ကျေးရွာအုပ်စုတစ်ခုလုံး၏ လူဦးရေအပေါ် အခြေခံပြီး ကျေးလက်ကျန်းမာရေးဌာန နေရာပြောင်းခြင်းဟုဆို

0
452

ကနဦးဆောက်လုပ်မည့်နေရာတွင် မဆောက်ဘဲ နေရာပြောင်းလိုက်သည့် အတွက် ပသောင်းရွာသူရွာသားတချို့က ဝေဖန်နေသည့် ကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် ပတ်သက်ပြီး ကျေးရွာအုပ်စု တစ်ခုလုံး၏ လူဦးရေအပေါ် အခြေခံကာ ပြောင်းလိုက်ခြင်းဖြစ်ကြောင်း မြိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဒုခရိုင်ဦး စီးမှူး ဒေါက်တာလွင်လွင်မွန်က ရှင်းပြ သည်။
ပသောင်းကျေးရွာတစ်ခုတည်း၏ လူဦးရေကို အခြေခံခြင်း မဟုတ်ဘဲ ကျေးရွာအုပ်စုတစ်ခုလုံးဖြစ်သည့် ပသောင်း၊ တောင်ပုလဲ၊ တက်လက်ငယ်၊ ရှမ်းတောင် ကျေးရွာများ၏ လူဦးရေ စုစုပေါင်းကို အခြေခံကာ သက်ဆိုင်ရာ ဌာနများက တိုင်ပင်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါက်တာလွင်လွင်မွန်က ဆိုသည်။

ကနဦးက ပသောင်းကျေးရွာအ တွင်း ရွာသားတစ်ဦး လှူဒါန်းထားသည့် မြေဧက ပေ ၁၂၀ ပတ်လည်တွင် တည်ဆောက်ရန် လျာထားသော်လည်း လက်ရှိတွင် တောင်ပုလဲရွာ ရွှေရင်း တောင်စေတီတော်အနီးတွင် တည်ဆောက် မည်ဖြစ်သည့်အတွက် ယင်းသို့ ဝေဖန် ကြခြင်းဖြစ်ကြောင်း ပသောင်း ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူးထံမှ သိရသည်။
“ကိုယ်လှူထားတဲ့ မြေနေရာလေး မှာ ဖြစ်ချင်ပေမဲ့ အကြောင်းကြောင်း ကြောင့် မဖြစ်လိုက်ရတော့ စိတ်မ ကောင်းဖြစ်မိတယ်”ဟု ကနဦးလျာ ထားနေရာအတွက် မြေလှူဒါန်းထားသူ ဦးဂါနီက ပြောသည်။
လက်ရှိ တည်ဆောက်မည့် နေရာ သည် ပသောင်းကျေးရွာမှ ၆ ဖာလုံ ကွာဝေးပြီး အခြားရွာများမှ တစ်မိုင်ခန့် ကွာဝေးကြောင်း မြိတ်ခရိုင် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ကျေးလက်ကျန်းမာရေးဌာ နခွဲကို ၂၀၁၇-၂၀၁၈ ခုနှစ် ပြည်ထောင် စု အစိုးရဘတ်ဂျက် ကျပ်သိန်း ၆၃၀ ဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း မြိတ်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှ သိရသည်။