ဒုတိယတန်း ကျောင်းသားတစ်ဦး ဘက်ဟိုးညှပ်ပြီး သေဆုံး

0
426

မြိတ်မြို့ ရေပုန်းနယ်မြေ အောင် ချမ်းသာရပ်ကွက် ဘောလုံးကွင်းတွင် ဇန်နဝါရီလ ၁၈ ရက်က ဘက်ဟိုးယာဉ် ပေါ် တက်ကစားသည့် ဒုတိယတန်း ကျောင်းသားတစ်ဦး ဘက်ဟိုးယာဉ် ညှပ်ပြီး သေဆုံးခဲ့ရကြောင်း ယင်းနယ် မြေ အုပ်ချုပ်ရေးရုံးမှ သိရသည်။

ဘောလုံးကွင်းမြေညှိပြီး၊ ပြန်ထွက် ချိန်တွင် ဘတ်ဟိုးယာဉ်ပေါ်သို့ ၉ နှစ် အရွယ် ဒုတိယတန်း ကျောင်းသား တစ်ဦးက တက်ကစားနေသည်ကို သတိမထားမိဘဲ မောင်းထွက်သွားရာ ချိန်းဘီးနှင့် ယာဉ်ကိုယ်ထည်အကြား ညှပ်ပြီး သေဆုံးမှု ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း မြို့မ ရဲစခန်းမှ သိရသည်။

“ကားသိမ်းဖို့အထွက် ကလေး တက်ဆော့နေတာ မသိဘဲ၊ မောင်းထွက် သွားရင်းဖြစ်သွားတယ်လို့ သိရတယ်”ဟု ရေပုန်းနယ်မြေအုပ်ချုပ်ရေးမှူး ဦးဌေးလှိုင်က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြို့မ ရဲစခန်းက ဘတ်ဟိုးယာဉ်မောင်း ဖြစ်သူ အား လူသေဆုံးအောင် ပေါ့ဆစွာ မောင်း နှင်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်း ယင်းရဲစခန်းမှ သိရသည်။