မြိတ်မြို့ပေါ် ကျေးရွာအုပ်စုနှစ်ခုရှိ မြေဧရိယာ ဧကတစ်သောင်းကျော်အတွက် မြေတိုင်းတစ်ဦးသာရှိ

0
409

မြိတ်မြို့ပေါ် ကျေးရွာအုပ်စုနှစ်စု ဖြစ်သည့် မြိတ်တောင်ကျေးရွာအုပ်စုနှင့် ကလွင်ကျေးရွာအုပ်စုရှိ မြေဧရိယာဧက တစ်သောင်းကျော်အား တိုင်းတာမည့် မြေစာရင်းဌာန၏ မြေတိုင်း တစ်ဦးသာ ရှိကြောင်း ကလွင်ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး ဦးရန်နိုင်စိုးက ပြောသည်။
မြေတိုင်းတစ်ဦးသာ ကိုင်တွယ် တိုင်းတာနေရသည့်အတွက် ကျေးရွာအ တွင်း ဖွံဖြိုးရေးလုပ်ငန်းများ လုပ်ဆောင် ရာတွင် နှောင့်နှေးကြန့်ကြာမှုများ ရှိ နေကြောင်း အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုး က ပြောပြသည်။

“လမ်းနယ်တွေ တိုင်းဖို့ ခေါ်တဲ့အခါ ကျရင် မြိတ်တောင်ကျေးရွာရောက်နေ တယ်။ ဒီဘက်မှာ စုထားတဲ့ ရပ်မိရပ်ဖ တွေ လမ်းမြေတိုင်းတာဖို့ စောင့်နေတာ တွေက ပျက်သွားတယ်”ဟု ၎င်းက ဆိုသည်။
ကျေးရွာတွင် မြေယာအစည်းအဝေး များ ရှိပါကလည်း မအားလပ်သည်ကများ သောကြောင့် တစ်ရပ်ကွက်လျှင် မြေ တိုင်းတစ်ဦးစီ ချထားပေးစေလိုကြောင်း ဦးရန်နိုင်စိုးက ဆိုသည်။

မြိတ်မြို့နယ်တွင် ရပ်ကွက် ၁၂ ရပ် ကွက် ကျေးရွာပေါင်း ၂၂ အုပ်စုစုစုပေါင်း ၃၄ အုပ်စုတွင် မြေတိုင်းစာရေး ၁၇ ဦး သာရှိပြီး မြေတိုင်းစာရေးတစ်ယောက် လျှင် ၃ အုပ်စုကိုင်တွယ်နေရသည့် အုပ်စု များရှိသည်။
ယင်းကြောင့် ၂၀၁၆ ခုနှစ်ကတည်း က ကျေးရွာ၊ရပ်ကွက် တစ်အုပ်စုကို မြေ တိုင်းစာရေးတစ်ယောက်နှုန်းဖြင့် တိုးချဲ့ ဖွဲ့စည်းပေးနိုင်ရန် သက်ဆိုင်ရာ ပြည် ထောင်စုဝန်ကြီးဌာနသို့ တင်ပြထား ကြောင်း မြိတ်မြို့နယ်မြေစာရင်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
“ပြည်ထောင်စုက ဖွဲ့စည်းပေးမှပဲ ကလွင်အုပ်ချုပ်ရေးမှူးပြောတာကို ဆောင်ရွက်ပေးနိုင်မယ်” ဟု ၎င်းက ဆို သည်။

မြိတ်မြို့ပေါ်တွင် မြို့ပေါ်ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာအုပ်စု ၂ စုရှိသည်။မြို့ပေါ် ကျေးရွာအုပ်စုများဖြစ်သည့် ကလွင်ကျေးရွာအုပ်စုတွင် မြေဧရိယာ အကျယ် ၆၄၁၀ ဧကနှင် hမြိတ်တောင်ကျေးရွာ အုပ်စုတွင် မြေ ၅၀၀၀ ဧကကျော်ရှိပြီး မြို့ပေါ် ၁၂ ရပ်ကွက်အားလုးHပေါင်းမှာမူ ဧက ၂၀၀၀ ကျော်သာရှိကြောင်း ကလွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။