မြေတူးရာမှ ပေါ်လာသည့်ဘုရား ရှေးဟောင်းဘုရားမဟုတ်ဟုဆို

0
396

လောင်းလုံးတွင် အဆောက်အအုံ ဆောက်ရန် မြေတူးရာမှ ပေါ်လာသည့် ဘုရားမှာ ရှေးဟောင်းဘုရား မဟုတ် ကြောင်း လောင်းလုံးမြို့ခံများက ပြော သည်။
လောင်းလုံးမြို့တွင် ရှေးဟောင်းရုပ် ပွားတော်တစ်ဆူထွက်ပေါ်လာကြောင်းဇန်နဝါရီလ ၁၄ ရက်နေ့က ဖေ့စ်ဘွတ်လူ မှုကွန်ရက်စာမျက်နှာတွင် ပျံနှံ့ခဲ့သည်။

ယင်းထွက်ပေါ်လာသည့် ဘုရားမှာ ရှေးဟောင်းဘုရားမဟုတ်ဘဲ ပန်းပုဆရာ တစ်ဦးက လက်ရာမမြောက်သဖြင့် မြေ မြှုပ်ထားသည့် ဘိလပ်မြေဖြင့် သွန်းလုပ် ထားသော ယခုခေတ် လက်ရာဘုရားတစ် ဆူသာဖြစ်ကြောင်း လောင်းလုံးမြို့ခံ ပန်းပုဆရာ၏ မိတ်ဆွေဦးသိန်းဝင်းက ပြောသည်။

ပန်းပုဆရာတစ်ဦး ပိုင်ဆိုင်ခဲ့ဖူး သည့်ခြံအား ပန်းရံသမားများက စီဘီ ဘဏ်(CB Bank) ခွဲဆောက်ရန် မြေ တူးရာမှ မြေကြီးအောက်မှ ဘုရားထွက် ပေါ်လာသည်ကို ပန်းရံလုပ်သားတစ်ဦး က ရှေးဟောင်းဘုရားပေါ်သည်ဟု လူ မှုကွန်ရက်စာမျက်နှာတွင် တင်ခဲ့ပြီး ပျံ့နှံ့ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ပန်းရံ အဖွဲ့တွင် လုပ်ကိုင်နေသည့် ကိုမျိုးမင်း မြတ်က ဆိုသည်။

ယင်းသတင်းထွက်ပေါ်လာသည့် နေ့တွင် သတင်းအတည်ပြု နိုင်ရန် လောင်းလုံးမြို့(က)ရပ်ကွက် သီ ရိမင်္ဂလာလမ်းတွင် ဆောက်လုပ်နေသည့် အဆောက်အအုံကို သွားရောက် စစ်ဆေး ခဲ့ကြောင်း လောင်းလုံးမြို့မရဲစခန်းမှ စခန်မှူး ဒုရဲမှူးဝင်းလွင်က ဆိုသည်။
“ရှေးဟောင်းဘုရားမဟုတ်ဘူး သူ တို့က နားမလည်ဘဲ ဖေ့စ်ဘွတ်ပေါ် တင်လိုက်တာ။ လက်လွတ်စပယ် နားမ လည်လို့ တင်လိုက်တာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါဘုရားရုပ်တုမှာ ရောင်းချ ရန်အတွက် ထုထားခြင်းဖြစ်ပြီး အနေက ဇာမတင်ရသေးသည့် ဘုရားရုပ်တုဖြစ် ကြောင်းဒုရဲမှူးဝင်းလွင်က ဆိုသည်။
ယင်းထွက်ပေါ်လာသော ထိုင် တော်မူဘုရားနှင့် ဘုရားရုပ်တုငယ်များ အနက် ဘိလပ်မြေသက်တမ်းလွန်နေ သည့် ဘုရားအချို့ကို ဖျက်ဆီးလိုက်ပြီ ဖြစ်ကြောင်း ပန်းရံအဖွဲ့ထံမှ သိရသည်။