တနင်္သာရီမြို့ဟောင်းကို ရှေးဟောင်းနေရာ တည်ရှိရာဇုန်နှင့် ကာကွယ်ထိန်းသိမ်းထားသောဇုန် သတ်မှတ်သည့်အပေါ် တနင်္သာရီမြို့နေ လူထုအမြင်

0
461

ကျေနပ်မှု ရှိတယ်။ ဝမ်းသာတယ်။ ဂုဏ်ယူမိတယ်။ ရှေ့ဆက်ပြီးတော့ အစိုး ရရဲ့ ပံ့ပိုးပေးမှုတွေ လိုတယ် ထင်တယ် ပေါ့နော်။ ဒီမှာလုပ်နေတဲ့ အင်အားက နည်းနေတယ်။ ကိုယ်ထူကိုယ်ထအနေနဲ့ လုပ်နေတာ ဆိုတော့လေ။
ကိုဇော်ငယ်
ကွန်ပျူတာ စာစီ/မိတ္တူ လုပ်ငန်း၊ ချောင်းကြီးရပ်ကွက်

တိမ်မြုပ်နေတဲ့သမိုင်းတွေ ပေါ်လာ ပြီး အများသိလာမှာပေါ့။ ကျွန်မတို့ မြို့ကို ပိုပြီးတော့ သိလာမယ်။ ပိုပြီး တော့ စိတ်ဝင်စားလာမယ်။ အရင်က ဖြတ်သွားဖြတ်လာကနေ ဝင်ရောက် လေ့လာသူတွေ ပေါလာမယ် ထင်တယ်။
ရှေးဟောင်းဆိုလို့ သတ်မှတ်ထား ပြီးရင် အများနဲ့တစ်ယောက်ဆိုရင် လက် ခံရမယ်။ ရှေးဟောင်းဇုန်ဖြစ်တော့ ဂုဏ် ယူရမယ်လေ။ တချို့ တစ်ယောက်တစ် လေတော့လည်း မကြိုက်တာမျိုး ရှိမှာပေါ့။ ကိုယ်ကတော့ မပါပါဘူး။
မချိုနွယ်စိုး
ဝန်ထမ်း၊ ချောင်းကြီးရပ်ကွက်

ကိုယ့်ရှေးဟောင်း အမွေအနှစ်တွေ ကို ထိန်းသိမ်းတာဆိုတော့ ပိုကောင်းတာ ပေါ့။ အခု(အဆောက်အဦ) ဆောက် ထားတဲ့နေရာလည်း ဆက်မဆောက် ခိုင်းပြီ။ ဒီလိုနေရာတွေမှာ ထပ်ဖြိုမယ် ဆိုရင်လည်း ဆောက်ထားတဲ့ အိမ်တွေ အဆင်ပြေမယ် မဟုတ်ဘူးလေ။ ဆောက်ထားတဲ့ အပိုင်းတွေက ပြော မယ်ဆိုရင် မြို့အဝင် ဝင်ဆိုဝင်ချင်း ပေါ့။ အိမ်တွေလည်း များတယ်လေ။ အိမ်တွေကများတော့ ဖြိုခိုင်းရင်လည်း စိတ်မကောင်း ဖြစ်မယ်။ ဒီလိုမျိုးဆက်ပြီး ထိန်းသိမ်းထားတာကို ပိုသဘောကျ တယ်။
မသန္တာမော်
တက်နေလင်း ထမင်းဆိုင်၊ ချောင်း ကြီးရပ်ကွက်

ဟိုးအရင်ကတည်းက သမိုင်းက ရှိ ပြီးသားပါ။ အားလုံးက ကြိုးစားနေကြ တာပဲ။ မလုပ်နိုင်လို့သာ ခုမှ သတ်မှတ် တယ်ဆိုတော့ ကောင်းပါတယ်။ မြို့ရိုး တွေမှာ အိမ်တွေ ဆောက်ထားတာတွေ ရှိတာ ဇုန်သတ်မှတ် ပြီးတော့ နိုင်ငံခြား ခရီးသွားတွေ လာကြည့်ရင် ဇုန်ဆိုတာ ဘယ်နားကို လက်ညှိုးထိုးပြရမှန်း မသိ ဘူး။ အိမ်တွေ အဆောက်အအုံတွေကို နေရာ ရွှေ့ရမှာပေါ့။
ကိုမျိုးမြန်မာစိုး၊
အသက် ၂၃ နှစ်၊ ချောင်းကြီးရပ် ကွက်

ရှေးဟောင်း အမွေအနှစ်တွေ ပေါ် လာတော့ တနင်္သာရီမြို့ကိုလည်း ပိုစည် ကားလာမယ်။ တိုးတက်ပြောင်းလာမယ် ဆိုရင် ပိုကောင်းတာပေါ့။ တိမ် ကော နေတဲ့နေရာမှာ အခုနောက်ပိုင်း ယဉ်ကျေးမှုတွေကို ပိုပြီး တူးဖော်လာ တယ်ဆိုတော့ တနင်္သာရီဒေသကိုလည်း လူတွေပိုပြီး စိတ်ဝင်စားလာမယ်။
မခင်သန်းမိုး
၂၉ နှစ်၊ ပညာရေးဝန်ထမ်း၊ ချောင်းကြီးရပ်ကွက်

တနင်္သာရီဆိုတာက ဟိုးရှေးရှေးက တည်းကနေ ပြီးခဲ့တဲ့ တစ်နှစ် နှစ်နှစ် လောက်အထိ လူသိပ်မသိဘူးလေ။ ဦးသန်းစိုးဝင်းတို့ လုပ်မှပဲ နည်းနည်းပါး ပါး သိလာကြတာပေါ့။ ဒါတောင် တစ်ချို့တချို့က သိပ်မသိတဲ့ သူတွေက တနင်္သာရီလို့ပြောရင် တိုင်းအဆင့် လောက်( တနင်္သာရီတိုင်းလို့)ပဲ သိတာ။ မြို့ (တနင်္သာရီမြို့)ဆိုတာ သိပ်ပြီး မသိကြသေးတာမျိုးပေါ့။ ခုဆိုတော့ သိလာပြီလို့ ပြောလို့ရတာပေါ့ အရင်က ထက်စာရင်ပေါ့။
မသူဇာ
ချောင်းကြီးရပ်ကွက်