လူလေးယောက် စီးလာသည့် ဆိုင်ကယ် ချောက်ထဲပြုတ်ကျ မီးလောင်၊ ၃ ဦးသေဆုံး

0
480

လူလေးယောက် စီးလာသည့်ဆိုင် ကယ်တစ်စီးချောက်ထဲကျ မီးလောင်ခဲ့ ပြီး ၃ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်တစ်ခု ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက် တွင် ဇန်နဝါရီလ ၂၅ ရက်က ဖြစ်ပွားခဲ့ ကြောင်း ကော့သောင်းမြို့မရဲစခန်းထံမှ သိရသည်။
ရွှေပြည်သာရပ်ကွက်၊ ရွှေပါရမီ တောရကျောင်းအနီး လမ်းနံဘေး အနက် ၁၈ ပေ ဝန်းကျင်ရှိသည့် ချောက်ထဲ သို့ကျခဲ့ခြင်းဖြစ်သည်ဟု အခင်းဖြစ်ရာ အနီးရှိ သူများထံမှ သိရသည်။

ချောက်ထဲကျခဲ့သည့် ဆိုင်ကယ် သည် Wave 110 ဆိုင်ကယ်အမျိုးအစား ဖြစ်ပြီး ချောက်ထဲကျသည်ကိုမူ မည်သူ မျှ မမြင်လိုက်ဘဲ ချောက်ထဲကျပြီး အ သံကြားမှ သိရှိခဲ့ကြသည်ဟု ၎င်းတို့က ပြောသည်။

ဆိုင်ကယ်စီးလာသည့် လူငယ်အ မျိုးသားလေးဦးမှာ ပိတောက်ရွှေဝါ ရပ်ကွက်၊ မွန်စုတွင် နေထိုင်သူများဖြစ်ပြီး အသက် ၁၇ နှစ်အရွယ်တစ်ဦးနှင့် ၁၆ နှစ်အရွယ် တစ်ဦးတို့ အခင်းဖြစ်သည့် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။
အသက်ရှင်ကျန်ခဲ့သူ ၂ ဦးအနက် တစ်ဦးမှာ ကော့သောင်းဆေးရုံတွင် ထပ်မံသေဆုံးခဲ့ပြီး တစ်ဦးမှာ ယင်းဆေး ရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။