တိုင်းအုန်းသီးအသင်း ဩဂဲနစ် မြေဩဇာ စထုတ်

0
520

အုန်းခွံမှထွက်သည့် အမှုန့်အပါ အဝင် အခြားပစ္စည်းများဖြင့် ပြုလုပ်ထား သည့် ဩဂဲနစ်မြေဩဇာကို ယခု ဇန်န ဝါရီလမှ စတင် ထုတ်လုပ်နေပြီဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး အုန်း သီးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောသည်။
တိုင်းအတွင်းရှိ စိုက်ခင်းအများစု တွင် ဓာတ်မြေဩဇာ အပါအဝင် ဓာတု ဆေးများ သုံးစွဲနေကြပြီး ရေရှည်တွင် စားသုံးသူများ ကျန်းမာရေး ထိခိုက်မှု များ ရှိလာသည့်အတွက် ဘေးအန္တရာယ် ကင်းသည့် ဟင်းသီးဟင်းရွက်နှင့် သစ် သီးဝလံများ စိုက်ပျိုးနိုင်ရန် ရည်ရွယ်ကာ ဩဂဲနစ်မြေဩဇာများ ထုတ်လုပ်ခြင်းဖြစ် ကြောင်း အထက်ပါအသင်း ဥက္ကဋ္ဌ ဒေါ်မေပြုံးက ပြောသည်။

“အဓိကကတော့ စားသုံးသူတွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ စားသုံးနိုင်ဖို့ ထုတ်တာပါ”ဟု ဒေါ်မေပြုံးက ပြောသည်။
အဆိုပါ ဩဂဲနစ်မြေဩဇာများကို သီးပင်၊ စားပင်နှင့် နှစ်ရှည်ပင်များတွင် လည်း အသုံးပြုနိုင်ကြောင်း ၎င်းက ဆိုသည်။
အလေးချိန် ၂၅ ကီလိုပါ အိတ် တစ်အိတ်ကို ငွေကျပ် တစ်သောင်းခန့်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး မည်သူမဆို ဝယ်ယူနိုင်ကြောင်း ဒေါ်မေပြုံးက ပြော သည်။

ဩဂဲနစ်မြေဩဇာ ထုတ်လုပ်မှုနှင့် ပတ်သက်၍ နည်းပညာ လိုအပ်ပါက ကျေးရွာအလိုက် လူစုကာ သင်ကြားပေး သွားမည်ဖြစ်ပြီး အုန်းသီးလုပ်ငန်းရှင် များအသင်းသို့ ဝင်ရမည်ဖြစ်ကြောင်း အဆိုပါ အသင်း၏ အတွင်းရေးမှူးဖြစ်သူ ဦးအောင်နိုင်ဝင်းက ဆိုသည်။
ယင်းအပြင် ဩဂဲနစ်မြေဩဇာထုတ် သည့် ကုန်ကြမ်းပစ္စည်းများကိုလည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
အဆိုပါ မြေဩဇာကို အုန်းအခွံမှ ထွက်သည့် အမှုန့်၊ တိရစ္ဆာန်စွန့်ပစ် ပစ္စည်း၊ မြေဆွေး၊ ဖွဲနု၊ ထုံး အစရှိသည့် ပစ္စည်းအမယ် ၆ မျိုးဖြင့် ပြုလုပ်ထားပြီး ၄၅ ရက်ခန့် အချိန်ယူပြုလုပ်ပြီးမှ အသုံး ပြုနိုင်ကြောင်း သိရသည်။

ဩဂဲနစ်မြေဩဇာများကို ထားဝယ် မြို့ ဇလွန်းရွာတွင် ထုတ်လုပ်နေပြီး ဖုန်းနံပါတ် ၀၉၄၄၁၃၁၄၉၇၁၊ ၀၉၄၂၂၂၀၄၇၄၈ ထံ ဆက်သွယ် ဝယ်ယူ နိုင်ကြောင်း သိရသည်။