အရပ်ဘက် စစ်ဘက်ဆက်ဆံရေးအကြောင်း တစေ့တစောင်း

0
647

ရာသီဥတုက မိုးကုန်၍ ဆောင်းသို့ ကူးကာ အေးမြမြရှိလာသော်လည်း တအုံ နွေးနွးရှိရာမှ ပြန်လည်တောက်လောင် လာသည့် စစ်မီးအရှိန်ကြောင့် ပြည်သူ အချို့မှာ ခရစ္စမတ်ကာလလေးကိုပင် အေးချမ်းစွာ မဖြတ်သန်းကြရရှာဘဲ ကိုယ် စိတ်နှစ်ပါးမအေးချမ်းနိုင်ရှိလေသည်။
စစ်ဘေးသင့် ပြည်သူများအတွက် စိတ်မကောင်းများစွာ ဖြစ်စွာမိသလိုပင် ယခုနှစ်သစ်ကူးပြီဖြစ်သော်လည်း လိပ်ခဲ တည်းလည်း ခရီးမတွင်ဖြစ်နေသော ပြည် တွင်းငြိမ်းချမ်းရေးအကြောင်း အထပ်ထပ် အခါခါပင် တွေးနေမိသည်။

ထိုသို့တွေးမိရာမှပင် ပြည်တွင်းငြိမ်း ချမ်းရေးအတွက်လည်းကောင်း၊ အနာ ဂတ်ဖက်ဒရယ် ပြည်ထောင်စုတည် ဆောက်ရေးအတွက်လည်းကောင်း အရေး ပါနေဦးမည့် အရပ်ဘက်စစ်ဘက်ဆက်ဆံ ရေးအကြောင်း လေ့လာလိုစိတ်များ ပေါ် မိသည်။ ဤသို့ဖြင့် တခုတ်တရအချိန်ဖဲ့၍ အရပ်ဘက်စစ်ဘက်ဆက်ဆံရေးနှင့်ပတ် သက်သည့် စာတမ်းအချို့၊ မှတ်တမ်း အချို့နှင့် ကျွမ်းကျင်သူအချို့၏ အင်တာဗျူး များကို လေ့လာဖြစ်ခဲ့သည်။ ကျွန်တော် လေ့လာမိသမျှကို ခြုံငုံထုတ်နုတ်၍ စာ ဖတ်သူများ တစ်စုံတစ်ရာ တွေးဆစရာ ကျန်အောင်ရည်သန်လျက် ဗဟုသုတမျှ ဝေခြင်းအနေဖြင့် ရေးသားခြင်းဖြစ်ပြီး အရပ်ဘက် စစ်ဘက်ဆက်ဆံရေး (Civil -Military Relations)ကို စိတ်ဝင်တစား လေ့လာနေသည့် သာမန်ပြည်သူတစ်ဦး၏ အမြင်သာ ဖြစ်ပေသည်။

အရပ်ဘက်စစ်ဘက်ဆက်ဆံရေး (Civil -Military Relations) ဟု ဆို လျှင် အရပ်သားနိုင်ငံရေးအသိုင်းအဝိုင်း (အစိုးရ)နှင့် စစ်တပ်တို့၏ ဆက်ဆံရေးဟု ယေဘုယျပြောကြသည်။ ပညာရှင်အချို့ က အရပ်ဘက်စစ်ဘက်ဆက်ဆံရေးဟူ သည် အရပ်ဘက်နိုင်ငံရေးအသိုင်းအဝိုင်း နှင့် စစ်တပ်ကြား နိုင်ငံရေးဆုံးဖြတ်ခွင့် အာဏာနှင့် ပတ်သက်သော အာဏာလွန် ဆွဲပွဲဟု ဆိုသည်။ ဤသည်ကလည်း အမှန်ပင်။ ကမ္ဘာပေါ်တွင် လက်နက် အားကိုး ဖြင့် အာဏာရယူချင်သည့်အစွဲက လည်း အမြစ်တွယ်ဆဲဖြစ်သည်။

ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံများ တွင်မူ ထိုအာဏာလွန်ဆွဲပွဲတွင် အရပ်ဘက်နိုင်ငံရေးအသိုင်းအဝိုင်း(အစိုးရ)က အသာစီးရထားကာ စစ်တပ်ကို နိုင်ငံရေး ယန္တရားစနစ်များဖြင့် ထိန်းချုပ်စီမံထားနိုင် သည်ကို တွေ့ရလေ့ရှိသည်။ ဤသည်ကို ဒီမိုကရေစီနည်းကျ အရပ်ဘက်စစ်ဘက် ဆက်ဆံရေး(Democratic civilian control)ဟု ဆိုသည်။ ပညာရှင် Zoltan Barany က ဒီမိုကရေစီ စနစ်တွင် စစ်တပ်နိုင်ငံရေးm(ilitary politics) ၏ အဓိကအကျဆုံးအချက်မှာ အရပ် ဘက်က စစ်တပ်ကို ထိန်းချုပ်ထားနိုင်ခြင်း ဖြစ်သည်ဟု ဆိုခဲ့သည်။ ဤသို့ အရပ် ဘက်မှ ထိန်းချုပ်ထားနိုင်ရန်လည်း လိုပေ မည်။ အဘယ်ကြောင့်နည်း။ ဒီမိုကရေစီ ၏ အခြေခံသဘောအရ အာဏာ၏မူလပိုင်ရှင်မှာ ပြည်သူများဖြစ်ပြီး ပြည်သူ များက ၎င်းတို့ကိုယ်စား နိုင်ငံ့ရေးရာကိစ္စ များကို စီမံခန့်ခွဲရန် လွှဲအပ်ခံထားရသူများ (ပြည်သူ့ကိုယ်စားလှယ်။အရပ်ဘက် နိုင်ငံ ရေးသမား)၌သာ နိုင်ငံရေးဆုံးဖြတ်ချက် ချခွင့်၊ စီမံခွင့်ရှိရမည်ဖြစ်သည်။ ပြည်သူ မရွေးချယ်သည့်အုပ်စု၊အဖွဲ့အစည်းများ က ထိုကိစ္စရပ်များတွင် ဝင်ရောက်စွက် ဖက်ခွင့်၊ ဆုံးဖြတ်ခွင့်မရှိရပေ။ စစ်တပ် သည် နိုင်ငံတော်၏ ယန္တရားတစ်ခုသာ ဖြစ်သည့်အတွက် ၎င်း၌ နိုင်ငံရေးဆုံးဖြတ် ခွင့်အာဏာမရှိရဘဲ ပြည်သူ့ကိုယ်စား လှယ်များ၏ ကြီးကြပ်မှုအောက်တွင် ပေး အပ်ထားသည့် တာဝန်များကို ထမ်း ဆောင်ရမည်သာ။ သတိပြုရမည်မှာ ဒီမို ကရေစီစနစ်တွင် စစ်တပ်ကို ထိန်းချုပ်ခွင့် ရမည့် အရပ်ဘက်နိုင်ငံရေးသမားများ ကိုယ်၌က ဒီမိုကရေစီစံနှုန်းများကို လေး စားလိုက်နာရမည်ဖြစ်သည်။ သို့မှသာ ဒီမိုကရေစီနည်းကျ အရပ်ဘက်စစ်ဘက် ဆက်ဆံရေး (ဝါ) ဒီမိုကရေစီ အရပ်ဘက် ထိန်းချုပ်မှု (Democratic civilian control) ရှိခြင်းဟု ဆိုရမည်ဖြစ်သည်။

အထက်တွင် ဆိုခဲ့ပြီးသည့်အတိုင်း အရပ်ဘက်စစ်ဘက်ဆက်ဆံရေးဆိုသည် မှာ နိုင်ငံရေးဆုံးဖြတ်ခွင့်အာဏာနှင့်ပတ် သက်၍ အရပ်ဘက်နိုင်ငံရေးအသိုင်းအဝိုင်းနှင့် စစ်တပ်အကြား အာဏာလွန်ဆွဲမှု၊ အားပြိုင်မှုဖြစ်ရာ တစ်ဖက်နှင့်တစ်ဖက် ပွတ်တိုက်မှုများရှိမည်ပင်။ ဥပမာ၊ စစ် တပ်က အစိုးရကို ဖိအားပေးခြင်း၊ ပြည် သူ့ရေးရာကိစ္စရပ်များကို ဝင်ရောက်စွက် ဖက်ရန် ကြိုးပမ်းခြင်း၊ ၎င်းတို့၏အကျိုး စီးပွားကို ကာကွယ်မည့်သူ၊ ၎င်းတို့ကြိုး ကိုင်နိုင်မည့်သူများကို အစိုးရအတွင်း နေ ရာကောင်းရရန် ကူညီခြင်းနှင့် အာဏာ သိမ်းခြင်း စသည်တို့ဖြစ်သည်။

ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံများ တွင် တွေ့ရလေ့ရှိသည့် ဒီမိုကရေစီနည်း ကျ အရပ်ဘက်စစ်ဘက်ဆက်ဆံရေး (Democratic civil-military relations) တွင်မူ အရပ်ဘက်မှ စစ်ဘက်ကို ထိန်းချုပ် ထားနိုင်ခြင်းဆိုသည့်အတိုင်း ထိုသို့ ထိန်းချုပ်ထားနိုင်ရန်လည်း အစီအမံများ စနစ်တကျ ပြုလုပ်ထားလေ့ ရှိသည်။ အရေးကြီးသည့် အစီအမံတစ်ခုမှာ အခြေခံ ဥပဒေပင်ဖြစ်သည်။ ထိုအခြေခံဥပဒေရှိ အရပ်ဘက်နှင့် စစ်ဘက်အကြား အခြေခံ လုပ်ပိုင်ခွင့်ကို ကြည့်ခြင်းအားဖြင့်လည်း စစ်တပ်အပေါ် အရပ်ဘက်မှ ထိန်းချုပ် နိုင်မှုရှိမရှိ ယေဘုယျ သိနိုင်သည်။ ဥပမာ၊ အခြေခံဥပဒေအရ တက်လာသည့် သမ္မတ သည် အလိုအလျောက် တပ်မတော် ကာချုပ်ရာထူးကို ရခြင်းမျိုး ဖြစ်သည်။

ကျွန်တော်တို့နိုင်ငံ၏ ၂၀၀၈ခြေဥရှိ စစ်ဘက်နှင့်ပတ်သက်၍ ပေးအပ်ထား သော လုပ်ပိုင်ခွင့်များကို လေ့လာကြည့် သောအခါတွင် ဒီမိုကရေစီ အနှစ်သာရနှင့် သွေဖည်လျက် စစ်တပ်ကို အထူးလုပ်ပိုင် ခွင့်များ ပေးထားလေသည်။ ထိုလုပ်ပိုင် ခွင့်များတွင် အများသိပြီးဖြစ်သည့်အတိုင်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင် ရေး စသည့် မဏ္ဍိုင်ကြီး (၃)ရပ်စလုံးတွင် ပြည်သူ့ရေးရာကိစ္စများကို ဝင်ရောက်စီ မံခွင့်များ ပါဝင်နေပေသည်။ အရပ်ဘက် သည် စစ်တပ်ကို ထိန်းချုပ်ထားနိုင်ရန် လည်း မဖြစ်နိုင်ပေ။ အဆိုးဆုံးမှာ စစ် တပ်၏သဘောတူညီချက်မရလျှင် အခြေ ခံဥပဒေကို ပြင်၍ မရခြင်းဖြစ်သည်။

၂၀၀၈ခြေဥကို အခြေခံ၍ ဖြစ်ပေါ် လာနိုင်သည့် နိုင်ငံရေးအခင်းအကျင်းကို ကြည့်လျှင် တစ်ဖက်တွင် နိုင်ငံရေးသီး ခြားအာဏာရထားသည့် အုပ်စု (စစ်တပ်)နှင့် အခြားတစ်ဖက်တွင် ပြည်သူတို့ရွေး ချယ်တင်မြှောက်သည့် အုပ်စု (အစိုးရ) တို့ ပေါ်လာသည်ဖြစ်ရာ ဂူတစ်ဂူတည်း တွင် ခြင်္သေ့နှစ်ကောင်အောင်းသလို ဖြစ် မည် ထင်သည်။ ထိုအုပ်စုနှစ်ခုပေါင်း၍ အစိုးရဖွဲ့ရမည်ဖြစ်ရာ ပေါ်လာမည့်အစိုးရ သည် အရပ်ဘက်စစ်ဘက်ရောနေသည့် အရောအစပ်အုပ်ချုပ်မှုပုံစံ/အစိုးရ hybrid regimeသာ ပေါ်လာမည်ဖြစ်သည်။

ထို့ကြောင့် ယခင် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက်တွင် ကော ယခုအစိုးရလက်ထက်တွင်ပါ ဒီမို ကရေစီနည်းကျ အရပ်ဘက်စစ်ဘက်ဆက် ဆံရေးမျိုးမရှိဟု ဆိုရပေမည်။ ပုဂ္ဂိုလ် ရေးနွှယ်သော ဆက်ဆံရေးမျိုးများသာ ရှိခဲ့သည်။ ဦးသိန်းစိန် အစိုးရလက်ထက် တွင် တပ်မတော်နှင့် ဆက်ဆံရေးမှာ ချော မွေ့ခဲ့သည်၊ ကောင်းမွန်ခဲ့သည်ဟု ဆို သည်ထက် သမ္မတဦးသိန်းစိန်ကိုယ်တိုင် နှင့် အစိုးရအဖွဲ့ဝင်အများစုမှာ တပ်မှ လာသူများဖြစ်ခြင်းကြောင့် ၎င်းအစိုးရ နှင့် စစ်တပ်သည် အသွင်အရသာ ကွဲပြီး စိတ်တူအကြံတူ ရည်ရွယ်ချက်တူသည့် အုပ်စုတစ်ခုတည်းအဖြစ် ရှုမြင်သင့်ပါ သည်။ ထိုသို့ရှုမြင်ကြည့်လျှင် တစ်ဖွဲ့ တည်းသားများအချင်းချင်း၌ ထူးသော ဆက်ဆံရေး (အစိုးရနှင့်တပ်အကြားအာ ဏာလွန်ဆွဲမှု)မျိုးမရှိဘဲ တပ်၏ထုံးစံအ တိုင်း အမိန့်အာဏာရိုကျိုးမှုနှင့်သွားခဲ့သည့်သဘောဟု မှန်းဆနိုင်သည်။

အစိုးရ သည်ပင်လျှင် ပွင့်လင်းမြင်သာမှု အား နည်းလွန်းသော ရွေးကောက်ပွဲနှင့် တက် လာပြီး အခြေခံဥပဒေကလည်း ဒီမိုက ရေစီစံနှင့် သွေဖည်ကာ တပ်အပေါ် လုပ် ပိုင်ခွင့်များ ပေးထားသည်ဖြစ်ရာ ၎င်းတို့ အကြား ဒီမိုကရေစီနည်းကျ အရပ်ဘက် စစ်ဘက်ဆက်ဆံရေး မရှိခဲ့ပေ။ ပညာရှင် အချို့က ဦးသိန်းစိန်အစိုးရကို စစ်တစ် ဝက်အစိုးရ (quasi-military gover-nment) ဟု ဆိုကြသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် လူထုထောက်ခံမှုအားကောင်းစွာဖြင့် ပြည်သူ့ကိုယ်စားလှယ်အများစု ရထား သည့် NLD ပါတီမှာ ဒီမိုကရေစီစံနှုန်း များကို လက်ကိုင်ပြုသော ပါတီဖြစ်ပြီး အစိုးရဖွဲ့နိုင်သည့် ဦးဆောင်ပါတီဖြစ် လာသည်။ သို့သော်လည်း ဆိုခဲ့ပြီးသည့် အတိုင်း ခြေဥအရ အစိုးရအဖွဲ့အတွင်းတွင် လည်းကောင်း၊ လွှတ်တော်အသီးသီးတွင် လည်းကောင်း အထူးလုပ်ပိုင်ခွင့်ရထား သော (ပြည်သူရွေးကောက်ထားသူများမဟုတ်သော) တပ်ဘက်မှ ပုဂ္ဂိုလ်များကို ပါဝင်ခွင့်၊ ပြည်သူ့ရေးရာ နိုင်ငံရေးဆုံးဖြတ်ချက်များချရာတွင် ဝင်ရောက်စီမံခွင့် ပေးထားရခြင်းတို့ကြောင့် အရပ်သားအစိုး ရ (Civilian government) ဟု ခေါ်ရန် ခက်ပေသည်။ အရောအစပ်အုပ်ချုပ်ရေး ပုံစံ/အစိုးရ (Hybrid regime) ဟုသာ ဆိုရပေမည်။ သို့ဖြစ်၍ ခြေဥအရ သီးခြား အာဏာရစစ်ဘက်ကို အရပ်ဘက်မှ ထိန်းချုပ်စီမံရန် မဖြစ်နိုင်ခြင်းကြောင့် ယခု အစိုးရလက်ထက်တွင်လည်း ဒီမိုကရေစီ နည်းကျ အရပ်ဘက်စစ်ဘက် ဆက်ဆံရေးမရှိဟု ဆိုရပြန်ပေမည်။

ပြည်သူ့ထောက်ခံမှုဖြင့် တက်လာသည့် အစိုးရသည် (အထူးသဖြင့် အစိုးရဖွဲ့ နိုင်သည့်ပါတီကြီးမှ) ၎င်းတို့၏ မူဝါဒ ရည်မှန်းချက်များကို အကောင်အထည် ဖော်မည်ဖြစ်ရာ ထိုမူဝါဒ ရည်မှန်းချက် များသည် စစ်ဘက်၏မူများ ရည်မှန်း ချက်များနှင့် မတူညီဆန့်ကျင်နေခြင်း၊ ၎င်းတို့အကျိုးစီးပွားကို ထိပါးခြင်းမျိုး ဖြစ်လေ့ရှိသည်။ ထိုအခါတွင် အားပြိုင်မှု၊ ပွတ်တိုက်များ ဖြစ်လာလေ့ရှိသည်။ ဤ နေရာတွင် အရပ်ဘက်ခေါင်းဆောင် များကော စစ်ဘက်ခေါင်းဆောင်များပါ အချင်းချင်း အပြန်အလှန်ညှိနှိုင်းခြင်း၊ အပေးအယူလုပ်ခြင်းများ ပြုလုပ်လေ့ရှိ သည်။ မြန်မာ့အခြေအနေအရမူ စစ်ဘက် သည် တစ်ပန်းသာနေသည့်အတွက် အရပ်ဘက်မှ ခေါင်းဆောင်များသည် စစ်ဘက်ကို သတိကြီးကြီးထား၍ ပါး နပ်စွာ ညှိနှိုင်းဆွေးနွေး အပေးအယူပြု လုပ် ရမည်ဖြစ်သည်။ ထိုကိစ္စကို ပါးပါး နပ်နပ် မကိုင်နိုင်လျှင်မူ အရပ်ဘက်ပုဂ္ဂိုလ် များသည် စစ်ဘက်၏ သဘောတူညီ လိုက်လျောမှုကို မရယုံတင်မက အကွက်ချ အသုံးခံရခြင်း၊ အလျှော့ပေးလိုက်ရ ခြင်းမျိုးကြုံကာ ဂုဏ်သိက္ခာများ ရေစုန် မျောရတတ်လေသည်။ အချို့က ထိုသို့ တစ်ဖက်နှင့်တစ်ဖက် ဉာဏ်ကစား အားပြိုင်သည့် အခြေအနေကို အာဏာ ကစားပွဲ(power game)ဟု မြင်ကြ သည်။ အချို့ကလည်း အမျိုးသား ရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးဟု ဆိုကြသည်။ အမြင် အမျိုးမျိုး ရှိကြပါသည်။

မည်သို့ပင်ဆိုစေ အရပ်ဘက်က စစ်ဘက်ကို ထိန်းချုပ်ထားနိုင်သော အခြေအနေတွင်ရှိသော ဒီမိုကရေစီ နည်းကျ အရပ်ဘက်စစ်ဘက် ဆက်ဆံ ရေးမျိုးဖြစ်လာအောင် ဝါစစ်တပ်ကို နိုင်ငံရေးနယ်ပယ်မှ ဆုတ်ခွာနိုင်အောင် ကြိုးပမ်းရာတွင် နှစ်ဖက်ခေါင်းဆောင် များ၏ ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေးက လည်း အရေးကြီးသလို စစ်ဘက်ကို ထိန်းချုပ်ထားနိုင်ရန် ဒီမိုက ရေစီစံကိုက် ယန္တရားစနစ်တည်ထောင်ရန် လည်း အရပ်ဘက်က နည်းလမ်းရှာဖွေကြိုး စားနေရမည်ဖြစ်ပါသည်။

ယနေ့မြန်မာ့နိုင်ငံရေး အခြေအနေ ကို ပြန်ကြည့်သည့်အခါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အရွေ့နှေးလာခြင်း၊ ပြည်တွင်း စစ်မီးကို မထိန်းနိုင်သေးခြင်း၊ ကာလုံ အစည်းအဝေးမခေါ်ခြင်း၊ အမျိုးသားလုံခြုံ ရေး အကြံပေးခန့်ခြင်း၊ ရခိုင်ပြဿနာ၊ NLD ထိပ်ပိုင်းတာဝန်ရှိသူနှင့် သတင်း မီဒီယာအချို့ကို တပ်မတော်မှ တရားစွဲခဲ့ ခြင်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ကာချုပ် အပေါ် မှတ်ချက်ပြုခြင်းကြောင့် ဖြစ်လာ သည့် ဆက်ဆံရေးအဖုအထစ်၊ ရပ်။ကျေး အုပ်ချုပ်ရေးမှူး ပြန်ရွေးခြင်း၊ ဗိုလ်ချုပ် ပုံဖြင့် ငွေစက္ကူအသစ်ထုတ်မည့်ကိစ္စ စသည့်ကိစ္စများစွာ၏ နောက်ကွယ်တွင် ကျွန်တော်တို့ ခရေစေ့တွင်းကျ မသိနိုင် သော အရပ်ဘက်စစ်ဘက် ထိပ်ပိုင်း ခေါင်း ဆောင်များ၏ ပုဂ္ဂိုလ်ရေးဆက်ဆံ ရေးများ၊ အပေးအယူညှိနှိုင်းမှုများ၊ ဉာဏ် ကစားမှုများ ရှိနေပေမည်။ ယခုနှစ်သစ် တွင်လည်း အရပ်ဘက်စစ်ဘက်ဆက်ဆံ ရေးအခြေအနေသည် စိတ်ဝင်တစား စောင့်ကြည့် လေ့လာဖွယ်တခုပင် ဖြစ်ပါ သည်။ အရပ်ဘက်ကစစ်ဘက်ကို စနစ် တကျ ထိန်းကျောင်းထားနိုင်သည့် အခြေ အနေ မျိုးဖြစ်ရမည့် ဒီမိုကရေစီနည်းကျ အရပ်ဘက် စစ်ဘက်ဆက်ဆံရေးမျိုး ဖြစ်လာဖို့ကတော့ အလှမ်းဝေးနေဦး မည် ဖြစ်သော်လည်း လက်ရှိအရပ်ဘက် ခေါင်းဆောင်များ၏ ဉာဏ်ပညာ ကြီးမှု က စစ်ဘက်ကို စနစ်တကျ ထိန်းနိုင်သွား မည်ဟု ယုံကြည်လျက်ပင် ဖြစ်ပါသည်။

ကိုးကား
-အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို ဒီမိုကရေစီနည်းကျ အရပ် ဘက်စစ်ဘက် ဆက်ဆံရေး ရှုထောင့်မှ လေ့လာကြည့်ခြင်း (တကောင်း နိုင်ငံရေး လေ့လာမှုအဖွဲ့ထုတ် စာတမ်းငယ်)
-ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)
Brany.Z (2010) the soldier and the changing state:building democratic armies in
Africa, Asia, Europe and America (pp26).Princeton,New Jersey. Princeton
University Press