ကျောက်ဖျာမြို့သစ် စီမံကိန်းအတွက် သိမ်းဆည်းမြေယာဧက ငါးထောင်ကျော် စွန့်လွှတ်မည်မဟုတ်

0
510

မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာ အုပ်စုရှိ မြို့သစ်စီမံကိန်းအတွက် သိမ်း ဆည်းမြေယာ ဧက ငါးထောင်ကျော်ကို ပြန်လည်စွန့်လွှတ်မည် မဟုတ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းထံမှ သိရသည်။
မြို့သစ်စီမံကိန်း အကောင်အထည် ဖော်ရန် ၂၀၀၄ ခုနှစ်မှစပြီး ကျောက်ဖျာ ကျေးရွာအုပ်စုနှင့် သဘွတ်ကျေးရွာအုပ်စု တို့ရှိ တောင်သူ တစ်ထောင်ကျော်တို့၏ ဥယျာဉ် လယ်ယာမြေ ဧက ငါးထောင် ကျော်အား သိမ်းဆည်းခံထားရကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တို့နှင့် ရွာသားတို့မှ သိရသည်။

Town plan (မြို့ပြအစီအစဉ်)က လက်ရှိရှိနေတုန်းပဲသေး၊ ရွာသား တွေလည်း ပိုနေမြဲ ကျားနေမြဲပါ၊ လုပ်ငန်း စမှပဲ လျော်ကြေးကို မနစ်နာအောင် အစိုးရပိုင်းကနေ တစ်ခုခု စီစဉ်ပေးမှာပါ” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။ စီမံကိန်း အကောင်အထည် ဖော်ရန်အတွက် စိုက်ပျိုး ရေးဝန်ကြီးနဲ့ တိုင်ပင်ထားပြီးဖြစ်ကာ ပြည်တွင်းလုပ်ငန်းရှင်များမှ ဦးဆောင် လုပ်ကိုင်မည့်သူ သို့မဟုတ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် စီစဉ်နေကြောင်း ဝန်ကြီးက ပြောပြသည်။
လက်ရှိတွင် သိမ်းဆည်းခံတောင် သူများအား ပြောင်းရွှေ့နေထိုင်ခြင်း မရှိဘဲ မူရင်းမြေနေရာတွင်သာ နေထိုင် နေစေပြီး စီမံကိန်း အကောင်ဖော်မည့် အချိန်မှသာ နှစ်နာကြေးများကို တောင် သူများအားပေးရန် စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။
သို့သော် စီမံကိန်းစတင်မည့် ကာ လကို တိတိကျကျ သတ်မှတ်ထားခြင်း မရှိသေးပေ။

ထို့ပြင် ဇန်နဝါရီလ ၂၄ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး တတိယနေ့တွင် တနင်္သာရီ မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက စီမံကိန်း အတွက် သိမ်းယူထား သည့်မြေများအား ပြန်လည်စွန့်လွှတ်ရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ရာ ပြန်လည်စွန့်လွှတ်ရန် အစီအစဉ်မရှိကြောင်း ဝန်ကြီးဖြိုးဝင်းထွန်း က ပြန်လည် ဖြေဆိုခဲ့သည်။

ရွာသားတွေက ဘိုးဘွားပိုင်မြေ ယာထဲနေလာကြသူများ ဖြစ်သည့်အ တွက် ၎င်းတို့ကို ပိုင်ဆိုင်မှု အထောက် အထားများဖြင့် ဆက်နေထိုင်လုပ်ကိုင်နေ ချင်ကြကြောင်း သဘွတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းရှိန်က ပြောပြ သည်။
အဆိုပါ မြို့သစ်စီမံကိန်းအတွက် မတရားသိမ်းဆည်းခံထားရသည့် မြေဧ က ၅၀၀၀ ကျော် အမြန်ပြန်လည်ရရှိ ရေးနှင့် လယ်ယာမြေမှတ်ပုံတင် ရရှိရေး အတွက် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင် ဘာလ ၂၄ ရက်နေ့က လူအင်အား ၃၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ပြီး ဖြစ်သည်။