ဆီအုန်းကုမ္ပဏီကြောင့် ဥယျာဉ်ခြံ မြေဆုံးရှုံးမည်ကို ရွာသားအချို့ စိုးရိမ်

0
401

တနင်္သာရီမြို့နယ် သိန်ခွန်း ကျေးရွာ အုပ်စု ချောင်းလမု ကျေးရွာတွင် ကျော် မော် ၉၀ ဆီအုန်းကုမ္ပဏီ လုပ်ငန်းများ ကြောင့် ဥယျာဉ် ခြံမြေများ ဆုံးရှုံးသွား မည်ကို စိုးရိမ်နေရကြောင်း ယင်းရွာသား တချို့က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်က ယင်းကုမ္ပဏီမှ လုပ်ငန်းများ ဆောင်ရွက် ရာတွင် ရွာသားတစ်ဦး စိုက်ပျိုးထားသည့် ကွမ်းသီးနှင့် သီဟိုဠ်ပင်များ ပါသွားသည့် အတွက် ယင်းကဲ့သို့ စိုးရိမ်ရခြင်းဖြစ် ကြောင်း ရွာသားတို့က ဆိုသည်။

“မြေစာရင်းဌာနကိုတော့ သွားပြော ပြထားတယ်။ တောင်သူတွေရဲ့ ဥယျာဉ် တွေကိုလည်း စနစ်တကျ သတ်မှတ် ပေးစေချင်တယ်”ဟု ချောင်းလမုရွာသား ဦးဌေးအောင်က ပြောသည်။

ဆီအုန်းလုပ်ငန်းအတွက် လမ်းအူ ကြောင်းဖောက်လုပ်ရာတွင် စိုက်ပျိုး ထားသည့် နှစ်ရှည်အပင် ၁၀ ကျော် ပျက်စီးခဲ့ရပြီး ကာယကံရှင် တောင်သူ နှင့် နှစ်ဦးနှစ်ဖက် အဆင်ပြေမှုများ ရရှိ ခဲ့ပြီးဖြစ်ကြောင်း ကျော်မော် ၉၀ ကုမ္ပဏီ တာဝန်ခံ ဦးသန်းစိုးက ပြောသည်။

“စိုက်ထားတဲ့အပင်တွေ ပါသွား တယ်ဆိုပေမယ့် တန်ရာတန်ကြေးလည်း မလိုပါဘူး”ဟု ကာယကံရှင် ဦးဘစိန်က ပြောသည်။
ကုမ္ပဏီအနေဖြင့် ဆီအုန်းစိုက်ဧက ၃၀ဝ၀ ကျော်တွင် လုပ်ငန်းများလုပ်ကိုင် သွားမည်ဖြစ်ပြီး ရွာသားများ စိုက်ပျိုး ထားသည့် ဥယျာဉ်ခြံများတွင် ထပ်မံ စိုက်ပျိုးခြင်း မရှိပါက ပုံစံ ၇ ရရှိရေး အတွက် ကုမ္ပဏီဘက်က ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆို သည်။

ကုမ္ပဏီက လုပ်ကိုင်ခွင့် ရထား သည် ဆိုသည့် မြေဧက ၃၀ဝ၀ ကျော် တွင် ရွာသားများ၏ ဥယျာဉ်ခြံမြေမပါဝင် ဟု ကုမ္ပဏီဘက်က ပြောဆိုပြီး ဒေသခံ ရွာသားများကမူ လက်ရှိချိန်အထိ ပါမပါ မသဲကွဲသေးဟု ဆိုသည်။