ကျိုက်ထီးရိုးတောင်ပေါ်တွင် အမှိုက်မီးရှို့စက်ထားရန် စီစဉ်

0
505

မွန်ပြည်နယ်ကျိုက်ထိုမြို့ရှိသမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးတောင်ပေါ်က အမှိုက်ပြဿနာကို ဖြေရှင်းနိုင်အတွက် အမှိုက်မီးရှို့စက်ထားရှိရန် စီစဉ်နေသည် ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးထံမှ သိရသည်။
ကျိုက်ထီးရိုးပတ်ဝန်းကျင်ဒေသက အမှိုက်ပြဿနာကို မီးရှို့စက်ဖြင့် ဖြေ ရှင်းမှသာ ရသည့်အတွက် အမှိုက်မီးရှို့ စက်ဝယ်ယူရန် ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု သယံဇာ တနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

ကျိုက်ထီးရိုးတွင် ဘုရားဖူးဧည့် သည် များပြားသည့်ကာလတွင် တစ် နေ့ အမှိုက် ၅ တန်အထိထွက်ပြီး သိမ်း ဆည်း နိုင်သော်လည်း စနစ်တကျ မစွန့်ပစ်နိုင်ဘဲ တောင်စောင်းအောက်သို့ ပစ်ချနေရသည်ဟု ဘုရား ဂေါပကအဖွဲ့ ထံမှ သိရသည်။
ဘုရားပတ်ဝန်းကျင်က အမှိုက် ပြဿနာကို ဂေါပကအဖွဲ့တစ်ဖွဲ့တည်း မဖြေရှင်းနိုင်သည့်အတွက် ပြည်နယ်အစိုး ရကို တင်ပြအကူအညီတောင်းခံထား ကြောင်း သိရသည်။

ကျိုက်ထီးရိုးတောင်ပေါ်က အမှိုက် ပြဿနာကို ဂေါပကအဖွဲ့ မဖြေရှင်းနိုင် သည့်အတွက် ဌာနဆိုင်ရာအားလုံးတို့နှင့် ပူးပေါင်းလုပ်ဆောင်မှသာ ရတော့မည်ဟု မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးစိုး နိုင်က ပြောသည်။

အမှိုက်စွန့်ပစ်ရေးအပြင်ရေ၊ မီးနှင့် တည်းခိုနေရာကိစ္စများ ကောင်းမွန်စေရေး ပြည်နယ်အစိုးရအနေဖြင့် ဂေါပကအဖွဲ့ နှင့် ညှိနှိုင်းဆွေးနွေးကာ စနစ်တကျ ဆောင်ရွက်ရန်လိုသည်ဟု မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင် နိုင်ဦးက ပြောသည်။