‘တနင်းသာရီ’ ဟု အသံထွက်ရန် တိုင်းလူမှုစည်ပင်ဝန်ကြီး သတိပေး

0
787

တနင်္သာရီ(တနင်းသာရီ)ကို အသံ ထွက် မှန်ကန်စွာဖြင့် “တနင်းသာရီ”ဟု အသံထွက်ပြောဆိုရန် သတိထားစေ ချင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးက ပြောသည်။

“တနင်းသာရီ”ဟု အသံထွက်ရ မည့်အစား “တနင်သာရီ”ဟု ပြောဆို ခြင်းများကို သတိထားကာ ဂရုတစိုက် အသံထွက်စေချင်ကြောင်း တိုင်းဒေသ ကြီး လူမှု/စည်ပင်ဝန်ကြီး ဦးဟိုပင်က ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက် မနက်ပိုင်းက ထားဝယ်ပြည်သူ့ဆေးရုံ ကြီးဝင်းအတွင်းရှိ ခန်းမတွင် ကျင်းပခဲ့ သည့် ဆင်ခြေထောက်ရောဂါ ကင်းဝေး ရေး လူအားလုံး ဆေးကျွေးခြင်းလုပ်ငန်း အသိပေးရှင်းလင်းတင်ပြခြင်း အခမ်း အနား မိန့်ခွန်းပြောကြားရာတွင် ယင်း ကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့တိုင်းက တနင်သာ ရီ မဟုတ်ပါဘူး တနင်းသာရီပါ၊ အဲဒါ လေးကိုလည်း နည်းနည်း ဂရုထားစေ ချင်ပါတယ်”ဟု ဝန်ကြီးဦးဟိုပင်က ပြောသည်။
တနင်္သာရီ အပတ်စဉ်တွင် ဖော်ပြ ခဲ့ပြီးဖြစ်သည့် ဆောင်းပါးရှင် ရွှမ်းသိင်္ဃ (တနင်္သာရီ)ကလည်း “တနင်းသာရီဟု အသံထွက် မှန်ကန်စွာ ပြောဆိုနိုင်စေဖို့”ဟူသည့် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ ဖူးသည်။