စီမံကိန်းအချို့ကို လွှတ်တော် တင်/မတင် တိုင်းအစိုးရနှင့် လွှတ်တော် ဝိဝါဒကွဲလွဲ

0
415

တနင်္သာရီတိုင်းအတွင်း အကောင် အထည်ဖော်မည့် စီမံကိန်းအချို့ကို တိုင်းလွှတ်တော်သို့ တင်ရန် လို/မလိုဟူ သည့်ကိစ္စနှင့် ပတ်သက်၍ တိုင်းအစိုး ရနှင့် လွှတ်တော်အကြား ဝိဝါဒကွဲလွဲ လျက် ရှိသည်။
နိုင်ငံ့ဘဏ္ဍာငွေ(ဘတ်ဂျက်)ဖြင့် လုပ်ကိုင်မည့် စီမံကိန်းများကို လွှတ် တော်သို့ တင်ရမည်ဖြစ်သော်လည်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းများ ကိုမူ လွှတ်တော်သို့ တင်ရန် မလိုအပ်ဘဲ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင် ရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်း ထွန်းက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်က ထားဝယ်မြို့တွင် ပြုလုပ်သည့် ရသုံးခန့် မှန်းခြေ ငွေစာရင်းဆိုင်ရာ စာစောင် မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြော ကြားခဲ့ခြင်း ဖြစ်သည်။

“ဝန်ကြီး နားလည်ထားတာက တိုင်းဒေသကြီး ဘတ်ဂျက်နဲ့ အစိုးရ ဘတ်ဂျက်နဲ့ လုပ်မယ့် လုပ်ငန်းစီမံကိန်း လုပ်ငန်းကြီးကြီး သေးသေး အားလုံးက တော့ လွှတ်တော်မဖြတ်ဘဲနဲ့ လုပ်လို့ ကို မရဘူး၊ အခြားပုဂ္ဂလိက စီးပွားရေး လုပ်ငန်းကျတော့ လွှတ်တော် တင်စရာ မလိုဘူးဆိုမျိုးပေါ့”ဟု တိုင်းဒေသကြီး ဝန်ကြီး ဦးဖြိုးဝင်းထွန်းက တနင်္သာရီ အပတ်စဉ်သို့ ပြောသည်။
တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးကမူ တိုင်းအတွင်း လုပ်မည့် မည်သည့် စီမံကိန်းမျိုးကို မဆို လွှတ်တော်သို့ တင်ရမည်ဖြစ် ကြောင်း အဆိုပါ အခမ်းအနားတွင် ပြောသည်။

“တိုင်းဒေသကြီးနဲ့ ပတ်သက်တဲ့ စီမံကိန်းများကျတော့ ဘတ်ဂျက်ဖြစ် သည်ဖြစ်စေ၊ ဘတ်ဂျက်မဖြစ်သည် ဖြစ်စေ အကုန်လုံးသည် တိုင်းဒေသကြီး လွှတ်တော်ကို ဖြတ်ရမှာ ဖြစ်ပါတယ်”ဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင် အေးက ပြောသည်။
တင်လာသည့် စီမံကိန်းနှင့် ပတ် သက်၍ တိုင်းဒေသကြီးလွှတ်တော်က ပြည်သူများ အကျိုးရှိ/မရှိ၊ ထိခိုက်မှု ရှိ/မရှိကို သုံးသပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ဝိဝါဒကွဲလွဲနေသည့် အချက်ကို ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးတို့ ဆွေး နွေးမည်ဆိုပါက အဆင်ပြေလိမ့်မည်ဟု မျှော်လင့်ကြောင်း ဝန်ကြီး ဦးဖြိုးဝင်း ထွန်းက ပြောသည်။
တိုင်းအတွင်း အကောင်အထည် ဖော်မည့် စီမံကိန်းအချို့ကို တိုင်းဒေသကြီး လွှတ်တော် မတင်ပြသည့်အတွက် ပွင့်လင်းမြင်သာမှု အားနည်းသည်ဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌက ဝေဖန်ပြောဆို ဖူးသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၃၃ တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရသည် ပြည်ထောင်စု အစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့် သော် လည်းကောင်း၊ ပြည်ထောင်စု ဥပဒေ များနှင့် သော်လည်းကောင်း မဆန့်ကျင် စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်အတွင်း အကောင်အထည်ဖော် ဆောက်ရွက်မည့် လုပ်ငန်းများနှင့် စပ် လျဉ်းသည့် စီမံကိန်းများကို လွှတ်တော် ၏ သဘောတူညီချက်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ရမည်”ဟု ဖော်ပြထားသည်။