ရေးတွင် မွန်ပြည်သစ်ပါတီနှင့် KNU ပစ်ခတ်မှုဖြစ်ပွား

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာ မြို့နယ်ခွဲရှိ မာန်အောင်ကျေးရွာအနီး တွင် မွန်ပြည်သစ်ပါတီတပ်ဖွဲ့နှင့် ကရင် အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ ဝင်တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။

မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်နှင့် KNU တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၁၆ တပ်ဖွဲ့ဝင်တို့အကြား သစ် ခိုးထုတ်သည့်ကိစ္စကြောင့် ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၁ နာရီ ဝန်းကျင်ခန့် က ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဝာ ဝန်ခံ နိုင်ဝင်းလှက ပြောသည်။
“ပစ်ခတ်မှုက အနည်းအကျဉ်းပါပဲ နှစ်ဦးနှစ်ဘက် အသေအပျောက်တော့မရှိ ဘူး”ဟု နိုင်ဝင်းလှကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဖြစ် သည့် မာန်အောင်ကျေးရွာအနီး တဝိုက် တွင် လူအင်အား ၅၀ ခန့်ရှိသည့် သစ် ခိုးထုတ်သည့်အဖွဲ့တစ်ခုကို မွန်ပြည်နယ် သစ်ပါတီက ဖမ်းဆီးရမိခဲ့ပြီး KNU သို့ လွှဲပြောင်းပေးခဲ့သည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး KNU တပ်ရင်း ၁၆ ကိုဖုန်းဖြင့် ဆက် သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ် မှုမရရှိခဲ့ပေ။
မွန်ပြည်သစ်ပါတီအနေဖြင့် ၎င်း တို့ ပါတီဗဟိုဌာနချုပ်တည်ရှိရာ ရေး ချောင်းဖျားဒေသတစ်ဝိုက်ရှိ သစ်တော ဧရိယာအတွင်းတွင် သစ်ထုတ်လုပ်မှုကို ၂၀၁၀ ခုနှစ်မှစကာ တားမြစ်ပိတ်ပင်ထား ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရ သည်။
မွန်ပြည်သစ်ပါတီနှင့် KNU တို့ သည် ၁၉၈၈ ခုနှစ်က နယ်မြေအငြင်း ပွားမှုပြဿနာကြောင့် စစ်ရေးပဋိပက္ခ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နောက်ပိုင်း စစ် ရေးပြဿနာပြေလည်လာခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်းတွင် တစ်ဖန် နယ်မြေအငြင်းပွားသည့်ကိစ္စ သစ်ခိုးထုတ် သည့်ကိစ္စကြောင့် တနင်္သာရီတိုင်းဒေသ ကြီး ရေဖြူမြို့နယ်ဘက်တွင် ပစ်ခတ်မှု လေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

မွန်ပြည်သစ်ပါတီကသည် တစ် နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ်(NCA) ကို ဖေဖော်ဝါရီလ ၁၃ ရက်က လက်မှတ် ရေးထိုးထားသည့်အဖွဲ့ ဖြစ်ပြီး KNU သည် NCA ကို ယခင် အစိုးရလက်ထက်က လက်မှတ် ရေးထိုး ထားသည့်အဖွဲ့ ဖြစ်သည်။

Related Posts