ခြေလေးချောင်းတော်လှန်ရေး (၁၈)

ယခင်အပတ်မှ အဆက်

ထိုအခါ ကြက်ဥဥခြင်းနှင့် ပတ်သက် ၍ တော်လှန်ရန်ကြံစည်ခဲ့သော ခေါင်း ဆောင်ကြက်မသုံးကောင်က ထွက်၍ သူတို့အား အိပ်မက်ထဲတွင် ဘော်ဖြူက လာ၍ ဗန္ဓုလ၏အမိန့်ကို မနာခံရန် လှုံ့ဆော်ပေးကြောင်းနှင့် ဖြောင့်ချက် ပေးကြရာ ဗန္ဓုလက ထိုကြက်မသုံး ကောင်ကိုလည်း အဆုံးစီရင်လိုက်သည်။ ထို့နောက် ဘဲငန်းတကောင်က မိမိသည် စပါးနှံခြောက်ခုကို တိတ်တိတ်ခိုး၍ စားမိ ကြောင်း ဖြောင့်ချက်ပေးပြန်သည်။ ထို့ နောက် သိုးတကောင်က သူ့အား ဘော် ဖြူမြှောက်ပေးသဖြင့် သောက်ရေကန်ထဲ သို့သေးပေါက်ထည့်မိကြောင်း ဖြောင့် ချက်ပေးပြန်သည်။ ထိုနောက် သိုးနှစ် ကောင်က ချောင်းဆိုးရင်ကြပ်ဖြစ်နေသော အခြားသိုးထီးတကောင်ကို ပတ်ချာလှည့် လိုက်ပြီး သတ်ပစ်မိကြောင်း ဖြောင့်ချက် ပေးကြပြန်သည်။ ထိုသို့ ဖြောင့်ချက်ပေး သော တိရစ္ဆာန်များကို ထိုနေရာတွင်ပင် အဆုံးစီရင်လိုက်သည်။ ထိုနည်းဖြင့် ဖြောင့်ချက်ပေးခြင်းနှင့် အဆုံးစီရင်ခြင်း များများလတ်သော် ဗန္ဓုလ၏ခြေရင်း တွင် တိရစ္ဆာန်အလောင်းများ တော်လိုပုံ၍ လာပြီးလျှင် ဦးသာခေါင်မရှိသည့်နောက် တိရစ္ဆာန်သွေးများနှင့် ကင်းဝေး၍နေသော ခြေလေးချောင်းကွင်းမှာ တိရစ္ဆာန်သွေးနံ့ လှိုင်၍ နေလေသည်။

ထို့နောက် ဝက်နှင့် ခွေးများမှ တပါး အခြားသောတိရစ္ဆာန်တို့သည် တလုံးစည်းတည်း တိတ်ဆိတ်စွာ ပြန်သွား ကြသည်။ တိရစ္ဆာန်တို့မှာ ထိတ်လန့် ကြောက်ရွံ့ကြပြီးလျှင် စိတ်နှလုံးမသက် မသာ ရှိကြသည်။ အချို့တိရစ္ဆာန်တို့က ဘော်ဖြူနှင့်ပေါင်း၍ သစ္စာဖေါက်ခြင်းနှင့် ရက်စက်စွာ အပြစ်ပေးခံရခြင်းသည် မည် သည့်အရာက ပို၍ တုန်လှုပ်ချောက်ချား ဘွယ်ကောင်းသည်ဟု မပြောနိုင်ကြ။ ယ ခင် ဦးသာခေါင်ရှိစဉ်အခါက တိရစ္ဆာန် များမှာ မသတ်ခံကြရဘူးသည်မှာ မှန် သည်။ သို့ရာတွင် ထိုစဉ်က အသတ်ခံကြ ရခြင်းမှာ လူသားတို့၏ အသတ်ခံကြရ ခြင်းသာဖြစ်၍ ယခု အသတ်ခံရသည်မှာ မိမိတို့ တိရစ္ဆာန်ဇာတ်တူသား အချင်းချင်း အသတ်ခံကြရခြင်းဖြစ်၍ ပို၍ ထိတ်လန့် ကြောက်ရွံ့ဘွယ် ကောင်းသည်။

ဦးသာခေါင် မရှိသည်နောက် တိ ရစ္ဆာန်ထဲမှတကောင်မျှ အသတ်ခံရခြင်း မရှိ။ ကြွက်များတောင်ပင် အသတ်မခံကြရ။ ထိုနေ့ကျမှပင် ဗန္ဓုလ၏ အမိန့်ဖြင့် တိရစ္ဆာန်များစွာ အသတ်ခံကြရသည်။ ထိုတိရစ္ဆာန်တို့သည် ဓါတ်မီးစက်တည် သောကမူဘက်သို့ သွားကြပြီးလျှင် တညီတ ညွတ်တည်း တကောင်နှင့် တကောင် ပူးကပ်ကာ မြေကြီးပေါ်တွင် လဲလျောင်းကာ နေကြသည်။ အတော် ကြာပင် တကောင်နှင့်တကောင် စကား ပြောခြင်းမရှိကြ။ ဂျိုကားမှာ အခြား တိရစ္ဆာန်များကဲ့သို့ မြေကြီးပေါ်တွင် လဲလျောင်း၍ မနေဘဲ မတ်တတ်ရပ်လျက် ရှိသည်။ ဂျိုကားသည် သူ့အမြီးကို ဟိုဖက်သည်ဖက်ခတ်ပြီးနောက် အနည်း ငယ်အံ့အားသင့်သော လက္ခဏာဖြင့် ခပ်တိုးတိုးညည်းသည်။ ထိုနောက် ဂျိုကား က”ဒို့ခြေလေးချောင်းကွင်းမှာ ဘယ်လို များဖြစ်ကုန်တယ်လို့ မပြောတတ်ပါဘူး။ ဒီလိုဖြစ် နိုင်လိမ့်မယ်လို့များ ငါဖြင့် တခါမှ မထင်မိခဲ့ဘူးဘူး ။ အရင်းစစ်တော့ ဒို့တိရစ္ဆာန်အချင်းချင်း မကောင်းလို့ ဖြစ်ရတာဘဲ။ ဒီတော့ ဒီပြဿနာဟာ အလုပ်ကို ပိုပြီးကြိုးစားလုပ်ကြမှ ပြေပြတ် မှာဘဲ။ ဒီနေ့ကစပြီး ငါဟာ မနက်တိုင်း မနက်တိုင်းသူများထက် နှစ်နာရီ နှစ်နာရီ ပိုထပြီး အလုပ်လုပ်မယ်”ဟု ပြောသည်။

ထိုနောက် ဂျိုကားသည် ကျောက် တုံးများရှိရာသို့ ခတ်သုတ်သုတ် ပြေးသွား ပြီးလျှင် အိပ်တန်းမဝင်ခင် နှစ်ကြိမ်တိုင် ကျောက်တုံးများကို သယ်၍ပို့သည်။ အ ခြားတိရစ္တာန်များမှာ ခွါဖြူအနားတွင် စု ဝေး၍ နေကြပြီးလျှင် တကောင်မျှ စကား ပြောဘော်မရ။ သူတို့ စုဝေးနေကြသော ကမူပေါ်မှနေကြည့်မည်ဆိုလျှင် ခြေလေး ချောင်းကွင်းတခုလုံးကို ကောင်းစွာမြင် နိုင်သည်။ ခြေလေးချောင်းကွင်းမှာ အင် မတန်သာယာသည်။ စားကျက်ကလည်း စိမ်းစို၍ နေသည်။ သောက်ရေကလည်း ကြည်လင်သည်။ လယ်များယာများ လည်းစည်ကာ ညနေခင်းကလည်း ကြည် နူးဖွယ်ရှိသည်။ ဝင်ခါနီးနေ၏ အရောင် ကြောင့်လည်း တကွင်းလုံး ရွှေရည်လိမ်း၍ ထားဘိသကဲ့သို့ ရှိသည်။
ခွါဖြူသည် မိမိတို့ ခြေလေးချောင်း ကွင်း၏ သာယာကြည်နူးဖွယ်ရှိဟန်ကို ကြည့်၍ မျက်ရည်လည်လာသည်။ သူ့ ပါးစပ်က ဖွင့်၍ မပြောတတ်သော်လည်း သူ့ဝမ်းထဲ၌ ယခင်က လူသားများကို တော်လှန်ခဲ့ကြစဉ်က ရည်ရွယ်ချက်များ နှင့် ယခုဖြစ်နေပုံများမှာ တခြားစီဖြစ် သည့်အကြောင်းကို သိသည်။ မိမိတို့ သည် ဗိုလ်ကြီး၏မျက်မှောက်၌ တော် လှန်ရေးတရားဦးကို နာခဲ့ကြစဉ်က နောက်အဖို့တွင် တိရစ္ဆာန်တို့မှာ အချင်း ချင်း တကောင်နှင့်တကောင် ညှဉ်းပန်း သတ်ဖြတ်ခြင်း ပြုကြလိမ့်မည်ဟု မထင် မိခဲ့။ ဗိုလ်ကြီး၏တရားကို နာခဲ့စဉ်က သူ့စိတ်ထဲတွင် နောင်အဖို့၌ တိရစ္ဆာန်တို့ သည် လူသားတို့ရိုက်ပုတ်ညှဉ်းဆဲခြင်းမှ လွတ်၍ အစာရေစာ ပြည့်စုံလုံလောက် အောင် စားကြရလိမ့်မည်။ တကောင် နှင့်တကောင်လည်း အခွင့်အရေးတန်းတူ ရကြလိမ့်မည်။ အလုပ်ကိုလည်း ကိုယ့် စွမ်းအားအလိုက်သာ လုပ်ကြရလိမ့်မည်။ ဗိုလ်ကြီး၏တရားကို နာသည့်နေ့က သူ ကိုယ်တိုင် မိခင်ပျောက်နေသော ဝမ်းဘဲ ကလေးများကို သူ့ရင်ခွင်ထဲ၌ထည့်၍ စောင့်ရှောက်ပေးခဲ့သည့်နည်းတူ အား နည်းသောအကောင်ကို အားကြီးသော အကောင်က ကာကွယ်ပေးလိမ့်မည်ဟု ထင်မိခဲ့သည်။ ယခုသော် ထိုသို့မဟုတ် မူ၍ကျူးလွန်ကြောင်း ဖြောင့်ချက်ပေးသူ ကပေး ခွေးကြီးတွေက နေရာတကာလည် ၍ မိမိတို့ရဲဘော်များကို ကိုက်သတ်ချင် တိုင်းကိုက်သတ်၍ နေကြပြီးလျှင် မိမိတို့ ဝမ်းထဲ၌ရှိသည့် အကြံကို တကောင်နှင့် တကောင်ထုတ်ဟ၍ မပြောရဲဝံ့လောက် အောင် ရှိနေကြရပြီ။

ခွါဖြူစိတ်တွင် ခြေလေးချောင်း ကွင်းကို တော်လှန်လိုသောစိတ် ကလန် ကဆန်လုပ်လိုသော စိတ်ထားမရှိ။ ယခု ခြေလေးချောင်းကွင်း၏ လက်ရှိအခြေ အနေမှာ မည်မျှပင် စိတ်မကျေနပ်ဖွယ်ရာ ရှိသော်လည်း ဦးသာခေါင်လက်ထက်က နှင့် နှိုင်းစာမည်ဆိုလျှင် အများကြီးပို၍ ကောင်းသည်။ ထိုကြောင့် လူသားများ ပြန်၍ မလာနိုင်အောင်ကာကွယ်ဖို့ အ လုပ်ကို ရှေးဦးစွာ လုပ်ကြရမည်။ သို့ဖြစ် ရာ ခြေလေးချောင်းကွင်း၌ ယခုလော လောဆယ်ဆယ် ဘာဘဲဖြစ်၍နေနေ ခွါ ဖြူ့စိတ်၌ သူသည် သစ္စာစောင့်သိ၍ အ လုပ်ကို ကြိုးစားပြီးလျှင် ပေးသမျှအမိန့် ကိုနာခံလျက် ဗန္ဓုလ၏ခေါင်းဆောင်မှု ကို ခံယူမည်ဟု အောက်မေ့သည်။ ခွါဖြူ သည် ဘယ်လိုပင်စိတ်ကောင်းထား သော်လည်း ခြေလေးချောင်းကွင်း၌ လက် ရှိဖြစ်နေသော အခြေအနေမှာ မိမိတို့လက် ဦးရည်ရွယ်မှန်းထားခဲ့သော ရည်ရွယ်ချက် များနှင့် တခြားစီဖြစ်၍နေသည့်အဖြစ်ကို ကောင်းစွာ သဘောပေါက်နေသည်။

ဦးသာခေါင်၏ သေနတ်ပြောင်းဝနှင့် ရင်ဆိုင်၍ တိုက်ခဲ့ကြခြင်း ဓါတ်မီးစက်ကို တည်ခဲ့ကြခြင်းတို့မှာ ဗန္ဓုလက ခွေးများ ကို လက်သပ်မွေး၍ လုပ်ချင်သလိုလုပ်ဖို့ မဟုတ်။ ဤသို့လျှင် ခွါဖြူတွေးမိသည်။ သို့ရာတွင် ဖွင့်၍ကား မပြောတတ်။ ခွါဖြူ သည် ဖွင့်၍မပြောတတ်သော်လည်း သူ့ ဝမ်းထဲက တွေးမိသည့်အတိုင်း မှန်သည် ဟု သဘောရသဖြင့် “ဒို့တိရစ္ဆာန်သီ ချင်း”ကို စ၍ဆိုသည်။ သူ့အနား၌ ရှိကြ သော တိရစ္ဆာန်တို့ကလည်း ဝိုင်း၍ဆိုကြ သည်။ အားလုံးသုံးကြိမ်တိုင် နာပျော်ဖွယ် ကောင်းစွာ ဆိုကြသည်။ သို့ရာတွင် ခါတိုင်းဆိုကြသကဲ့သို့ မဟုတ်ဘဲ သေး လေးနှင့် လွမ်းဆွတ်ဖွယ်ဆိုကြသည်။ ယခင်က ဒို့တိရစ္ဆာန်သီချင်းကို ထိုမျှ လောက် လွမ်းဆွတ်ဖွယ်ကောင်းလောက် အောင် မဆိုကြစဘူး။ ဒို့တိရစ္ဆာန် သီချင်း ကို ထိုမျှလောက် လွမ်းဆွတ်ဖွယ် ကောင်းလောက်အောင် မဆိုကြစဘူး။ ဒို့တိရစ္ဆာန်သီချင်းကို တတိယအကြိမ် ဆိုပြီးသည့်အချိန်တွင် သံကြောင်သည် ခွေးနှစ်ကောင်ရံ၍ အရေးကြီးသော စကားပြောလိုဟန်ဖြင့် ပေါက်လာသည်။ သံကြောင်က “ယနေ့ကစပြီး ဒို့တိရစ္ဆာန် သီချင်းကို မဆိုကြဖို့ ရဲဘော်ဗန္ဓုလက အမိန့်ထုတ်လိုက်ပြီ”ဟု ပြောသည်။

ထိုအခါ တိရစ္ဆာန်များမှာ မျက်လုံး မျက်ဆန်ပြူး၍ သွားကြသည်။ “ဟေ့ ဘာဖြစ်လို့ မဆိုရမှာလဲဟ”ဟု မုတ် ဆိတ်က မေးသည်။ ထိုအခါ သံကြောင် က “ဘာလို့ ရမလဲ ရဲဘော်ရ ။ နောက်ကို ဒို့တိရစ္ဆာန်သီချင်းကို ဆိုကြဖို့ မလိုတော့လို့ပေါ့ဟ။ ဒို့တိရစ္ဆာန်သီချင်း က တော်လှန်ရေးသီချင်းဟ။ အခု ဒို့ တော်လှန်ရေးဟာက အောင်မြင်ပြီ။ ဒီနေ့ က မွန်းလွဲအချိန်မှာ သစ္စာဖေါက်တွေကို အဆုံးစီရင်လိုက်တာဟာ ဒို့တော်လှန် ရေးရဲ့ နိဂုံးချုပ်ပေါ့ဟ။ အခု ဒို့ဟာ အ တွင်းရန်နဲ့ အပြင်ရန်သူတွေကို အကုန် လုံးအောင်မြင်ပြီ။ ဒို့တိရစ္ဆာန်သီချင်းက ဒို့ရဲ့ရည်ရွယ်ချက်ကို မြှော်မှန်းတောင့် တတဲ့ သီချင်းဟ ။ အခုတော့ ဒို့ရည်ရွယ် ချက်ဟာ မြှော်မှန်းတောင့်တတဲ့ အခြေက နေပြီး တကယ်ဖြစ်မြောက်လာတဲ့ အခြေအနေကို ရောက်သွားပြီ။ ဒီတော့ ဒို့တိရစ္ဆာန်သီချင်းကို ဘယ်ဆိုဘို့ လိုတော့ မလဲ”ဟု ပြောသည်။

ထိုစကားကို ကြားသောအခါ တိရစ္ဆာန်များမှာ ထိတ်လန့်ကြောက်ရွံ့ နေကြလျက်နှင့်ပင် ဒို့တိရစ္ဆာန်သီချင်းကို မပိတ်ပင်သင့်ကြောင်းနှင့် ထ၍ကန့်ကွက် လိုသော ဆန္ဒပေါ်လာကြသည်။ သို့သော် ထိုအခိုက်တွင် သိုးများက “ခြေလေး ချောင်းကောင်းတယ်။ ခြေနှစ်ချောင်း မကောင်းဘူး”ဟု ဆက်ကာဆက်ကာ ဆူညံစွာအော်ကြသဖြင့် စကားပြတ်၍ သွား ပြီးလျှင် မကန့်ကွက်ဖြစ်တော့။

ဤနည်းဖြင့် ဒို့တိရစ္ဆာန်သီချင်း အသံမှာ ပျောက်ကွယ်၍ သွားလေသည်။ ဒို့တိရစ္ဆာန်သီချင်းအစား ကဗျာဓိုရ် သေးသွယ်က အောက်ပါသီချင်းကို ပေး သည်။ သေးသွယ်၏ သီချင်းသစ်မှာ “တိရစ္ဆာန်ကုန်း၊ တိရစ္ဆာန်ကုန်း ငါတို့ သစ္စာစောင့်မည့် တိရစ္ဆာန်ကုန်း”ဟူ၍ ဖြစ်သည်။ သီချင်းအသစ်ကို တနင်္ဂနွေ နေ့မနက်တိုင်း အလံတင်ပွဲအပြီးတွင် တိရစ္ဆာန်များဆို ကြသည်။ သို့ရာတွင် ဆိုလို့သာ ဆိုရသည်။ တိရစ္ဆာန်တို့ စိတ်ထဲ၌ ဒို့တိရစ္ဆာန်သီချင်းကို ဆိုရ သလောက် အဆီအသားပါသည်ဟု မထင် ကြ။
ဆက်လက်ဖော်ပြပါမည်။

Related Posts