ဒေသသုံး သစ်တန်တစ်ထောင်ကျော် ရောင်းမည်

0
365

တိုင်းဒေသကြီးအတွင်း တည် ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန်အတွက် သစ်တန် တစ်ထောင် ကျော်ကို ရောင်းချသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး မြန်မာ့သစ် လုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ ရေးနှစ်က ထုတ်လုပ်ထားသည့် ကညင် သစ်လုံး ၁၀၀၁ တန်ကို အပုံလိုက် (လပ်ပုံ) ၆ ပုံ ခွဲကာ တစ်တန်လျှင် ၃၃၀၀၀၀ (သုံးသိန်းသုံးသောင်းကျပ်)နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ပြည်တွင်း ရောင်းဝယ်ရေးနှင့် သစ်စက်ဌာနမှ လက်ထောက်မန်နေဂျာ ဦးသောင်းတင် က ပြောသည်။

အဆိုပါ သစ်လုံးများမှာ ဘုတ်ပြင်း မြို့နယ် ဆီတောင်သစ်ဆိပ်တွင် ထားရှိ ပြီး ဝယ်ယူခွင့် လျှောက်လွှာများကို ဇန်နဝါရီလ ၁၇ ရက်မှ ၃၁ ရက်အထိ မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်း ရောင်း ဝယ်ရေးနှင့် သစ်စက်ဌာနထံတွင် အခမဲ့ရယူနိုင်ကြောင်း ၎င်းကပြောသည်။
“ဝယ်တဲ့သစ်တွေကို တိုင်းဖွံ့ဖြိုး ရေးအတွက် ရောင်းပေးတော့ တိုင်း ကျော်ပြီး သယ်ခွင့်မပေးဘူး”ဟု ဦးသောင်းတင်က ဆိုသည်။
ပြီးခဲ့သည့်နှစ်က သစ်တန်ချိန် ၃၀၀၀ ခန့် ရောင်းချခဲ့ပြီး ရောင်းရငွေ များကို ပြည်ထောင်စုအစိုးရထံ ပေးသွင်း ရကြောင်း ၎င်းက ပြောသည်။

သစ်များကို ဌာနဆိုင်ရာများ၊ လုပ် ငန်းရှင်များ၊ သစ်စက်ပိုင်များနှင့် သစ် ရောင်းဝယ်ရေးဆိုင်များက ဝယ်ယူနိုင်ပြီး ဝယ်ခွင့်လျှောက်ထားသူများကို တိုင်း အစိုးရအဖွဲ့က စိစစ်ပြီးမှ ရောင်းချပေး သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

လပ်ပုံ သစ်အလုံးရေ တန်
၁ ၂၀၁ ၃၄၁.၅၇၈
၂ ၈၇ ၁၄၇.၆၇၀
၃ ၉၄ ၁၆၈.၉၈၂
၎ ၅၁ ၈၉.၆၈၈
၅ ၁၇၀ ၁၇၀.၃၄၂
၆ ၇၆ ၈၂.၉၉၄