သွင်းဂိုး ၁၆ ဂိုးဖြင့် ပွဲစဉ်တစ်လျှောက် ဂိုးသွင်းအများဆုံးဆု တနင်္သာရီ ကစားသမားဆွတ်ခူး

0
370

ကမ္ဘောဇဘဏ်ဖလား တိုင်းနှင့် ပြည်နယ် အသက် ၁၃ နှစ်အောက် အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုး သမီး ဘောလုံးပြိုင်ပွဲတွင် ဂိုးသွင်းအများ ဆုံးဆုကို တနင်္သာရီအသင်း ရှေ့တန်း တိုက်စစ် ကစားသမားက ပွဲစဉ်တစ် လျှောက် သွင်းဂိုး ၁၆ ဂိုးဖြင့် ဆွတ်ခူး ခဲ့သည်။
တနင်္သာရီတိုင်းအသင်းသည် အုပ် စုပွဲစဉ်တွင် ၂၈ ဂိုး၊ ကွားတာဖိုင်နယ်တွင် ၂ ဂိုး၊ ဆီမီးဖိုင်နယ်တွင် ၃ ဂိုး စုစုပေါင်း ၃၃ ဂိုးသွင်းယူခဲ့ပြီး လောင်းလုံးမြို့နယ် သကျက်တော အထက်တန်းကျောင်း၊ ဆဌမတန်း ကျောင်းသူ မသွယ်သွယ်စိုး က ၁၆ ဂိုး သွင်းယူပေးခဲ့ကြောင်း နည်းပြ ဦးလင်းဦးက ပြောသည်။

အုပ်စုအတွင်း ခြေစွမ်းပြခဲ့သော တနင်္သာရီအသင်းသည် ဆီမီးဖိုင်နယ် တွင် ရှမ်းပြည်နယ်(တောင်) အသင်းအား ၃ ဂိုး၊ ၇ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သဖြင့် ရှမ်း ပြည်နယ်(အရှေ့) အသင်းနှင့် ပူးတွဲ တတိယဆုရရှိခဲ့ကြောင်း ၎င်းက ပြော သည်။
“အုပ်စုမှာ နှစ်ရက်ဆက်တိုက် ကန် လိုက်ရတယ်။ ကွာတားမှာလည်းအသင်း ကြီး ဧရာဝတီကို ရေကုန်ရေခန်းယှဉ် ပြိုင်လိုက်ရတော့ ပါဝါတွေ ကျသွားတာ ပေါ့။ ၁၆ ရက် ညနေမှာ ကန်တဲ့ ဆီမီး ဖိုင်နယ်ပွဲစဉ်ကိုလည်း မနက်ပိုင်းကို ပြောင်း လိုက်တော့ ကလေးတွေ ပွဲပန်းသွား တယ်”ဟု ဦးလင်းဦးက ဆိုသည်။

တနင်္သာရီအသင်းက အုပ်စု နောက်ဆုံး ပွဲစဉ်နှစ်ပွဲကို ဇန်နဝါရီ ၁၂ ရက်တွင် ကရင်ပြည်နယ်အသင်း၊ ၁၃ ရက်တွင် ရန်ကုန်တိုင်းအသင်းတို့နှင့် ယှဉ်ပြိုင်ခဲ့ရပြီး ၁၄ ရက်တွင် ကွာတား ဖိုင်နယ်အဖြစ် ဧရာဝတီအသင်းတို့နှင့် ဆက်တိုက် ယှဉ်ပြိုင်ခဲ့ရကြောင်း ဦးလင်းဦးက ပြောသည်။

အဆိုပါပြိုင်ပွဲတွင် တနင်္သာရီ အသင်းနှင့် ဆီးမီးဖိုင်နယ်တွင် ယှဉ်ပြိုင် ခဲ့သည့် ရှမ်းပြည်နယ်(တောင်) အသင်း က ဗိုလ်စွဲခဲ့ကြောင်းသိရသည်။