မသိတဲ့သူများ ဖတ်ရန်စာ

ယုံလိုက်ပါပြီ ခင်ဗျ။ ယုံလိုက်ပါပြီ။ ဗြတ်စာဒီတစ်ခါတော့ တကယ်ကို ယုံ လိုက်ပါပြီ။
အစကတော့ စကားပြော မတတ်ရှာ တာပါပဲလေဆိုပြီး ရိုးဂုဏ်ကို အလေး ထားလို့ နားလည်ပေးခဲ့တာ။

လပေါင်းများစွာ ဗြတ်စာ ဘာတစ် ခွန်းမှ မပြောဘဲ ခပ်တိတ်တိတ်နေခဲ့တာ။ ဒီတစ်ခါတော့ ဗြတ်စာမအောင့်နိုင်တော့ ဘူးခင်ဗျ။ မပြောမပြီး၊ မတီးမမြည် ဆိုသလို ပြောသင့်ပြောထိုက်တဲ့ အချိန် ရောက်ပြီလို့ မှတ်ယူပြီး သကာလ ပြောရ တော့မယ် ခင်ဗျ။ အရင်ကတော့ ဘေး ထိုင် ဘုပြောသလို ဖြစ်နေမှာ စိုးလို့ရယ်၊ အချိန်သက်တမ်းတိုနေသေးတာရယ် ကြောင့် စာနာပေးခဲ့တာပါ ခင်ဗျ။
ခုတော့ ဗြတ်စာ ပြောရပြီပေါ့ဗျာ။

ဗြတ်စာတို့ နိုင်ငံဟာ အာဏာရှင်လို့ အများကသမုတ်ကြတဲ့ စစ်အစိုးရအောက်၊ စစ်အစိုးရတစ်ပိုင်းလို့ခေါ်ရမယ့် အရပ် သားအစိုးရအောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ပြီးသကာလ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ဆန္ဒကို အကောင်အထည် ဖော်ပေးနိုင်မယ့် ပြည်သူ့အစိုးရစစ်စစ် တစ်ရပ်ကို ဆန္ဒမဲပေးပြီး ပြည်သူအများ စုက ရွေးကောက်တင်မြှောက်ခဲ့တာ ကမ္ဘာ သိပါခင်ဗျ။

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် များအနေနဲ့ အရည်အချင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အပြောင်းအလဲကို လိုချင် ဇောနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာ နဲ့ တစ်ခဲနက်ကို မဲပေးထောက်ခံပြီး ပြည် သူ့အစိုးရတစ်ရပ် ပေါ်ပေါက်လာအောင် လမ်းဖောက်ပေးနိုင်ခဲ့တယ်ခင်ဗျ။ ပြည်သူ အားလုံးကလည်း ဝမ်းသာရွှင်ပြုံး တပြုံး ပြုံးပေါ့ ခင်ဗျာ။

မျှော်လင့်ချက်တွေကိုကလည်း တ လက်လက်ပေါ့ ခင်ဗျ။
ဒါပေမယ့် မှန်းချက်နဲ့ နှမ်းထွက်က တော့ တက်တက်စင်ပါ ခင်ဗျား။
အစိုးရတစ်ရပ်ဖွဲ့ပြီးလို့ အလုပ်တွေ လုပ်ပြီဆိုတာနဲ့ ပေါ်လာလိုက်တဲ့ အရည် အချင်းတွေ။ ပေါ်လာလိုက်တဲ့ တလွဲတွေ၊ ပေါ်လာ လိုက်တဲ့ ရှေ့နောက် မညီတာ တွေ။ ဒါပေမဲ့ ပြည်သူတွေက နားလည် ပေးခဲ့ပါသဗျ။ အရင်အစိုးရ ယန္တရားတွေ ကြောင့် လုပ်ရကိုင်ရခက်ခဲရှာမှာ၊ အသား မကျသေးလို့ပါ။ ရက် ၁၀၀ မပြည့်သေး လို့ပါစသဖြင့် ၊ စသဖြင့် အမျိုးမျိုး ဖြေ သိမ့် နားလည်ပေးခဲ့သဗျ။

အဲသလိုအမျိုးမျိုးဖြေသိမ့် နားလည် ပေး နေရတဲ့ကြားထဲမှာပဲ ဗြတ်စာတို့ ဒေ သက အစိုးရတာဝန်အရှိဆုံးသူကလည်း တစ်ခွန်းဆို တစ်ခွန်းမှတ်မှတ်သားသား ပြောတတ်သဗျ။ ခုလက်ရှိခေတ်က မီဒီ ယာပေါင်းစုံ အားကောင်းမောင်သန်ဆို တော့ မြန်မာသာမက၊ မြန်မာအသိုင်း အဝန်းရှိတဲ့ ကမ္ဘာမှာပါကျော်ကြား ခဲ့ပါ သဗျ။
ဘာတဲ့… အစိုးရမလုပ်တတ်ဘူး ဆိုပဲ။ ဟုတ်ကဲ့ ..ဒီတုန်းကတော့ ဗြတ်စာ နားလည်ပေးခဲ့ပါသဗျ။

အလုပ်သင်ဘ၀၊ အလုပ်ကများ၊ စာဖတ်အားကလည်းနည်း၊ စကားက လည်း မပြောတတ်၊ မီဒီယာနဲ့ ထိတွေ့မှု အတွေ့အကြုံ နုနယ်လို့ ဖြစ်မှာပါဆိုပြီး နားလည်ပေးခဲ့သဗျ။

ဟော… ခုတော့ ဗြတ်စာ ယုံလိုက် ပါပြီ။ အစိုးရ တကယ်မလုပ်တတ်ဘူး ဆိုတာ။ မတ်လ ၂ ရက်နေ့ထုတ် ရီပေ သတင်းစာမှာပါတဲ့ “ပြည်ထောင်စု အစိုးရဆောင်ရွက်သည့် စီမံကိန်းများကို လွှတ်တော်မတင်ရသည့်အကြောင်း တနင်္သာရီတိုင်းဝန်ကြီးချူပ်ပြော” ဆိုတဲ့ သတင်းမှာ ဗြတ်စာတို့ဒေသရဲ့ ဝန်ကြီး ချုပ်က”ပြည်ထောင်စုက လုပ်တဲ့ကိစ္စတွေ၊ ပြည်ထောင်စုနဲ့လုပ်နေတဲ့ စီမံကိန်းတွေ ကျွန်မတို့တိုင်းအစိုးရအဖွဲ့မသိဘူး၊ ဘယ် အထိရောက်လို့ ဘယ်လိုလုပ်နေ တယ်ဆို တာ ကျွန်မတို့မသိဘူး။ အဲဒီကိစ္စတွေကို ကျွန်မတို့ဘယ်လိုတင်မလဲ၊ ကျွန်မတို့သိ မှမသိတာ”လို့ပြောကြောင်း ဖတ်လိုက် ရတယ် ခင်ဗျ။

ဖတ်ပြီးပြီးချင်း ဗြတ်စာအံ့အားသင့် ရသလို တကယ်အစိုးရမလုပ်တတ် ကြောင်း ထပ်ဆင့်သက်သေပြလိုက်တဲ့ စကားလို့လည်း မှတ်ယူလိုက်ရပါတယ် ခင်ဗျ။
ကိုယ့်စီရင်လုပ်ပိုင်ခွင့် အာဏာရှိတဲ့ ဒေသတွင်းမှာ လုပ်ဆောင်မယ့်ကိစ္စ၊ စီမံ ကိန်းတွေကိုတောင်မှ ဒေသတွင်းပြည်သူ တွေက ရွေးကောက်တင်မြှောက်ထားတဲ့ တာဝန်ရှိ အမတ်မင်းတစ်ဖြစ်လဲ ဝန် ကြီးချုပ်တစ်ယောက်က မသိပါဘူးလို့ ပြောလိုက်ခြင်းဟာ တာဝန်မဲ့ရာ ကျလွန်း ပါတယ်။

ပြည်ထောင်စုက ကိုင်တွယ်ဆောင် ရွက်ရတဲ့ စီမံကိန်းပင်ဖြစ်သော်ငြားလည်း အနည်းဆုံးဒီစီမံကိန်းရဲ့အခြေအနေ အရပ် ရပ်ကိုတော့သိရမယ် မဟုတ်ပါလား။
ပြည်သူတွေရဲ့ အကျိုးစီးပွား၊ အသက် အိုးအိမ်အတွက် အပ်ကျတာကစ သိရ မယ့် တာဝန်အရှိဆုံးသူတစ်ဦးက ကိုယ့် ဒေသတွင်းမှာ ဘာလုပ်မယ်၊ ဘယ်လိုအကျိုးအပြစ်တွေရှိမယ်ဆိုတာကို ခွဲခြမ်း စိတ်ဖြာ ပြောပြနိုင်စွမ်းမရှိဘဲ မသိပါဘူး လို့ ဘူးခံလိုက်တာသည် ဒီကနေ့ ရေပန်း စားနေတဲ့ စကားအရပြောရရင် တာဝန် ခံမှု၊ တာဝန်ယူမှုမရှိဘူးဆိုတာ သက်သေ ပြလိုက်သလိုပါပဲ။

ဗြတ်စာနားလည်ထားတာက ပြည် ထောင်စုအစိုးရက ဆောင်ရွက်တဲ့ လုပ် ငန်းတွေနဲ့ပတ်သက်ပြီး တိုင်းအစိုးအရ အဖွဲ့ကို အသိပေးတာ၊ ညှိနှိုင်းတိုင်ပင် တာ၊ သဘောထား မှတ်ချက်တောင်းခံ တာတွေ လုပ်ရတယ်လို့ပါ။
အဲဒါကြောင့် မရှိဘူး၊ မလုပ်ဘူး၊ မသိဘူးဆိုရင်တော့ တစ်ခုခုတော့ လွဲနေ ပြီထင်ပါတယ်။
အဲလိုပြောရတာ အကြောင်းရှိပါ တယ်။

တိုင်းဒေသကြီးရဲ့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ကလည်း ကိုယ့်ဒေသအတွင်းမှာ လုပ်ဆောင်မယ့်ကိစ္စတွေဟာ ပြည်သူ တွေအတွက် အကျိုးဖြစ်ထွန်းနိုင်တဲ့ ကိစ္စလား၊ စီမံကိန်းလား။ ဒါတွေကို သေချာစိစစ်ပြီး ပြည်သူ မနှစ်သက်ရင်၊ အကျိုးမရှိရင် ပြည်ထောင်စုအစိုးရပင် ဖြစ်စေကာမူ အမုန်းခံပြီး ပြည်သူရှေ့က မားမားမတ်မတ်ရပ်ပေးနိုင်မှ အစိုးရ ကောင်းလို့ သတ်မှတ်နိုင်မှာပါ ခင်ဗျ။
ပွင့်လင်းမြင်သာပါတယ်ဆိုတဲ့ ဘာတဲ့.. ဒီမိုကရေစီခေတ်ဆိုလား။ အဲဒီခေတ်ကြီးမှာ ဒေသတွင်းမှာ ဖြစ် ပျက်နေတာတွေကို မသိပါဘူးဆိုတော့ ဗြတ်စာဖြင့် အံ့ဩမကုန်နိုင်အောင်ပါပဲ။

အဲဒီ မသိသေးပါဘူးတို့ဆိုတဲ့ အပြောမျိုးလေးတွေကို တချို့သော အမတ်မင်းများထံကလည်း ကြားရတတ် သေးသဗျ။ ဒီစကားတွေကြားရင် ဗြတ် စာကတော့ ဒီအမတ်မင်း အရည်အချင်း မရှိဘူးလို့ပဲ သတ်မှတ်လိုက်သဗျ။ ဒီ လောက် ခေတ်မီဆက်သွယ်ရေးကောင်း နေတဲ့ ခေတ်၊ ကိုယ့်အနေအထားကလည်း မေးဖို့ပြုဖို့ စွမ်းဆောင်နိုင်စွမ်းရှိတဲ့အခြေအနေမှာမှ မသိဘူးဆိုတဲ့ အမတ်မင်း တွေဟာ အတော်လေးရှော်တဲ့ အမတ်မင်း တွေလို့ပဲ ဆိုရတော့မယ်ဗျ။
ဒီတော့ကာ အဆုံးအဖြတ်ပေးနိုင် စွမ်းရှိတဲ့ အစိုးရမင်းများနဲ့ အမတ်မင်း များကို အကြံပြုလိုပါသဗျ။

မိမိတို့ အမတ်ဖြစ်လာတဲ့ ဘ၀ အခြေအနေကို ပြန်သုံးသပ်ပါ။ စာဖတ် ပါ (သာမန်ဖေစ်ဘွတ်လောက်ဖတ်တာ မဟုတ်)။ ပတ်ဝန်းကျင်သတင်းများကို နားစွင့်ပါ။ သတင်းရနိုင်မယ့် အရင်း အမြစ်တွေကို(ထောက်လှမ်းရေးမဟုတ်) စနစ်တကျ စုစည်းထားပါ။ နေ့စဉ် သတင်းများကို သုံးသပ်ပါ။ စိစစ်ပါလို့ အကြံပြုပါရစေ ခင်ဗျ။
တစ်ခါတစ်လေတော့လည်း အကြံ ပေးရတာ အားတော့လျော့မိပါသဗျ။

အစိုးရနဲ့ လွှတ်တော်ဆိုတာက လည်း တစ်ပါတီတည်းက လွှမ်းမိုးထား တာမို့ အားလုံးကပဲ မြင်လျက်သိလျက်နဲ့ မသိဟန်ဆောင်နေလိုက်တာမျိုးလည်း ရှိတတ်တာပဲ မဟုတ်လား။ အိပ်ချင် ယောင်ဆောင်နေတဲ့ သူကို အနှိုးရခက် ဆိုသလို မျိုးဖြစ်နေမှာလည်း စိုးပါသဗျ။ အာဏာရပြီးလို့ နှစ်နှစ်ကျော်၊ သုံးနှစ်ထဲ ရောက်သည့်တိုင်မသိသေး။ မတတ်သေး ဆိုရင်လည်း။ အင်း..ယုံလိုက်ပါပြီခင်ဗျ။ ဗြတ်စာယုံလိုက်ပါပြီ။

Related Posts