အိမ်ခန်းအငှား လုပ်ငန်းများကို အခွန်ကောက်တော့မည်

0
416

ထားဝယ်မြို့နယ်အတွင်းရှိ အိမ်ခန်း အငှား လုပ်ငန်းများကို ယခုနှစ်မှစတင် ကာ ဝင်ငွေခွန် ကောက်ခံတော့မည် ဖြစ် ကြောင်း မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
ယခင်က အိမ်ခန်းအငှား လုပ်ငန်း များကို ဝင်ငွေခွန် မစည်းကြပ်နိုင်ခဲ့ဘဲ ယခုနှစ်မှစကာ ပြည်ထောင်စု အခွန်ကောက် ဥပဒေပါ ပုဒ်မ ၆ နှင့် ၆-က အရ သက်သာ ခွင့်များနှုတ်ပြီး ကျန်သည့်ငွေအပေါ် ၁၀ ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ် ကောက်ခံ သွားမည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောရန်အောင်က ဆိုသည်။

ထားဝယ်ဒေသတွင် အိမ်ခန်း ငှားရမ်း သည့် လုပ်ငန်း ၂၀ ကျော်ရှိပြီး အိမ်ခန်း တစ်ခန်းလျှင် တစ်လကို ငွေကျပ် ၃ သောင်း ဝန်းကျင်မှ ၈ သောင်းဝန်းကျင် အထိ ဈေးနှုန်းအမျိုးမျိုး ရှိသည်။
အိမ်ခန်းငှားသည့် လုပ်ငန်းတစ်ခု လျှင် အခန်း ၅ ခန်းဝန်းကျင်မှ ၁၀ ခန်းကျော်အထိ အခန်း အရေအတွက် အမျိုးမျိုး ရှိသည်။
“အခန်းငှားရမ်းတဲ့ လုပ်ငန်းတွေကို ဒီနှစ်ကစပြီး စည်းကြပ်နိုင်အောင် လုပ် သွားမယ်”ဟု ဦးစောရန်အောင်က ပြောသည်။
အိမ်ခန်းငှားရမ်းနေထိုင်သူများက အိမ်ခန်းလခအပြင် လျှပ်စစ်မီး အသုံးပြု ခနှင့် ရေအသုံးပြုခများကို သီးခြားပေး ဆောင်ရသည်။
အဆိုပါ အိမ်ခန်းငှားရမ်းသည့် လုပ်ငန်းများကို စည်ပင်သာယာရေး အဖွဲ့အနေဖြင့် အိမ်ခွန်ကိုသာ စည်း ကြပ်ကောက်ခံနေပြီး ဥပဒေအရ လုပ် ငန်း လိုင်စင်ထုတ်ပေးရန် မရှိကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိက ဆိုသည်။

“အိမ်ရှင် အိမ်ငှား သဘောတူလို့ ငှားတာ၊ ဥပဒေအရ လိုင်စင် စည်းကြပ် လို့ မရပါဘူး”ဟု အမှုဆောင်အရာရှိက ပြောသည်။
စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် တည်းခိုခန်းနှင့် ဘော်ဒါဆောင် များ ကိုသာ လိုင်စင်ထုတ်ပေးနေကြောင်း ၎င်းက ဆိုသည်။
ဆင်ဆိပ်ရပ်ကွက် တစ်ခုတည်း တွင် အိမ်ခန်းငှားသည့် လုပ်ငန်း ၁၅ ခုခန့်ရှိပြီး အိမ်ရှေ့ပြင်ရပ်ကွက် (ဆင် ဆိပ်အုပ်စု)တွင် ၁၀ခု ခန့်ရှိ ကြောင်း ဆင်ဆိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းက ဆိုသည်။

“အခန်းတွဲ မဟုတ်ဘဲနဲ့ ခြံတစ် ဝင်းထဲမှာ လုံးချင်းအိမ်လေးတွေ ငှား တာလည်း ရှိတယ်”ဟု ဦးအောင်သိန်း က ပြောသည်။
အိမ်ခန်းငှားသည့် လုပ်ငန်း အများစု မှာ ဆင်ဆိပ်ရပ်ကွက်၊ ထိန်သစ်ရပ်ကွက် နှင့် ညောင်ရမ်းတောင်ရပ်ကွက်များတွင် အများဆုံး လုပ်ကိုင်နေသည်။
အိမ်ခန်းများတွင် ဒေသခံများအပြင် အစိုးရ ဝန်ထမ်းအချို့လည်း ငှားရမ်း နေထိုင်ကြသည်။