HIV ဝေဒနာရှင်များအတွက် မေတ္တာကြေးမုံ ပရဟိတ ဂေဟာဖွင့်

0
452

HIV ဝေဒနာရှင်များအတွက် မေတ္တာ ကြေးမုံပရဟိတဂေဟာကို ကော့သောင်းမြို့ ရွေပြည်စိုးကျေးရွာ၊ သောင်ဖြူလမ်းတွင် ဇန်နဝါရီ ၂၄ ရက် နေ့က စတင်ဖွင့်လှစ်လိုက်သည်။

၂၀၁၄ ခုနှစ်က အေးမြကန်သာရပ်၊ မနော်ဟရီ ၃ လမ်းတွင် အခန်းငှားကာ HIV ဝေဒနာရှင်များအား စတင်ကူညီ ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဂေဟာ အဖြစ် ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

လက်ရှိဖွင့်လှစ်လိုက်သည့် ဂေဟာ တွင် အကူအညီမဲ့ HIV ဝေဒနာခံစား ရသူများအား အခမဲ့ပြုစုစောင့်ရှောက် ပေးမည်ဖြစ်ပြီးရွှေ့ပြောင်းအလုပ်သမား များ၏ အခက်ခဲများကိုလည်း ကူညီပေး မည်ဖြစ်ကြောင်း ဂေဟာတာဝန်ခံက ပြောသည်။
“HIV ဝေဒနာရှင်တွေနဲ့ ပတ် သက်ပြီး လူနာတွေကို ဆေးပေးကုသဖို့ အတွက် အစိုးရဆေးရုံ၊ လူကုန်တား အဖွဲ့တွေနဲ့ ချိတ်ဆက်ပူးပေါင်းပြီး လုပ်တာပါ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် HIV ဝေဒနာရှင် ၇ ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း ယင်းဂေဟာထံမှ သိရသည်။