ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပထမဆုံး ရွေးကောက်ပွဲပြုလုပ်မည်

0
481

သမဂ္ဂဖွဲ့ပြီး ပညာသင်နှစ် ခြောက် နှစ်အကြာတွင် ကျောင်းသားထုတစ်ရပ် လုံးပါဝင်သည့် ပထမဆုံးအကြိမ် ထား ဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲကို ဖေဖော်ဝါရီလ ၈ ရက် တွင် ကျင်းပမည်ဖြစ်ကြောင်း ယင်းရွေး ကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ထားဝယ်ကျောင်းသားများ သမဂ္ဂ ကို ၂၀၁၁-၁၂ ပညာသင်နှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ကျောင်းအုပ်ချုပ်ရေးအဖွဲ့ နှင့် ကျောင်းသား၊ ကျောင်းသူများ ပူး ပေါင်း ပါဝင်မှု အားနည်းသဖြင့် ၂၀၁၆-၁၇ ပညာသင်နှစ်အထိ သမဂ္ဂ ရွေးကောက်ပွဲ ကို မကျင်းပနိုင်ခဲ့ကြောင်း ယင်းရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ကိုကျော်ရဲသူ က ပြောသည်။

ယခုပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကျောင်းအုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်း သား၊ ကျောင်းသူများ ပူးပေါင်းပါဝင် လာကြပြီး ကြီးကြပ်မည့် ကော်မရှင်တွင် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ဆရာ၊ဆရာမ ၁၄ ဦးအပါအဝင် စုစု ပေါင်းအဖွဲ့ဝင် ၄၃ ဦးဖြင့် ဖွဲ့စည်းထား ကြောင်း ကိုကျော်ရဲသူက ပြောသည်။
ရွေးကောက်ပွဲတွင် အလုပ်အမှု ဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်း ရေးမှူး၊ သတင်းနှင့်ပြန်ကြားရေး၊ ဘဏ္ဍာရေးမှူး စသည့် ငါးနေရာတွင် တာ ဝန်ယူနိုင်မည့်သူကို ထားဝယ် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များက မဲပေးရွေးချယ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီလိုဖွဲ့တာကို တီချယ်တို့က ကြို ဆိုပါတယ်။ ကလေးတွေရဲ့ လက်ထဲ ကို တီချယ်တို့က တာဝန်တွေကို လွှဲ ပြောင်းပေးရမှာ ဖြစ်တယ်။ သူတို့တွေနဲ့ ဆရာမတွေ အကုန်ပူးပေါင်းပြီးတော့ ဆောင်ရွက်တယ်ဆိုလို့ရှိရင် အရမ်းကို အားဖြစ်ပါတယ်”ဟု ယင်းတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေ က ဆိုသည်။
ယင်းသမဂ္ဂဖွဲ့ ရွေးကောက်ပွဲတွင် တက္ကသိုလ် အင်္ဂါရပ်နှင့်အညီ ကျောင်း တိုးတက်ရေးနှင့် ကျောင်းသူ၊ ကျောင်း သားများအကျိုးကို အလေးထား ဆောင် ရွက်ပေးမည့် သူများကို မဲပေးရွေးချယ် သွားမည်ဖြစ်ကြောင်း ကျောင်းသူ၊ ကျောင်းသားများက ပြောသည်။
“တက္ကသိုလ်ဆိုတာ စာတစ်ခု တည်းမဟုတ်ဘဲ အစုံရှိနေရင်ပိုကောင်း တာပေါ့။ ဥပမာ ဂျင်(ကိုယ်လက်လှုပ်ရှား)အားကစားရုံလိုမျိုး၊ အကသင်တန်းလိုမျိုး တွေ ဖွင့်ပေးတာမျိုးတွေ ဖြစ်လာအောင် သမဂ္ဂအနေနဲ့ လုပ်ဆောင် ပေးစေချင်တာ ပေါ့” ဟု ထားဝယ်တက္ကသိုလ် မြန်စာစာ စတုတ္ထနှစ်ကျောင်းသူမခင်စန္ဒာလင်းကဆိုသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေး ခံမည့် ကိုယ်စားလှယ်လောင်းအမည် စာရင်းကို မေဂျာတစ်ခုလျှင် ၃ ဦးနှုန်း တောင်းခံထားပြီး ပင်မဆောင်နှင့် မေဂျာ အလိုက် အဆောင်များတွင် မဲပုံးများချ ထားပေးမည်ဖြစ်ကြောင်း ကိုရဲကျော်သူ က ပြောသည်။
ထားဝယ်ခရိုင်တွင် နည်းပညာ တက္ကသိုလ်(ထားဝယ်) ကွန်ပြူတာ တက္ကသိုလ်(ထားဝယ်) တို့တွင် ကျောင်း သားများ သမဂ္ဂရွေးကောက်ပွဲများအောင်မြင် စွာ ကျင်းပနိုင်ခဲ့ပြီး ထားဝယ်ပညာရေး ကောလိပ်တွင် ယာယီအလုပ် အမှုဆောင် အဖွဲ့ကို ဖွဲ့စည်းကာရွေးကောက်ပွဲ ကျင်းပ နိုင်ရန် စီစဉ်နေကြောင်း သိရသည်။