ဆလုံဘော်ဒါဆောင်တွင် အိမ်တွင်း လက်မှုပညာသင်တန်းများ ဖွင့်လှစ်မည်

0
417

ဆလုံလူမျိုးများအတွက် အသစ် ဖွင့်လှစ်လိုက်သည့် ဘော်ဒါဆောင်တွင် အိမ်တွင်းလက်မှုပညာ ရက်တိုသင်တန်း များက ပြုလုပ်မည်ဖြစ်ကြောင်း တင့်တင့် (မြန်မာ) ကုမ္ပဏီပိုင်ရှင် ဒေါ်တင့်တင့် လွင်က ပြောသည်။

ဇန်နဝါရီလ ၂၆ ရက်က ဖွင့် လှစ်လိုက်သည့် ကော့သောင်းမြို့နယ်၊ အောင်ဘာကျေးရွာအုပ်စု၊ မကြုံက လက်ကျေးရွာ ဘော်ဒါဆောင်တွင် ကျောင်းသူ၊ ကျောင်းသားများအပြင် ပြင်ပ ကလေးငယ်များနှင့် အမျိုးသမီးများပါ တက်ရောက်နိုင်မည့် ရက်တိုလက်မှု သင်တန်းများကို ဖွင့်လှစ်မည်ဟု ဘော် ဒါဆောင် ဆောက်လုပ်လှူဒါန်း ထား သည့် ဒေါ်တင့်တင့်လွင်က ဆိုသည်။

စက်ချုပ်ပညာ၊ စားပွဲခင်းနှင့် လိုက်ကာများ ချုပ်လုပ်ခြင်း၊ ကွမ်းသီး ခွံများဖြင့် အမှတ်တရပစ္စည်းများ ဖန်တီးခြင်း၊ ခရုကမာခွံများတွင် စာလုံး ဖော်ကာ အမှတ်တရ လက်ဆောင်များ ဖန်တီးခြင်း စသဖြင့် လက်မှုပညာများကို သင်ပေးမည်ဟု ၎င်းက ဆိုသည်။
“လက်မူပညာရပ်တွေ သင်ကြား ပေးပြီး ထွက်ရှိလာတဲ့ ပစ္စည်းတွေကို ပြန်လည်ဖြန့်ဖြူး ရောင်းချပေးတာမျိုး ကိုပဲ ရှေ့ဆက်လုပ်ဆောင်သွားမှာပါ” ဟု ဒေါ်တင့်တင့်လွင်က ပြောသည်။

အဆိုပါဘော်ဒါဆောင်တွင် မကြုံ ကလက်ကျေးရွာနေ ဆလုံလူမျိုးများအ ပြင် ပင်လယ်ရွာများတွင် နေထိုင်ရန် အခက်အခဲရှိသည့် ဗမာ၊ ကရင် မည်သူမဆို ဖေဖော်ဝါရီလမှစတင်ကာ ကျောင်းအိပ်၊ ကျောင်းစား လာရောက် အပ်ထားနိုင်သည်ဟု မကြုံကလက် ကျေးရွာ ရာအိမ်မှူးက ပြောသည်။

တင့်တင့်(မြန်မာ) ကုမ္ပဏီသည် ကော့သောင်းခရိုင်အတွင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်လျက် ရှိသည်။