မွန်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှု နှုန်းတစ်ထောင်တွင် တစ်ယောက်အောက် လျော့ကျ

0
496

မွန်ပြည်နယ်အတွင်း ငှက်ဖျားရော ဂါဖြစ်ပွားမှုနှုန်းသည် တစ်နှစ်ထက် တစ် နှစ် လျော့ကျလာပြီး ယခုနှစ်တွင် လူ တစ်ထောင်တွင် တစ်ယောက်အောက်သာ ရှိပြီး သေဆုံးမှုလည်း မရှိတော့ဟု မွန် ပြည်နယ် ငှက်ဖျားဆရာဝန်ကြီးက ပြော သည်။
ငှက်ဖျားဖြစ်ပွားမှုနှုန်းသည် လွန် ခဲ့သည့် ၁၉၉၀ ခုနှစ်ခန့်က လူတစ်ထောင် တွင် ၂၅ ယောက်နှုန်းဖြစ်ပွားပြီး လူတစ် သိန်းမှာ ၂၅ ယောက်နှုန်း သေဆုံးမှုရှိခဲ့ သည်။

၂၀၁၃ ခုနှစ်တွင် လူတစ်ထောင်တွင် ၂ ဒသမ ၄ ယောက်နှုန်းဖြစ်ပွားပြီး လူ တစ်သိန်းမှာ ၀ ဒသမ ၅ ယောက်သေဆုံး မှု ရှိခဲ့ရာမှ၂၀၁၇ ခုနှစ်မှာတော့ လူတစ် ထောင်မှာ ၀ ဒသမ၆ယောက်နှုန်းသာ ဖြစ်ပွားပြီး သေဆုံးမှုမရှိတော့သည်ဟု ငှက်ဖျားဆရာဝန်ကြီးဒေါက်တာ ဥာဏ် ဆင့်က ပြောသည်။
“ငှက်ဖျားက မွန်ပြည်နယ်မှာ တော် တော်နည်းလာပြီ”ဟု ဒေါက်တာဥာဏ် ဆင့်က ပြောသည်။
ပြည်နယ်အတွင်း ဝေးလံခေါင်ဖျား ပြီး ကျန်းမာရေးဌာနက လက်လှမ်းမမီ သည့် တောတောင်နှင့် ဆက်စပ်နေသည့် ဘီးလင်းမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် ငှက်ဖျားဖြစ်ပွားမှုရှိနေသေးသည်ဟု ၎င်း က ဆက်ပြောသည်။

မွန်ပြည်နယ်အတွင်း ငှက်ဖျားဖြစ် ပွားမှုနှုန်းလျော့ကျလာခြင်းသည် ရောဂါ ကာကွယ်ရေးနှိမ်နင်းရေးလုပ်ငန်းများတိုးမြှင့်လုပ်ဆောင်လာခြင်းအပြင် အဓိ ကအားဖြင့် ကာကွယ်ရေးအပိုင်းတွင် နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် အ တူဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေး ခြင်း၊ ဆေးပြားဖြင့် ခြင်ထောင်များ ဆေး စိမ်ပေးခြင်း လုပ်ငန်းများ ခါတိုင်းထက် ပိုမိုတိုးချဲ့လာခြင်းနှင့် ကုသရေးအပိုင်း တွင် အမြန်သွေးစစ်ကိရိယာများ အသုံး ပြုခြင်း၊ အစွမ်းထက်သည့် ငှက်ဖျားဆေး နှင့် ကျယ်ကျယ်ပြန့်ပြန့်ကုသပေးနိုင် ခြင်းနှင့် သဘာပတ်ဝန်းကျင် ပြောင်းလဲမှု တို့ကြောင့် ဖြစ်သည်ဟု ၎င်းက ရှင်းပြ သည်
လူများအစုလိုက်အပြုံလိုက် ရွှေ့ ပြောင်းသွားလာခြင်းနှင့် ငှက်ဖျားပိုးနှင့် ဆေးယဉ်ပါးလာခြင်းတို့သည် ငှက်ဖျား ဖြစ်ပွားမှုနှုန်းတိုးမြင့်လာနိုင်သည့် အဓိ ကပြဿနာတစ်ရပ် ဖြစ်သည်ဟု ဒေါက် တာဥာဏ်ဆင့်က ပြောသည်။

မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာန ငှက်ဖျားရောဂါကာကွယ်တိုက်ဖျက်ရေး ဌာနကလည်း ငှက်ဖျားရောဂါနှင့် ပတ် သက်သည့် ကာကွယ်ရေး၊ ကုသရေး အ ပြင် ကျန်းမာရေးအသိပညာပေးလုပ်ငန်း များကိုလည်း NGO, INGO အဖွဲ့ အ စည်းတို့နှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိ သည်။