နိုင်ငံခြားခရီးသွား ဝင်ရောက်မှု ယမန်နှစ်ထက် ငါးထောင်နီးပါးတိုး

0
450

တိုင်းအတွင်း ၂၀၁၇ ခုနှစ်တွင် နယ်စပ် ဝင်ပေါက်များမှ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုမှာ ၂၀၁၆ ခုနှစ် ထက် ငါးထောင်နီးပါး တိုးလာကြောင်း တနင်္သာရီ တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ဟို တယ်/ခရီး)ထံမှ သိရသည်။
၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် နှိုင်း ယှဉ်ချက်များအရ နိုင်ငံခြားသား ဝင် ရောက်မှု ၄၈၉၁ ဦး ပိုမို ဝင်ရောက်လာ ကြောင်း အထက်ပါ ဌာန စာရင်းအရ သိရသည်။

နိုင်ငံခြားသား ခရီးသွားများ ဝင် ရောက်မှုများလာသော်လည်း ငွေကြေး သုံးစွဲမှုနည်းသည့် ကိုယ်ပိုင်အစီအစဉ် ဖြင့်လာသူ အများစုဖြစ်နေသည့်အတွက် ခရီးသွားကုမ္ပဏီများနှင့် စကားပြန်များ အဆင်မပြေဟု ထားဝယ်မြို့ အခြေစိုက် ခရီးသွားလုပ်ငန်းပိုင်ရှင်တစ်ဦးက ပြော သည်။

“သူတို့က ဆိုင်ကယ်ငှားပြီး ကိုယ် တိုင်မောင်းနှင်သွားလာကြတာ၊ ခရီး သွားကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး လည် ပတ်တာ အရမ်းနည်းတယ်”ဟု အဆိုပါ ခရီးသွားလုပ်ငန်းပိုင်ရှင်က ဆိုသည်။
ထားဝယ်ဒေသတွင် နိုင်ငံခြားသား များ တစ်ရက် ဆိုင်ကယ်စီးလုံးငှားရမ်း ခ နှုန်းထား ကျပ် ၈ထောင်ခန့်ရှိပြီး နိုင်ငံခြားသားများ ကိုယ်တိုင် မောင်းနှင် လည်ပတ်လျက်ရှိသည်။

၂၀၁၆ ခုနှစ်တွင် ထီးခီး၊ မော တောင်၊ ကော့သောင်းနယ်စပ် ဝင်ပေါက် များမှ နိုင်ငံခြားခရီးသွား ၃၃၈၉၃၈ ဦး ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၃၄၃၈၂၉ ဦး ဝင်ရောက်ခဲ့ကြောင်း တိုင်း ဒေသကြီး ဟိုတယ်/ခရီးရုံးထံမှ သိရ သည်။