ခရိုင်၊ မြို့နယ် ယ.က.က များ ပြန်ရွေးမည်

0
410

ခရိုင်နှင့် မြို့နယ် ပုဂ္ဂလိကယာဉ် များ ပြေးဆွဲရေး လုပ်ငန်းထိန်းသိမ်း ကြီးကြပ်ရေး (ယ.က.က) ကော်မတီများ ကို ယခုနှစ်အပြီး ပြန်လည် ရွေးချယ် သွား မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး လုပ်ငန်းလိုင်စင်နှင့် သယ် ယူပို့ ဆောင်ရေး ကြီးကြပ် ညှိနှိုင်းမှုဌာန (ပို့/ဆက်) တိုင်းဦးစီးမှူး ဦးတင်စိုးက ပြောကြားသည်။
ယခင်က မ.ထ.သ ဟု ခေါ်သည့် ယ.က.က ကော်မတီများကို အသစ်ပြန် လည် ရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့ကို သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများ အား အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန် ပေးကာ ရွေးချယ်သွားမည်ဖြစ်ကြောင်း ပို့/ဆက် တိုင်းဦးစီးမှူး ဦးတင်စိုးက ဆိုသည်။

“ဘယ်အချိန်ကို နောက်ဆုံးထား ရွေးရမယ်လို့ သတ်မှတ်ထားတာတော့ မရှိဘူး။ ဒီနှစ်ထဲမှာပဲ ရွေးသွားမယ်”ဟု ဦးတင်စိုးက ပြောသည်။
တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်၊ ခရိုင် ယ.က.က ကော်မတီများသည် သက်တမ်း ၃ နှစ် ပြည့်နေပြီဖြစ် သောကြောင့် ပြန်လည်ရွေးချယ်ရန် စီ စဉ်ခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

အဆိုပါ ကော်မတီများမှာ ပရဟိတ အဖွဲ့များဖြစ်ကာ ဒေသအကျိုး သယ်ပိုး မည့်သူများကိုသာ ရွေးချယ်သင့်ကြောင်း ၄င်းက ဆိုသည်။
မြို့နယ်ကော်မတီများကို ပြန်ရွေး ရန် နိုဝင်ဘာလ ၂၂ ရက်က သက်ဆိုင် ရာမြို့နယ်အုပ်ချုပ်ရေးမှူးများက ကြီးကြပ်ရန် ညွှန်ကြားထားပြီး လက်ရှိ အချိန်ထိ ပြန်လည်တင်ပြလာခြင်း မရှိ သေးကြောင်း ထားဝယ်ခရိုင်အုပ်ချုပ် ရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝေဖြိုးလင်း က ပြောသည်။
တိုင်းအတွင်း မြို့နယ် ယ.က.က ၇ ခုနှင့် ခရိုင် ယ.က.က ၁ ခုရှိပြီး ကော် မတီတစ်ခုလျှင် အဖွဲ့ဝင် ၅ ဦးခန့် ပါဝင် ကြောင်း တိုင်း(ပို့/ဆက်) ရုံးထံမှ သိရသည်။