အကျဉ်းကျခံနေရသည့် မွန်ပြည်သစ်ပါတီအဖွဲ့ဝင် ၅ ဦးလွတ်မြောက်

0
422

ကျိုက်မရောအကျဉ်းထောင် (မော် လမြိုင်)တွင် အကျဉ်းကျခံနေရသည့် မွန်ပြည်သစ်ပါတီအဖွဲ့ဝင် ၅ ဦး ဇန်နဝါရီ ၃၁ရက်တွင် လွတ်မြောက်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။
ကျိုက်မရော အကျဉ်းထောင် (မော်လမြိုင်)မှ လွတ်မြောက်လာသည့် အဆိုပါ အဖွဲ့ဝင် ၅ ဦးတို့သည် လွန်ခဲ့ သည့် ၅ လ ဝန်းကျင်ခန့်က မတရား အသင်း ဆက်သွယ်မှု၊ လက်နက်ကိုင် ဆောင်မှုတို့ဖြင့် အကျဉ်းကျခံနေရသူများ ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ ဗဟို ကော်မတီဝင်တစ်ဦးဖြစ်သူ နိုင်ကြည် စန်းက ပြောသည်။

“မကြာခင်NCA လက်မှတ်ထိုး တော့မယ်ဆိုတော့ ဒါကြောင့်လွှတ်ပေး တယ်လို့ ထင်တယ်၊ မတရားအသင်းကနေ ပယ်ဖျက်တော့မယ်ဆိုတော့ ပြန်လွှတ် ပေးတဲ့သဘောပါ”ဟု ၎င်းက ပြောသည်။
အဆိုပါ အကျဉ်းသား ၅ ဦးကို ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁)အရ စည်းကမ်း သတ်မှတ် ချက်မထားဘဲ ပြစ်ဒဏ်မှ လွတ်ငြိမ်း ချမ်းသာ ခွင့်ပြုခဲ့သဖြင့် အကျဉ်းထောင်မှ လွတ် မြောက်မှုပေးခဲ့ကြောင်း မွန်ပြည် နယ် အကျဉ်းဦးစီးဌာနမှ ပြည်နယ်ဦးစီး မှူး ဦးလင်းဗိုလ်နောင်က ပြောသည်။

“မနေ့ညက ညွန်ကြားချက် ရောက် တယ်၊ နိုင်ငံတော်သမ္မတက ညွန်ကြား ချက်နဲ့ လွတ်တာပါ၊ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်တာပါ”ဟု အထက်ပါ ပြည်နယ် အကျဉ်း ဦးစီးမှူးက ပြောသည်။
လွတ်မြောက်ခဲ့သည် ၅ ဦးအနက် နိုင်တင်လှဆိုသူမှာ မတရားအသင်းဆက် သွယ်မှု ၁၇ (၁)ဖြင့် ထောင် ၂ နှစ်နှင့် ၆ လ၊ ဘိုင်ကလိုင်ဆိုသူမှာ၁၇ (၂ )ဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် ၇ လနှင့်ကျန် ၃ ဦး တို့သည် ၁၉ (စ) လက်နက်ကိုင် ဆောင်မှုဖြင့် ထောင်ဒဏ် ၆ လကျခံနေ ရသူများ ဖြစ်သည်ဟုလည်း ၎င်းက ဆက် ပြောသည်။
မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံ လုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ်NCA နှင့် ပတ်သက်ပြီး တစ်ပါ တီတည်း သီးခြားသွားမည် မဟုတ်ဘဲ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တပ်ပေါင်းစု အဖွဲ့ဝင်များနှင့်အတူ သွားမည်ဆိုပြီး ထုတ် ဖော်ပြောဆိုထားခဲ့သည်။

သို့သော် ဇန်နဝါရီ တတိယအပတ် ခန့်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ နှင့် တွေ့ဆုံခဲ့ကြအပြီးတွင်မူ မကြာခင် NCA လက်မှတ်ထိုးတော့မည်ဟု နိုင်ငံ တော်အဆင့် တရားဝင်ထုတ်ပြန်ခဲ့ထား သည်။
မွန်ပြည်သစ်ပါတီသည် ပထမဆုံး အကြိမ်အဖြစ် ၁၉၉၅ ခုနှစ်က စစ်အစိုး ရနဲ့ တွေ့ဆုံဆွေးနွေးပြီး အပစ်ခတ်ရပ်စဲ ရေး သဘောတူညီမှု စာချုပ်ချုပ်ဆိုနိုင်ခဲ့ သော်လည်း ၂၀၁၀ ခုနှစ်မှာ အပစ် ခတ်ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ် သွားခဲ့သည်။

ဒုတိယအကြိမ် အပစ်ခတ်ရပ်စဲရေး သဘောတူမှုကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ လတွင် မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး ကိုယ်စားလှယ်ခေါင်းဆောင်များနှင့် အစိုးရသစ် ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့တို့နှင့် တွေ့ဆုံခဲ့ပြီး အပစ်ခတ်ရပ်စဲ ရေးအတွက် သဘောတူညီခဲ့ကြသည်။