ထိုင်းနယ်စပ်တွင် တောကောင်သားရောင်း၍ အဖမ်းခံရသူ ဘတ်ငွေ ၅ သောင်းဖြင့် အာမခံရ

ထိုင်းနယ်စပ်တွင် တောကောင်သား များရောင်းချ၍ဖမ်းဆီးခဲ့သည့် မြန်မာ ဈေးသည်အမျိုးသမီးတစ်ဦးကို ဘတ်ငွေ ငါးသောင်းအာမခံဖြင့် ပြန်လွှတ်ပေးခဲ့ ကြောင်း ကာယကံရှင် ဒေါ်ဖြူက ပြော သည်။

တနင်္သာရီမြို့နယ်၊ မောတောင် နယ်စပ်တစ်ဖက်ခြမ်းရှိ ထိုင်းနိုင်ငံ ပရာ ကျော့ခီရီခန့်ခရိုင် စင်ခွန်းဈေး(စနေဈေး)တွင် ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက် ၂ နာရီက ထိုင်းတာဝန်ရှိသူများက ဝင် ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

တောကောင်သား ရောင်းချသူများ နှင့် သစ်ခွပန်းရောင်းသူများကို ရှောင်တ ခင်ဝင်ဖမ်းခဲ့ရာ တောကောင်သား ရောင်း သူ ဒေါ်ဖြူတစ်ဦးသာဖမ်းမိခဲ့ပြီး အခြား သူများမှာ ထွက်ပြေးလွတ်မြောက်ခဲ့ ကြောင်း ယင်းဈေးရှိ မြန်မာဈေးသည် များထံမှ သိရသည်။
ဒေါ်ဖြူကို ထိုင်းနိုင်ငံ၊ ပရာကျော့ ခီရီခန့်ခရိုင်ရှိ တရားရုံးတစ်ခုတွင် ထိန်း သိမ်းခဲ့ပြီး ဖေဖော်ဝါရီလ ၂၆ ရက်တွင် ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

“ပတ်စ်ပို့ရှိနေတော့ အာမခံအနေနဲ့ ဘတ်ငွေငါးသောင်းပေးပြီး ထွက်လာ တာ၊ အမှုသွားအမှုလာ မပြီးသေးဘူး ထောင်ဒဏ်လား ငွေဒဏ်လား မသိရ သေးဘူး”ဟု ၎င်းက ပြောသည်။
ထိုင်းတာဝန်ရှိသူများ လာရောက် ဖမ်းဆီးခဲ့ချိန်က ဈေးအတွင်းရှိ သစ်ခွ ပန်းမျိုးစုံများကိုလည်း သိမ်းဆည်းခဲ့ ကြောင်း စင်ခွန်းဈေးရှိ ဈေးသည်တချို့ က ပြောပြသည်။

“ရာင်းနေတာက နှစ်အတော်ကြာ ပြီ၊ ဒီလိုအင်အား ၅၀ ဦးလောက်နဲ့ လာ ဖမ်းတာ ခုမှကြုံဖူးတယ်”ဟု စင်ခွန်းဈေး တွင် ၁၀ နှစ်ကျော်ကြာ ပန်းများရောင်း ချနေသူ ဒေါ်မီးကင်းက ပြောသည်။

စင်ခွန်းဈေးသည် စနေနေ့ဈေးဖြစ် ပြီး မြန်မာဈေးသည်များက သောကြာနေ့ ညဘက်အချိန်ကတည်းက ကြိုတင်သွား ရောက်လေ့ရှိသည်။
ယင်းသို့ အဖမ်းခံရပြီးနောက် ထိုင်း နိုင်ငံဘက်မှ ကန့်သတ်ထားသည့် ကုန် ပစ္စည်းများကို တရားဝင်ဆိုင်းဘုတ်ထောင် ကြေညာပေးရန် ထိုင်းဘက်က သက်ဆိုင် ရာအဖွဲ့အစည်းများကို ပြောဆိုထား ကြောင်း မောတောင်နယ်စပ် မြို့မရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်
က ပြောသည်။

Related Posts