ထားဝယ်ကမ်းနားလမ်း စီမံကိန်း စတင်ပြီးနောက် မြေကွက်များ ဝယ်လက် စိတ်ဝင်စားမှုမြင့်လာ

0
543

ထားဝယ်မြို့ ကမ်းနားလမ်းကို အဆင့်မြှင့်မည့်စီမံကိန်း စတင်ပြီးနောက် အဆိုပါလမ်းရှိ အိမ်၊ ခြံနှင့် မြေကွက်များ ကို ဝယ်လိုသူများကာ စိတ်ဝင်စားမှု မြင့်တက်နေကြောင်း တနင်္သာရီတိုင်း ဒေသကြီး အိမ်ခြံမြေဝန်ဆောင်မှုအသင်း အတွင်းရေးမှူးက ပြောသည်။

လက်ရှိတွင် အိမ်နှင့် မြေကွက်များ ကို ဝယ်လိုသူများ စိတ်ဝင်စားမှုမြင့်တက် နေသော်လည်း မြေကွက်ပိုင်ရှင်များက ဈေးနှုန်း အနေအထားကို စောင့်ကြည့်နေ ကြသည့်အတွက် အရောင်းအဝယ် မဖြစ် သေးကြောင်း တိုင်းဒေသကြီး အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း အတွင်းရေးမှူး ဦးစိုးသိန်းက ဆိုသည်။

လက်ရှိ ဆိပ်ကမ်းအာဏာပိုင်က ပိုင်ဆိုင်သည့်မြေနေရာတွင် ငှားရမ်း လုပ်ကိုင်နေသည့် လုပ်ငန်းအချို့ကို ဖယ်ရှားပြီးနောက် ထားဝယ်မြစ် မြင် ကွင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့ လာခဲ့ပြီးနောက် ဝယ်လိုသူများက စိတ်ဝင်စားလာခြင်း ဖြစ်သည်။
“စိတ်ဝင်စားသူတော့ တစ်ကယ် ရှိတယ်၊ အမှန်တစ်ကယ်လည်း လိုက်စုံ စမ်း နေရတာရှိတယ်၊ လက်ရှိအနေ အထား အထိ အရောင်းအဝယ်တော့ မဖြစ်သေး ဘူး”ဟု ဦးစိုးသိန်းက ပြောသည်။

ကမ်းနားလမ်း ဆိပ်ကမ်းပိုင် မြေ ပေါ်ရှိ ဆိုင်ခန်းများကို မဖယ်ရှားခင်က အိမ်နှင့်မြေရောင်းမည်ဟု ကြေညာထား သော်လည်း ဖယ်ရှားပြီးနောက်ပိုင်းတွင် မြေဝယ်ရန် စုံစမ်းသူများသည့်အတွက် ဆိုင်းဘုတ်ကို ပြန်ဖြုတ်လိုက်ကြောင်း ထားဝယ်မြို့ ကမ်းနားလမ်းရှိ အိမ်ပိုင်ရှင် အမျိုးသားတစ်ဦးက ဆိုသည်။
“ကမ်းနားလမ်း စလုပ်ချိန်မှာ မေး တဲ့သူတွေ အရမ်းများလာတယ်၊ ဈေးကို စောင့်ကြည့်နေတဲ့သဘောနဲ့ မရောင်း ဖြစ်သေးတာ”ဟု အဆိုပါ အိမ်ပိုင်ရှင်က ပြောသည်။

လက်ရှိ ဖယ်ရှားနေသည့် အပိုင်းတွင် ပေ ၄၀၊ ပေ ၈၀ အကျယ်ရှိ မြေတစ်ကွက် (အိမ်မပါ)လျှင် သိန်း ၁ ထောင်ခန့်အထိ ခေါ်ဈေး ရှိနေပြီး ယခင်က သိန်း ၇၀ဝ ဝန်းကျင်သာ ခေါ်ဈေးရှိကြောင်း သိရသည်။

အဆိုပါကမ်းနားလမ်းကို လက်ရှိ ကွန်ကရစ်လမ်းနှင့် ယှဉ်ကာ မြစ်ဖက် ခြမ်းတွင် နောက်ထပ် ကွန်ကရစ်လမ်း တစ်ခုခင်းသွားမည် ဖြစ်ပြီး အပန်းဖြေ ဧရိယာပုံစံ ဒီဇိုင်းဆွဲထားကြောင်း ထား ဝယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ရေးဆွဲထားသည့် ဒီဇိုင်းပုံစံအရ သိရသည်။