အတ္တရံမြစ်ရေကို သောက်သုံးရေ အဆင့်သန့်စင်ဖြန့်ဝေမည်

0
454

မော်လမြိုင်မြို့ပေါ်ရပ်ကွက်အချို့သို့ ဖြန့်ဝေပေးနေသည့် အတ္တရံမြစ်ရေကို PH 7 အဆင့်သန့်စင် ဖြန့်ဝေပေးသွား မည်ဟု မွန်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။
Myanmar Tap Water ကုမ္ပဏီ ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည် ဖော်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုချက် ရရှိထားပြီး မကြာခင် အကောင်အထည်ဖော်သွားမည် ဟု မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြော သည်။

“မြစ်ရေသန့်စင်မှု ပြုလုပ်ပြီး သွား ရင် သောက်သုံးရေအဆင့်ထိ သုံးလို့ ရပြီ”ဟု ဦးမြင့်အောင်က ပြောသည်။
သန့်စင်ထားသည့်ရေကို မြစ်နှင့် နီးစပ်သည့် ရပ်ကွက်များဖြစ်ကြသည့် ဖက်တန်းရပ်ကွက်၊ မရမ်းကုန်းရပ်ကွက်၊ ကျိုက်ဖနဲရပ်ကွက်၊ ဒိုင်းဝန်ကွင်းရပ် ကွက်၊ လှိုင်ရပ်ကွက် အစရှိသည့် ရပ် ကွက် ၁၂ ခုကို စတင်ဖြန့်ဝေပေးသွား မည်ဟု ၎င်းက ပြောသည်။
အဆိုပါ စီမံချက်ကို ၁၈ လအတွင်း အပြီးသတ်နိုင်မည်ဟု လျာထားကြောင်း သိရသည်။

“ကျွန်မတို့က အတ္တရံမြစ်ရေကိုပဲ သုံးလာတာ၊ မြစ်ရေဖြစ်တော့ ရေက မကြည်ဘူး၊ မသန့်ဘူး၊ တစ်ရက်လောက် အကြည်ခံပြီးမှ သုံးလို့ရတယ်၊ သောက် လို့ မရဘူး၊ အနံ့လည်း မကောင်းဘူး၊ သောက်ရေအတွက်က ရေသန့်ဗူးတွေ ဝယ်သောက်ရတယ်”ဟု ဖက်တန်းရပ် ကွက်နေ ဒေါ်ကြည်ဝင်းက ပြောသည်။
လက်ရှိတွင် ရေတစ်ယူနစ်လျှင် ၁၅၀ ကျပ်ပေးရပြီး သန့်စင်မှု ပြုလုပ်ပြီးပါက တစ်ယူနစ်လျှင် ငွေကျပ် ၁၅၀ မှ ၂၀၀ကြား သတ်မှတ်သွားမည်ဟု ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

မြို့ရေပေးဝေရေးတွင် ရေသန့်စင် မှုမရှိဘဲ တိုက်ရိုက်ဖြန့်ဝေပေးနေရသည့် အတွက် စည်ပင်အနေဖြင့် မြို့ရေလိုအပ် ချက်များကို ရေကောင်းရေးသန့်ဖြင့် ဖြည့်ဆည်းပေးနိုင်ရန် လက်ရှိတွင် ရင်း နှီးမြုပ်နှံမည့်ကုမ္ပဏီ၊ ချေးငွေချေးပေး မည့် အဖွဲ့အစည်းJIဃဗတို့နှင့် မြို့ရေ ပေးဝေရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။
အဆိုပါအဖွဲ့အစည်းတို့နှင့် ပူး ပေါင်းဆောင်ရွက်နိုင်မည်ဆိုပါက လာ မည့် ၂၀၂၂ ခုနှစ်တွင် မော်လမြိုင်တစ်မြို့ လုံး ၂၄ နာရီ ရေကောင်းရေသန့် ဖြန့်ဝေပေးနိုင်မည်ဟု မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူးက ပြောခဲ့သည်။

မော်လမြိုင်မြို့တွင် ရက်ကွက်၊ ကျေးရွာပေါင်း ၄၂ ခုရှိပြီး အဆိုပါ ရပ် ကွက်၊ ကျေးရွာများအတွက် ရေအသုံးပြုမှု ကို အတ္တရံမြစ်ရေ (၁)၊ အတ္တရံမြစ်ရေ (၂)၊ ရွှေနတ်တောင်ဆည်နှင့် ကင်းမွန် ချုံဆည်တို့မှ ဖြန့်ဝေပေးနေသည်ဟု မွန် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွန် ကြားရေးမှူးက ပြောသည်။