သဘောပါပါတယ်။ လူတွေဟာ ချမ်း သာလာတာနဲ့အမျှ (စီးပွားရေး တိုးတက် လာတာနဲ့ အမျှ) လူမှုရေးနိုးကြားမှု ပိုရှိလာတယ်။ အဲဒီကနေပဲ ဒီမိုကရေစီကို ပိုအားကောင်းစေတယ်လို့ ဆိုပါတယ်။ (ကျော်ဝင်း၊ ဒီမိုကရေစီစနစ်ဘာ့ကြောင့် ပျံ့နှံသွားသနည်း (၂)၊ The Voice Weekly)
မြန်မာပြည်သမိုင်းနဲ့ နှိုင်းယှဉ်ကြည့် လိုက်ရင်တောင် အချို့အချက်တွေက မှန်ပါတယ်။ ဥပမာ ရှစ်လေးလုံး အရေး တော်ပုံအကြောင်းပြောရင် မြန်မာပြည်စီး ပွားရေး အဲဒီအချိန်က ချွတ်ချုံကျနေမှု ကို မေ့ထားလို့မရပါဘူး။ ငွေစက္ကူတွေ ပယ်ဖျက်လိုက်တာ၊ ဆင်းရဲလာတာ၊ လူတွေဂုဏ်သိက္ခာမဲ့တယ်လို့ ခံစားလာရ တာကနေ တစ်ချိန်ကျတော့ ထပေါက် ကွဲခဲ့ကြတော့တာပဲ။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးဆိုတာကလည်း ဓာတ်ဆီ ဈေးနှုန်းတိုးလိုက်ရာက အရင်းစစ်ပြီးဖြစ် လာတယ်ဆိုတာ တော်တော်များများ သိကြပါတယ်။ ဒါကတော့ ဒီမိုကရေစီနဲ့ စီးပွားရေးတိုးတက်မှု တိုက်ရိုက်ဆက်စပ် နေတဲ့ ဥပမာမျိုးမဟုတ်ပေမဲ့ တိုင်းပြည်မွဲ လာတာနဲ့အမျှ နိုင်ငံရေးမတည်ငြိမ်မှုကို သွားစေနိုင်ပြီး ဘယ်လိုစနစ်တည်ဆောက် နေစေကာမူ စနစ်ပျက်စေနိုင်တယ်လို့ ယူနိုင်ပါတယ်။

ဆိုတော့ တိုင်းပြည်ဒီမိုကရေစီ တည်ဆောက်ဖို့ဆိုတာ ဒီမိုကရေစီ စံချိန် စံညွှန်းတွေကို လက်သီးလက်မောင်း တန်းပြီး နှုတ်တိုက်ရွတ်တတ်နေရုံနဲ့မရ ပါ။ ဗိုက်ဆာနေသော မဲဆန္ဒပြည်သူများ က ဒီမိုကရေစီတရားပွဲများကို စိတ်ဝင် စားနိုင်ပါသလား။ အလုပ်လက်မဲ့လူငယ် အုပ်စုများက တိုင်းရေးပြည်ရာများကို စိတ်ဝင်စားနိုင်ပါသလား။ ဘယ်ပါတီ တွေက ဘယ်လိုပေါ်လစီတွေရှိပြီး တိုင်း ပြည်အတွက် ပိုသင့်တော်တယ် လေ့လာ အကဲဖြတ်ဖို့ အခြေအနေပေးပါ့မလား။
စဉ်းစားရမဲ့ အချက်တွေပါ။

ဆိုတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အစိုးရ/နိုင်ငံရေးသမားတွေ ဘာ လို့ အရေးကြီးတာပါလဲ။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအပေါ် မှာ အစိုးရရဲ့ အခန်းကဏ္ဍနဲ့ပတ်သက် ပြီး တိုင်းပြည်အရပ်ရပ်က ပညာရှင်အမျိုး မျိုးက ပြောတဲ့အချက်တွေ အများကြီး ရှိပေမဲ့ အဓိကလည်းကျ၊ ဒေသအခြေ အနေနဲ့ ကိုက်တာလေးတွေ ရှာဖွေဖော် ထုတ်တင်ပြချင်ပါတယ်။

အစိုးရရဲ့ အလုပ်ထဲမှာ အခြေအကျ ဆုံးအလုပ်တွေထဲမယ် တစ်ခုကတော့ အခွန်/အခကောက်တယ်၊ ပြီးတော့ တိုင်းပြည်အတွက်ပြန်သုံးတယ်။ အဲဒီ အရအသုံး နှစ်ခုပေါင်းကို ဘတ်ဂျက်လို့ ခေါ်ကြပါတယ်။
အဲဒီမှာ စတာပါပဲ။ အဲဒီမှာ စီးပွား ရေးက စတာပါပဲ။
ဘယ်သူတွေ၊ ဘယ်လုပ်ငန်းတွေကို အခွန် ဘယ်လောက်ကောက်ပြီး ဘယ် နေရာတွေ၊ ဘယ်သူတွေအတွက် သုံး မယ်ဆိုတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်ကစ ပြီး စီးပွားရေးဖွားဖက်တော်က ပါလာ တော့တာပါပဲ။
တိုင်းပြည်အတွက် အကျိုးမများ သော်လည်း အခွန်ငွေရရှိ၊ ရှိလည်းရှိနေ သင့်တဲ့ လုပ်ငန်းတွေကို အခွန်များများ ကောက်မယ်။ ဥပမာ စီးကရက်၊ အ ရက်၊ သယံဇာတ ထုတ်ယူရေးလုပ်ငန်း များ။

နောက်ပြီး တိုင်းပြည်အတွက် အကျိုး များမဲ့လုပ်ငန်းတွေကိုတော့ အခွန်မ ကောက်သလောက်ဖြစ်မယ်။ သို့မဟုတ် နည်းနည်းပဲကောက်မယ်။ ဥပမာ အလုပ် အကိုင်အခွင့်အလမ်းကို အားပေးတဲ့ အထည်ချုပ်လုပ်ငန်း၊ ပြည်ပဝင်ငွေရတဲ့ ကုန်ချောလုပ်ငန်း၊ ဆန်စပါး၊ ပဲ စသည် ဖြင့်။

ဒီလိုနဲ့ တိုင်းပြည်မှာ ဘယ်လို လုပ်ငန်းတွေကိုတော့ဖြင့်ရင် ပိုမို စီးပွား ဖြစ်စေ၊ ဘယ်လို လုပ်ငန်းတွေကိုတော့ ဖြင့် အကန်အသတ်နဲ့ ကြီးထွားစေဆို တဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်က ပါလာ တော့တာပါပဲ။
ဒီလိုနဲ့ နိုင်ငံရေးသမားတွေ စီးပွား ရေးကို မဖြစ်မနေ နားလည်ဖို့လိုလာ တော့တာပါပဲ။
အဲဒါတောင်မှ အရကိစ္စ (ကောက် တဲ့ အခွန်ကိစ္စ)ပဲ ရှိသေးတယ်။
အသုံးကိစ္စ တစ်ခြမ်း မပါသေးဘူး။

အသုံးမှာလည်း အဲဒီအတိုင်းပါပဲ။ အစိုးရက ခရီးသွားလုပ်ငန်းဦးစားပေးတယ်ဆိုရင် အဲဒီခရီးသွားလုပ်ငန်းတွေ လျှောလျှောရှုရှု အလုပ်ဖြစ်နိုင်တဲ့ အခြေ ခံ အဆောက်အဦတွေ တည်ဆောက်ပေးဖို့ လိုမယ်။ ပိုက်ဆံသုံး တည်ဆောက်ရတဲ့ လမ်း၊ တံတား၊ လျှပ်စစ်မီး၊ လေဆိပ် စတဲ့ အခြေခံ အဆောက်အဦတွေလည်း လုပ်ဖို့လိုတယ်။

တစ်ဆက်တည်းမှာပဲ ပိုက်ဆံ မကုန်တဲ့ အခြေခံ အဆောက်အဦတွေ ဖြစ်တဲ့ ဟိုတယ်လိုင်စင်တွေ ဖြေလျှော့ ချထားပေးတာ။ ကမ်းခြေတွေမှာ တတ် နိုင်သမျှ ပတ်ဝန်းကျင်မပျက်အောင် လုပ်မဲ့ လုပ်ငန်းတွေ၊ ဒေသခံတွေနဲ့ တွဲလုပ်မဲ့ လုပ်ငန်းတွေ၊ ဟိုတယ်တွေ၊ အပန်းဖြေစခန်းတွေကို လိုင်စင်၊ လုပ် ကိုင်ခွင့်ချပေးတာတွေ လုပ်ဖို့လိုတယ်။ (အဲဒါမျိုးတွေကို Soft Infrastructure– အပျော့စား အခြေခံ အဆောက်အဦ လို့ခေါ်ပြီး အဲဒီမှာ ဥပဒေတွေ၊ ဘဏ် စနစ်တွေ၊ ဆက်သွယ်ရေးစနစ်တွေ စသဖြင့် ပါပါတယ်)
နိုမို့ဆိုရင်တော့ ကျွန်တော်၊ ကျွန်မ တို့အစိုးရက ခရီးသွားလုပ်ငန်းကို အား ပေးနေပါတယ်၊ ခရီးသွားလုပ်ငန်းနဲ့ ဒေသ တိုးတက်အောင်လုပ်ဖို့ စဉ်းစား ထားပါတယ်ဆိုတာတွေက ‘လေ’ ပေါ် လစီပဲဖြစ်မှာ။

အခုများတော့ ထားဝယ်ဒေသမှာ လိုင်စင်မဲ့ ဟိုတယ်၊ တည်းခိုခန်းတွေ တောင်ရှိနေသတဲ့။ အရင်ကတော့ လိုင် စင်မဲ့ ဆိုင်ကယ်၊ လိုင်စင်မဲ့ မော်တော် ကားပဲကြားဖူးပါတယ်။ အခုမှ လိုင်စင် မဲ့ဟိုတယ်တဲ့ . . . ၊ ဘုရား ဘုရား။
နောက်တစ်ခုက အခွန်နဲ့ ဆန့် ကျင်ဘက်ပေါ်လစီကိရိယာတစ်ခုရှိပါ တယ်။ အဲဒါက Subsidy ပါ။ အစိုးရ ရဲ့ အထောက်အပံ့ကိုဆိုလိုပါတယ်။

အစိုးရက ဘယ်လိုစီးပွားရေးလုပ် ငန်းတွေ အခွန်များများ ထမ်းဆောင် စေ၊ အခွန်ဘယ်လောက်ပဲ ထမ်းဆောင် စေလို့ နိုင်ငံရေးဆုံးဖြတ်ချက်ချနိုင်ပါ တယ်။ ဒီလိုပဲ ဘယ်လုပ်ငန်းတွေကိုတော့ ဖြင့်ရင် ချေးငွေတွေရစေ၊ အစိုးရက စိုက်ထုတ်ပေးငွေတွေ ရစေစသည် ဖြင့် ပေါ့။

လွယ်လွယ် ဥပမာပေးရရင် အခု ခေတ်စားနေတဲ့ အသေးစားနဲ့ အလတ် စားလုပ်ငန်းတွေ(SMEs)ကို ချေးငွေ ထောက်ပံ့ပေးတာမျိုးပါ။
နောက်ပြီး (ဥပမာ လျှပ်စစ်မီးတစ် ယူနစ် တကယ်ကုန်ကျစရိတ်က ၁၀၀ ကျပ် ဝန်းကျင်လောက်ရှိတယ်ဆိုပေမဲ့) မဟာဓာတ်အားလိုင်းရတဲ့ သူတွေကို တော့ လျှပ်စစ်မီးတစ်ယူနစ် ၃၅ ကျပ် နဲ့ရစေ။ အခြားနေရာက မွေးစားသား တွေကိုတော့ တစ်ယူနစ် ၃၀၀ ကျပ်ဖြစ် ဖြစ်၊ ကျပ် ၂၀၀ ဖြစ်ဖြစ် လွှတ်ထားစေ ဆိုတာမျိုးပါ။ လွယ်လွယ်နဲ့ရှင်းအောင် ပြောရရင် တိုင်းသူပြည်သား အခွန်ထမ်း ပြည်သူချင်းအတူတူ ဒီမဲဆန္ဒရှင် အုပ်စု ကိုတော့ အစိုးရက တစ်ယူနစ်တိုင်းမှာ ၆၅ ကျပ် စိုက်ထုတ်ပေး(Subsidyပေး) ပြီး ကျန်တဲ့အုပ်စုတွေကိုတော့ အဆင် ပြေသလိုလုပ်နေစေ ဆိုတာမျိုးပေါ့။

အဲဒါကြောင့်မို့လို့ တစ်နိုင်ငံတည်း မှာ လုပ်ငန်းလုပ်တာချင်းတူတူ လျှပ်စစ် ဈေးချိုချိုနဲ့ရတဲ့ လုပ်ငန်းတွေ၊ စီးပွား ရေးတွေက ပိုပြီးတော့ လုပ်သာကိုင်သာ ရှိပြီး လျှပ်စစ်ဈေးကြီးတဲ့နေရာက စီး ပွားရေးတွေ၊ လုပ်ငန်းတွေကတော့ ‘ဂန့်’ ကြပေါ့။
ဒီတော့ အချို့နေရာမှာ အလုပ် အကိုင်အခွင့်အလမ်းတွေပေါမယ်၊ လူ တွေ ကြွယ်ဝဖို့ အခွင့်အလမ်းများမယ်။ အချို့နေရာမှာကျတော့ အလုပ်အကိုင် အခွင့်အလမ်းရှားမယ်၊ လူတွေမွဲကြလေ သတည်းဆိုတာမျိုးဖြစ်လာတာပါပဲ။
ဒါက အစိုးရရဲ့ နိုင်ငံရေးဆုံးဖြတ် ချက်တွေက စီးပွားရေးအပေါ် ဆင့်ကဲ သက်ရောက်မှုအကြောင်းပါ။

ဒါတွေက တကယ့်ကို နိုင်ငံရေး ဘောဂဗေဒကကြီး ခခွေးကိစ္စတွေ ဖြစ် ပါတယ်။
ဒီထက်ပိုတဲ့ ဘဏ္ဍာရေးပေါ်လစီ၊ ငွေကြေးပေါ်လစီ၊ ကုန်သွယ်ရေး ပေါ် လစီစတဲ့အကြီးကြီးတွေ မပါသေးပါ ဘူး။ အစိုးရတွေ ကြွားလေ့ရှိတဲ့ GDP လို့ခေါ်တဲ့ တစ်နိုင်ငံလုံး ပြည်တွင်းထုတ် လုပ်မှုတန်ဖိုး၊ FDI လို့ အလွယ်ပြောကြ တဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေမပါသေးပါဘူး။ ဘယ်နားမှာ တံတားဆောက်လိုက်ရင် ဘယ်လို ဖြစ် သွားမယ်၊ ဘယ်နားမှာ စီးပွားရေးဇုန် တည်လိုက်ရင် ဘာတွေရလာမယ်၊ ဘာ တွေဆုံးရှုံးသွားမယ်၊ သဘာဝ ပတ်ဝန်း ကျင်ကပေးတဲ့အဖိုးအခ(Valuation) ကို စီးပွားရေးပညာရှုထောင့်က ဘယ် လိုထည့်တွက်ဆုံးဖြတ်ချက်ချမယ်။ ဒါ မျိုးတွေ မပါသေးပါဘူး။

ပြောရရင် ရှည်မှာမို့ စာမျက်နှာကို အားနာလို့ ဒီလောက်ပဲ ဆွေးနွေးချင် ပါတယ်။
အခုများတော့ အချို့သော နိုင်ငံရေး သမားတွေက စီးပွားရေးနားမလည်ပါ ဘူး။ ကျွန်တော်တို့က နိုင်ငံရေးပဲ စိတ် ဝင်စားတာလို့ ပြောရင် ရင်နာမိတယ်။
အချို့ကတော့ ပြောလေ့ရှိနိုင်ပါ တယ်။ စီးပွားရေးကိစ္စသိစရာမလိုပါဘူး။ စီးပွားရေးပညာရှင်တွေကိုမေးပြီး ဆုံး ဖြတ်ချက်ချမှာပေါ့ဆိုပြီး။

ဒါပေမဲ့ အခြေခံစီးပွားရေးသဘော တရား၊ အသုံးအနှုန်း၊ နောက်ပြီး အဲဒီ အသုံးအနှုန်းရဲ့ အနှစ်သာရ၊ အကျိုး ဆက်၊ နိုင်ငံတကာ စီးပွားရေးရေစီး ကြောင်း အဲဒါတွေကို နားမလည်ရင် စီးပွားရေးပညာရှင်တွေရဲ့ စာတမ်းတွေ၊ အကြံပြုချက်တွေ၊ ဖြစ်နိုင်တဲ့ ပြဿနာ တွေကို လေးလေးနက်နက် နားမလည် ပါဘူး။ အတိမ်အနက်ကို မသိပါဘူး။

ဒါကြောင့် နိုင်ငံရေးသမားများ၊ နိုင်ငံရေးသမားများ စီးပွားရေးပညာ(မြန် မာပြည်မယ်တော့ ဘောဂဗေဒလို့ ပြော ပါတယ်)ကို လေ့လာကြဖို့ လောဆော် လိုကြောင်းပါ။
အခုများတော့ မေးကြည့်ရသ လောက် အာဏာရပါတီအပါအဝင် နိုင်ငံ ရေးပါတီတော်တော်များများက စီးပွား ရေးပညာ မသင်သလောက်။ သိပ်စိတ် မဝင်စားသလောက်။

ဒီမိုကရေစီအကြောင်းလည်းပြော၊ စီးပွားရေးလည်းကောင်းမှ တော်ကြကျ မယ်။ စီးပွားရေးကောင်းမှ ဒီမိုကရေစီ အားကောင်းခိုင်မာမယ်။
ဒါကြောင့် နိုင်ငံရေးသမားများ စီးပွားရေးပညာလေ့လာကြပါဗျို့။ စီး ပွားရေးပညာဆိုလို့ ကိုယ့်အိမ်စီးပွား ရေးပညာမဟုတ်ဘူးနော် (အဲဒါလည်း လုပ်ရမယ်လေ)။ တိုင်းပြည်တိုးတက်ဖို့ စီးပွားရေးပညာကို ပြောတာပါဗျား။

Related Posts