ပြည်ထောင်စုနေ့တွင် ထားဝယ်ရိုးရာ ယန်းအကဖြင့် သွားရောက်ဖျော်ဖြေမည်

0
533

၇၁ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ထားဝယ်ယဉ်ကျေးမှု အကဖွဲ့က ထားဝယ်ရိုးရာ ယန်းအကဖြင့် သွားရောက် ဖျော်ဖြေမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
ယင်းအခမ်းအနားတွင် ထားဝယ်အ သံဖြင့် သီဆိုထားသည့် ပြည်ထောင်စုနေ့ သမိုင်းပေးသစ္စာသီချင်းဖြင့် ဖျော်ဖြေတင် ဆက်သွားမည်ဖြစ်ကြောင်း အကဖွဲ့ ခေါင်းဆောင် ဦးဇော်ထွန်းသောင်းက ပြောသည်။
“နှစ်ပေါင်းများစွာ တိမ်မြုပ်နေရာ ကနေ အခု ပထမဆုံးအကြိမ်ပဲ ဒီမှာ (ပြည်ထောင်စုနေ့မှာ) လာပြီး ကပြရတာ ပေါ့နော်” ဟု ဦးဇော်ထွန်းသောင်းက ဆိုသည်။

ယင်းအကဖွဲ့တွင် တင်ဆက်ကပြ မည့် အမျိုးသမီး ၃၄ ဦးပါဝင်ပြီး ထား ဝယ်မြို့တွင် ရက် ၂၀ ခန့် ကြိုတင်လေ့ ကျင့် အကတိုက်ခဲ့ကြကြောင်း ၎င်းက ပြောသည်။
ထားဝယ်ရိုးရာ ယဉ်ကျေးမှု အက အဖွဲ့သည် ၁၉၉၀ ခုနှစ် ဝန်းကျင် က တည်းက ထားဝယ်ရိုးရာ ရေအိုးရွက်အ က၊ သပိတ်မျှောပွဲအက၊ ရှင်တောန်း ပုံအက စသည်တို့ဖြင့် ပြည်ထောင်စုနေ့ အခမ်းအနားများတွင် သွားရောက်ဖျော် ဖြေခဲ့ကြောင်း ၎င်းက ပြောသည်။
ဆယ်စုနှစ် အတော်ကြာ တိမ်မြုပ် ပျောက်ကွယ်နေသည့် ထားဝယ်ရိုးရာ ယန်းအကကို ၂၀၁၇ ခုနှစ်က ကျင်းပ သည့် ထားဝယ်ရိုးရာ သပိတ်မျှောပွဲတွင် ပထမဆုံးအကြိမ် ပြန်လည်ဖော်ထုတ်က ပြနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ထား ဝယ်ရိုးရာယဉ်ကျေးမှု အကဖွဲ့ ပြည် ထောင်စုနေ့တွင် သွားရောက်ဖျော်ဖြေမှု ကင်းလွတ်ခွင့်ပေးရန် တိုင်းအစိုးရအဖွဲ့ က တောင်းဆိုခဲ့ဖူးပြီး နောက်ပိုင်းတွင် ပြန်လည်ခွင့်ပြုပေးခဲ့သည်။