မကြားနိုင်မမြင်နိုင် ချိုမိုင်မိုင်

993
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ရွာဇာတ်ပွဲကား အုတ်အော်သောင်း တင်း။
“အားပေးကြပါဦးရှင် မောင်ကြီးများ ရဲ့ ဂွိပါရှင်..၊ ကျွန်မကိုလေ..၊ အားပေးကြ ပါဦးရှင် မောင်ကြီးများရဲ့ ဂွိပါရှင်..”
အုပ်ချုပ်ရေးမှူးရှင် ဂွမ်းဂွိ၏ ညုတု တုအာ တာတာသီချင်းဆိုသံက လော်စပီ ကာမှ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ ဇာတ်စင် တစ်ဝိုက်မက ရွာနီးစပ်များပါ ကြား၏။ သီချင်းဆိုရင်း ရှင်ဂွမ်းဂွိက နေသည်။ ကကွက်ကား ချိုမိုင်မိုင်။

“ပ္လတ်၊ ဘေချိ။ ဘေချိချိ . .၊ ပ္လတ် ဘေချိဘုံ ချမ်းဘေချမ်း၊ ဘေချမ်း ချမ်း ဘေချမ်းချမ်း.”
ဆိုင်းဝိုင်းမှထွက်လာသော တီးခတ် သံများ မဟုတ်ပါ။ ပါးစပ်ဆိုင်း ဖြစ်သည်။ ရှင်ဂွမ်းဂွိနှင့်အတူ ဇာတ်စင်ပေါ်တွင် ရှိနေသည့် မိုက်ကိုယ်စီ ကိုင်ထားသော လူရွှင်တော် ရာအိမ်မှူးများ၏ ပါးစပ် ဆိုင်း ဖြစ်သည်။
စင်အောက်မှ ရွာသားပရိသတ်များ ကလည်း သောသောညံမျှ ဩဘာပေးကြ သည်။

“အောင်းမြတ်လေး.. တော်ကြပါ တော့ဗျို့”
“ဆင်းပါတော့ဗျို့.. ဒီမှာ ရှူရှူးတွေ ထွက်ကျကုန်ပြီ..”
“မင်းသား ထွက်ပါတော့ဗျို့”
“မင်းသမီးအသစ် လဲပါတော့ဗျို”
ထိုဩဘာသံ စီစီညံကို ခေါင်း ဆောင်မင်းသမီးကြီး အုပ်ချုပ်ရေးမှူး ရှင်ဂွမ်းဂွိနှင့် လူရွှင်တော်ရာအိမ်မှူးတို့ မကြားပါ။ ထိုအခါ ရွာသားများက လက်ဟန်ခြေဟန်ဖြင့် “ဝင်ပါတော့၊ ဆင်းပါတော့..” လုပ်ပြသည်။ သို့သော် ရှင်ဂွမ်းဂွိနှင့် ရာအိမ်မှူးတို့ မမြင်ပါ။
ရွာဦးကျောင်းဆီသို့ မျက်နှာမူကာ သီချင်းကလည်း တစ်ပုဒ်ပြီး တစ်ပုဒ်။ အတိုင်အဖောက်က ညီမှညီ။

“ပျော်ရဲ့လားဟေ့ မောင်တို့ရေ..”
“ပျော်တယ်ဟေ ပျော်တယ်ဟေ..”
“ပလုံတုန်တုန် ပုလုံ့တုန်တုန်”အသံ ဆွဲလေးဖြင့် ရှင်ဂွမ်းဂွိ ပွဲတောင်းလျှင် နောက်မှ မျက်နှာပြောင်များဖြင့် ဝိုင်း ထောက်ခံပေးကြသည်။
“ကျွန်မကတာ လှရဲ့လား… မောင် တို့ရဲ့.”
“လှပါပေ့ နှမဂွိရေ.. ဒီနယ်တလွှား ပြိုင်စံရှားပါကွယ့်..”
“ကျွန်မကတာ တော်ရဲ့လား… မောင်တို့ရဲ့..”
“တော်ပါပေ့ နှမဂွိရေ.. ဒီဇမ္ဗူ ပြိုင် သူမဲ့ပါကွယ့်..”
ထိုအသံများက လော်စပီကာမှ ထွက်လာပြီး ရွာပရိသတ်အသံကို လွှမ်း ထားလိုက်သည်။ ရွာပရိသတ်ကား ညနက် လေလေ အာညောင်းလေလေ။ ကြိတ် မနိုင် ခဲမရ ဆွေ့ဆွေ့ခုန်ရ လွန်းသူတို့က နုံးချည့်ပျော့ခွေ။ အချို့ ကား မင်းသမီး မင်းသားသစ်များ ထွက်လာလေမလား စိတ်ရှည်မျှော်ကိုး ရင်း ယခုကနေသည့် ရွာပွဲ ဖြစ်လာရပုံ အကြောင်းတွေးကာ ညနက်နက်ထဲ အံတကြိတ်ကြိတ်။
။။ ။။ ။။

ယခုနှစ် ရွာဘုရားပွဲတွင် မြို့ဇာတ် ပွဲ ငှားရန် ဆုံးဖြတ်ခဲ့ပါသည်။ ဇာတ်ပွဲ အတွက် ရွာတွင်လည်း အလှူခံခဲ့ပါသည်။ သို့သော် အုပ်ချုပ်ရေးမှူး ရှင်ဂွမ်းဂွိက အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ဘက်ကိုသာ အားစိုက်နေသဖြင့် ပွဲငှားရန် မေ့လျော့နေ ခဲ့သည်။
သတိရချိန် ပွဲတက်ငှားသောအခါ ဘုရားပွဲညအတွက် အားလပ်သည့် ဇာတ်အဖွဲ့ မရှိတော့။ ရှင်ဂွမ်းဂွိ ရွာ အမြန်ပြန်ကာ အားကိုးရာ ရွာဦး ကျောင်း ဘကြီး ဆရာတော်ထံ ပြေး သည်။

“ဘယ်နှယ့် လုပ်ရပါ့ ဆရာတော် ဘုရား”
“ခက်ပါ့ မအာလူးရယ်၊ ရွာမှာလည်း ပွဲအတွက် အလှူခံထားပြီးပြီ”
ဆရာတော်သည် ရှင်ဂွမ်းဂွိကို ချစ် စနိုးဖြင့် မအာလူးဟု ခေါ်တတ်သည်။
“ကယ်ပါဦး ဘုရား၊ ပေးအပ်တဲ့တာ ဝန်ထမ်းဆောင်နိုင်စွမ်းမရှိဘူးဆိုပြီး တ ပည့်တော်ကို ရွာသားတွေ ရမယ်ရှာဖြုတ် ချတော့မယ် ထင်ရဲ့ဘုရား”
“အိမ်း..၊ နင့်ကို နဂိုကတည်းက ကြည့်ရကြတာ ဟုတ်ဘူးရယ်ဆိုတော့ ခက်သပေါ့။ ကိုင်း . . နင်ကိုယ်တိုင်ပဲ မင်းသမီးလုပ်ပြီးကဖို့ ပြင်ပေတော့ဟေ့..”
“အယ်…၊ (ရှက်ပြုံးဖြင့်..) ဖြစ်ပါ့ မလားဘုရား..၊ တပည့်တော်မှ မကဖူး တာ”
“နင် ချိုမိုင်မိုင်တော့ ကတတ်တယ် ဟုတ်”
“တင်ပါ့ဘုရား”
ဆရာတော် သူ့ပေါင်သူ ဖြန်းခနဲ ရိုက်ကာ အားရပါးရ ပြောချလိုက်သည်။

“အဲလောက်ဆို ဖြစ်တယ်၊ ငါက ဒါရိုက်တာ လုပ်မယ်ကွဲ့..”
သို့နှင့် ဆရာတော် ဒါရိုက်တာက ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ကာလ သားများ၊ အပျိုမလေးများကိုစုကာ ဇာတ်အတွက် တာဝန်ခွဲဝေသည်။
“ရွာဇာတ်ကမယ်၊ ငါဦးစီးမယ်။ ဘယ်သူမဆို မင်းသမီးမင်းသားဖြစ်နိုင် တယ်၊ ဇာတ်ပွဲအတွက် အားထည့်ကြ..”
ဆရာတော် မိန့်မှာပြီးနောက်တွင် မင်းသားရူးများ၊ မင်းသမီးရူးများက အ ဝတ်အစား ပြေးချုပ်ကြ၊ မိတ်ကပ် ပြေး ဝယ်ကြသည်။ မိမိအိမ် မှန်ရှေ့တွင် အကကျင့်ကြရင်း မင်သမီးမင်းသားအဖြစ် ကပြရန် မြင်ယောင်တွေးဆ ပျော်ကြ သည်။ ရွာသူရွာသားများကလည်း ကိုယ့် ရွာမှ မင်းသားမင်းသမီးများ ကပြသည်ကို ကြည့်ရမည်ဖြစ်၍ အနည်းငယ် အဆာ ပြေကြသည်။ ကာလသားတစ်သိုက်က လည်း တူရိယာပစ္စည်းများစုဆောင်းကာ တီးပေးရန် တာဝန်ယူကြသဖြင့် ရွာဘုရား ပွဲညက ရင်ခုန်ဖွယ်။

ဘုရားပွဲည ဇာတ်စထွက်သော် စင် ပေါ်တွင် ရှင်ဂွမ်းဂွိအား မင်းသမီးအဖြစ် တွေ့သောအခါ ရွာသားများ အံ့ဩရ သည်။
မင်းသမီးစာရင်းတွင် ရှင်ဂွမ်းဂွိပါ ကြောင်း မသိခဲ့ကြ။ သို့သော် ရပ်ပွဲရွာပွဲ ကို ပျော်ပျော်ပါးပါး အားပေးကြသည်။ မင်းသမီးရှင်ဂွမ်းဂွိ၏ ချိုသောအသံ၊ လှ သော မျက်နှာပေးကို ရွာသားများ တုတ် တုတ်မျှ မလှုပ်ဘဲ သည်းခံစောင့်ကြည့် ပေးကြသည်။
ထွက်ကစတွင် ရှင်ဂွမ်းဂွိက သီချင်း ပေါင်းစုံ ဆိုပြသည်။ သို့သော် ကကွက်က တော့ တစ်ကွက်တည်း။

” ချိုမိုင်မိုင်”
သီချင်းသာ ပြောင်းသည်။ ကကွက် မပြောင်း။ ကြာသော် စင်အောက်တွင် တီးပေးနေသော ကာလသားတို့ ဒေါ ဖောင်းလာသည်။
“ကကွက် ပြောင်းတော့လေ..၊ ဒီမှာ လက်ညောင်းလာပြီ”ဟု လှမ်းအော်ကြ သည်။
သို့သော် ရှင်ဂွမ်းဂွိက ချိုမိုင်မိုင်က တက်မလာ။
သီချင်းကလည်း တစ်ပုဒ်မျှ မပြီး လိုက်။ တစ်ပုဒ်လျှင် တစ်ဝက်ခန့်ဆိုပြီး နောက်တစ်ပုဒ် ကူးသွားသည်။ တီးလုံး နှင့် အဆိုက တလွဲဖြစ်ဖန်များလာသော အခါ ပရိသတ်လည်း ဆူလာသည်။
“တော်ပါတော့ဗျို့၊ ဆင်းပါတော့ ဗျို့”
နောက်ဆုံးတွင် တီးဝိုင်းကာလ သားများ ဆန္ဒပြ ထပြန်တော့သည်။
“ကတဲ့ ခင်ညားကြီး မရှက်တတ်ပေ မဲ့ တီးပေးရတဲ့ ကျုပ်တို့ သိက္ခာကျတယ်၊ မင်းသမီးမင်းသားအသစ်လဲမှ တီးပေး မယ်၊ ခင်းညားကြီးဆိုတာ့တာပဲ”

ထိုအခါ ပွဲပျက်သယောင် ဖြစ်သွား ပြီးကားလိပ် ချလိုက်ရသည်။
အဝေးက ချောင်းကြည့်နေသည့် ဒါရိုက်တာ ရွာဦးဆရာတော်က ဇာတ် စင်နောက် ပြေးလာကာ လူစုလိုက်သည်။ မင်းသားရူး၊ မင်းသမီးရူးများက ဆရာ တော်အနီး ပြေးကပ်ကြသည်။ ရှင်ဂွမ်း ဂွိအစားသူတို့ အစွမ်းပြရန် အသင့်။
ဆရာတော် အမိန့်ပေးလိုက်သည်။
“ရာအိမ်မှူးတွေအားလုံး လူရွှင် တော်အဝတ်အစား အမြန်ဝတ်စမ်း။ ကျန်တဲ့လူတွေက စင်အောက်က လက်ခုပ် တီး။ ရှင်ဂွမ်းဂွိကို ဝန်းရံကြ”
မင်းသားရူး ရာအိမ်မှူးများလည်း ပြန်မပြောရဲ၊ အဝတ် ကပျာကယာလဲကြ၊ မိတ်ကပ်များ ရေဖြင့် ဖျက်ကြရသည်။
ထိုအချိန်တွင် ရှင်ဂွမ်းဂွိ၏ ဝမ်း နည်းပက်လက် ရှိုက်သံကြီး ဟီးခနဲ ထွက်လာသည်။
“ဆိုင်းတီးတဲ့ လူလည်း မရှိတော့ ဘူး၊ တပည့်တော်ကိုလည်း စင်အောက် က လှမ်းအော်လှမ်းပြောင်ပြ နေကြပြီ ဘုရား၊ တပည့်တော် ရှက်တယ်..အီး ဟီး ဟီး..”
ဆရာတော် လှမ်းဟောက်သည်။

“ဟဲ့ မအာလူး၊ ငါ့ကိုအာလူးလာ မပေးနဲ့။ နင့် ရှက်ကြောက ပြတ်ပြီးသား ဆိုတာ ငါက အတွင်းသိ၊ သွား၊ ခိုင်း တာလုပ်၊ ကျန်တာ ငါကြည့်ရှင်းမယ်”
ဘကြီးဆရာတော်က သူ့တူမနှင့် ရာအိမ်မှူးများ မရှက်ကြောက်စေရေး ကြိုတင် စီမံလာခဲ့သည်။ ပွဲခင်း ကျန်းမာ ရေးဌာနမှ ဂွမ်းနှင့် ပလာစတာပြေးယူထား သည်။ မျက်မှန်နက်များလည်း ပွဲဈေး တန်းမှ ပြေးဝယ်ထားသည်။
ကားလိပ် ပြန်အဖွင့်တွင် ညနက် နက်တွင် မျက်မှန်နက် ကိုယ်စီတပ်၊ နားများကို ဂွမ်းများဆို့ကာ ပလာစတာ ဖြင့် အသေပိတ်ထားသော မင်းသမီးကြီး ရှင်ဂွမ်းဂွိနှင့် ရာအိမ်မှူး လူရွှင်တော် များကို ရွာသားများ တွေ့ရလေတော့ သည်။
“အားပေးကြပါဦးရှင် မောင်ကြီး များရဲ့ ဂွိပါရှင်..”
“ဘေဘေပ္လတ်ပ္လတ် ပ္လတ်ဘေချိ”
“ကျွန်မကတာ တော်ရဲ့လား… မောင်တို့ရဲ့..”
“တော်ပါပေ့ နှမဂွိရေ.. ဒီဇမ္ဗူ ပြိုင် သူမဲ့ပါကွယ့်..၊ ဝါးထားထား”
ပါးစပ်ဆိုင်းဖြင့် ရှင်ဂွမ်းဂွိကွေး နေအောင်က သည်။ ကကွက်ကား “ချိုမိုင်မိုင်”။

ရွာပရိသတ် အော်သော်လည်း စင် ပေါ်က မကြားတော့။ “မင်းသားမင်းသမီး အသစ်လဲပါတော့၊ ဆင်းပါတော့” အော် သူများလည်း ညနက်လေလေအာညောင်း လေလေ။
လက်ဟန်ခြေဟန် ပြလည်းမမြင် တော့။ ပရိသတ်ဘက်လည်း မျက်နှာမမူ တော့။ ဘေးစောင်းအနေအထားဖြင့် ရွာဦးကျောင်းဘက် မျက်နှာမူကာ ဆိုနေ ကနေကြတော့သည်။
လော်စပီကာအသံကား လူခြေ တိတ် လေပိုကျယ်လာလေလေ။ ရွာနီး စပ်များကား အုပ်ချုပ်ရေးမှူး ရှင်ဂွမ်းဂွိ ကို သူတို့ရွာသားများ ချစ်လှအားပေး လှချည့်ဟု အထင်ရောက်ကြသည်။

အချို့ကား ရှင်ဂွမ်းဂွိက ကွက် ပြောင်းလေမလား၊ (သို့မဟုတ်) မင်း သမီး မင်းသားသစ်များ ထွက်လာ လေ မလား စိတ်ရှည်မျှော်ကိုးရင်း ရှင်ဂွမ်း ဂွိ၏ ချိုလှသည့် မျက်နှာထားနှင့် အသံ တို့ကို ကျိတ်မှိတ်နားဆင်ရှုစားနေကြရ တော့သည်။
သို့သော် ကကွက်ကား “ချိုမိုင်မိုင်”။
ဇာတ်ဒါရိုက်တာ ရွာဦး ဆရာတော် ကား ယင်းပွဲခင်းကြီးအား အမှောင်ထဲမှ စောင့်ကြည့်ကာ မိန့်မိန့်ကြီး ပြုံးနေ လေသတည်း။

 

 

မူးဆေးအိုး